ဆံပင်ကျွတ်ခြင်း ဆံပင်ဘာ့ကြောင့် ကျွတ်စေပါသလဲ။ ဖြစ်နိုင်တဲ့အကြောင်းအရင်း သီအိုရီများစွာရှိပါတယ်။ မျိုးရိုး၊ ဟော်မုန်း၊ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့မှု၊ အသက်အရွယ်၊ ဆေးဝါးစသည်ဖြင့် မာတိကာများစွာရှိတယ်။ အသက်အရွယ်ပေါ်လိုက်ပြီး အကြောင်းရင်း တခုနဲ့တခု မတူညီကြဘူး။ အမျိုးသမီးတွေဟာ အလှအပရေးရာ ကရိကထများသလို ပြုပြင်ပြောင်းလဲချင်တာကလည်း ထိပ်ဆုံးမှာရှိနေတယ်။ တကယ့် ပြုပြင်ပြောင်းလဲရေးသမားစစ်စစ်တွေလည်း ဖြစ်ပါတယ်။ ဆံပင်ကောက်တာ၊ဖြောင့်တာ၊ဆေးဆိုး၊ဆေးချွတ် ဒီကြားထဲ စိတ်ညစ်ညူးရင် ဆံပင်ကို ကိုင်ကြ၊ လိမ်ကြ၊ ဆွဲကြသေးတယ်။ အမျိုးသားတွေမှာတော့ အသက်ကြီးလာတဲ့အခါ ထိပ်ပြောင်တာ၊ထိပ်ကွက်တာမျိုး အဖြစ်များတယ်။ androgen ခေါ်တဲ့ အမျိုးသားဟော်မုန်းတမျိုးကြောင့်ပါ။ androgenic alopeciaလို့လည်း ခေါ်ပါတယ်။ အသက်(၄၀)အရွယ်တွေမှာ စတွေ့ရတယ်။ အမျိုးသမီးတွေကျတော့ အပျိုဝင်ပြီဆိုကတည်းက ဆံပင်ကျွတ်တာ၊ ဆံသားပါးတာ ရှိပါတယ်။ စိတ်ဖိစီးမှု၊သွေးသားအပြောင်းအလဲ အမျိုးသမီးတွေမှာ ပိုများတယ်။ chemical ဓာတုဆေးဝါးတွေ သုံးတာလဲ သူတို့ပဲ။ […]
Tinea capitis ဒက်ပေါက်ခြင်း Tinea Capitis (ဦးရေပြားမှိုစွဲခြင်း)ဆိုတာက ဦးရေပြားနဲ့ ဆံပင်အောက်ခြေအမြစ်ထိအောင် မှိုစွဲတဲ့ ကူးစက်ရောဂါ တစ်မျိုးဖြစ်တယ်။ မြန်မာတွေက ဒက်ပေါက်တယ်လို့ ဆိုကြတယ်။ ဒီရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဦးရေပြားမှိုစွဲခြင်းဟာ Dermatophyte မှိုမျိုးစိတ်ကြောင့် အဓိကဖြစ်ပေါ်တယ်။ လူအချင်းချင်း ရောဂါကူးစက်ကြတယ်။ ခေါင်းဘီး၊ ဆံသဆိုင်တွေမှာ ဆံညှပ်ကိရိယာနဲ့ ခေါင်းဘီးတွေ မျှဝေသုံးစွဲခြင်းကြောင့် ကူးစက်နိုင်တယ်။ ကြောင်၊ ခွေး စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကနေ ကူးစက်နိုင်တယ်။ မြေကြီးမှိုပိုးတွေကနေလည်း ကူးစက်နိုင်ပေမယ့် ရှားပါတယ်။ ရောဂါလက္ခဏာတွေဟာ မှိုအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်။ အကွက်လိုက်ဆံပင်ကျွတ်ခြင်းဟာ အဖြစ်အများဆုံးလက္ခဏာဖြစ်ပါတယ်။ ဆံပင်ကျွတ်တဲ့နေရာမှာ အမည်းစက်လေးတွေ (ဆံပင်အမြစ်တွေ) ကျန်နေတတ်ပါတယ်။ ဆံပင်ကျွတ်တဲ့နေရာဟာ ခပ်ဝိုင်းဝိုင်းပုံစံ ရှိပြီး နဂိုအရေပြားထက် နီရဲရောင်ရမ်းနေတတ်ပါတယ်။ မှိုစွဲတဲ့ ဦးရေပြားက အလွန်အမင်း […]
Kerion ဒက်ပြည်တည်နာ Kerion ဆိုတာ မှိုပိုးကြောင့်ဖြစ်တဲ့ ဦးရေပြားပြည်တည်နာတစ်ခုဖြစ်ပါတယ်။ မှိုပိုးကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဦးရေပြားထဲဝင်ရောက်နေတဲ့ မှိုပိုးကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ရာက ပြည်တည်နာတွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ Kerion အကျိတ်တွေဟာ ရောင်ရမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးလည်းဖြစ်တယ်။ Tinea Capitis (ဦးရေပြားမှိုစွဲခြင်း)ရဲ့ ပြင်းထန်တဲ့ ပြည်တည်နာ လက္ခဏာပုံစံတစ်ခုလည်းဖြစ်တယ်။ ဦးခေါင်းမှိုကျိတ်နာ (kerion)ဟာ Trichophyton နဲ့ Microsporum မျိုးစိတ်တွေကြောင့် အဓိကဖြစ်တယ်။ခေါင်းပတ်၊ ခေါင်းဘီး၊ ဆံပင်ညှပ်ကိရိယာများကနေ တစ်ဆင့် ကူးစက်နိုင်တယ်။ အိမ်မွေးတိရစ္ဆာန် (ကြောင်၊ ခွေး)တွေကတဆင့် ကူးစက်နိုင်ပါတယ်။ Kerion ဖြစ်တဲ့အခါ ဦးခေါင်းမှာ ရောင်ရမ်းတဲ့ အဖုကျိတ်တွေ စဖြစ်လာပါတယ်။ အဖုကျိတ်တွေဟာ တဖြည်းဖြည်း ကြီးထွားလာပြီး ပျော့ပျောင်းတဲ့ပြည်တည်နာတွေ ဖြစ်လာတတ်ပါတယ်။ အဖုကျိတ်ရဲ့ မျက်နှာပြင်မှာ ပြည်ထွက်နေတဲ့ အပေါက်ကလေးတွေ […]
Folliculitis decalvans




