လက်သည်းအစင်းကြောင်းပေါ်ခြင်း Onychorrhexis ဆိုတာ လက်သည်းခွံပေါ်မှာ အဖြူရောင် အစင်းကြောင်းတွေပေါ်ပြီး လက်သည်းကျိုးပဲ့လွယ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဒီလက်သည်းပြဿနာကရောဂါတစ်ခုမဟုတ်ဘဲ နောက်ခံအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ လက်သည်းပြောင်းလဲမှုတစ်ခုသာဖြစ်ပါတယ်။ Onychorrhexis ဆိုတာ ဘာလဲ? Onycho (လက်သည်း) rrhexis (ကွဲအက်ခြင်း) လို့ အဓိပ္ပါယ်ရတယ်။ ဒီရောဂါဖြစ်ရင် လက်သည်းမှာ အလျှားလိုက် အဖြူရောင်အစင်းကြောင်း (Longitudinal ridging), လက်သည်း အလျှားလိုက် ကွဲထွက်ခြင်း (longitudinal splitting)နဲ့ လက်သည်းကျွတ်ဆတ်ခြင်း (brittle nail)စတဲ့ အဓိကလက္ခဏာသုံးမျိုး တွေ့ရပါတယ်။ တစ်ခါတစ်ရံ အစင်းကြောင်းတွေက ခပ်သေးသေးလေးဖြစ်နိုင်သလို သိသိသာသာနက်လာတဲ့အခါလက်သည်းအစွန်းတွေမှာ အရှည်လိုက်ကွဲထွက်ခြင်း ဖြစ်နိုင်ပါတယ်။ Onychorrhexis ရှိရင် လက်သည်းအရင်းကနေ အဖျားအထိ အရှည်လိုက် အစင်းကြောင်းတွေ ပေါ်လာပါတယ်။ လက်သည်းက ပုံမှန်ထက် ကြွပ်ဆတ်ပြီး ကျိုးလွယ်ပဲ့လွယ်လာတယ်။ ကြာလာတာနဲ့အမျှ […]
လက်သည်းပုံပျက်ခြင်း Trachyonychia ဆိုတာ nail plate လက်သည်းခွံမှာ အဖြူစင်းကြောင်း လှိုင်းတွန့်တွေ ပေါ်လာပြီး လက်သည်းတခုလုံး ပုံပျက်တဲ့ nail dystrophy အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ Trachyonychia ဆိုတဲ့စကားလုံးမှာ Trachy (ကြမ်းတမ်းတဲ့) onychia (လက်သည်း ပြဿနာ)ကို ကိုယ်စားပြုတယ်။ အဓိကလက္ခဏာတွေက လက်သည်းမှာ အလျားလိုက် အစင်းကြောင်းများ(Longitudinal ridging) စတင်ပေါ်လာပါတယ်။ လက်သည်းခွံမျက်နှာပြင်ဟာ ကြမ်းတမ်းပြီး သဲစက္ကူလို ဖြစ်လာတယ်။ လက်သည်းက ပုံမှန်လို ကြည်လင်မနေတော့ဘဲ လက်သည်းမှိုတက်သလို ကြည့်ရဆိုးလာပါတယ်။ ကြာတာနဲ့အမျှ လက်သည်းက ပိုမိုကျိုးလွယ်၊ ပဲ့လွယ်လာနိုင်ပါတယ်။တခါတရံ လက်သည်းပေါ်အပေါက်သေးသေးလေးတွေ (pitting) တွေ တွေ့ရနိုင်ပါတယ်။ တချို့မှာ လက်သည်းအလွှာလိုက် ပဲ့ထွက်တာ(Splintering)မျိုးလည်း ဖြစ်နိုင်ပါတယ်။ Trachyonychia ဟာ လက်သည်းတစ်ချောင်းတည်း ဖြစ်နိုင်သလို လက်သည်းအများအပြားမှာလည်း ဖြစ်နိုင်ပါတယ်။လက်သည်း၊ခြေသည်း […]
Koilonychia (ဇွန်းပုံစံ လက်သည်း) ပုံမှန်လက်သည်းတွေဟာ ခပ်ဖောင်းဖောင်းရှိပေမယ့် Koilonychia ဆိုတာ ဇွန်းပုံစံ ချိုင့်ဝင်နေတဲ့ လက်သည်း၊ခြေသည်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ လက်သည်း၊ခြေသည်းတွေဟာ ပုံမှန်အားဖြင့် ထူထပ်နေပေမယ့် Koilonychia မှာတော့ လက်သည်းလွှာ ပါးပြီး လက်သည်းတွေဟာ အတွင်းဖက်မျက်နှာပြင်မှာ ချိုင့်ဝင်နေတတ်ပါတယ်။ ဂရိဘာသာစကားက ဆင်းသက်လာပြီး koilos ဆိုတာ ချိုင့်ဝင်တာ၊ချောင်ကျတာကို ဆိုလိုပြီး onikh(အိုးနစ်)ဆိုတာ လက်သည်း၊ခြေသည်းကို ကိုယ်စားပြုပါတယ်။ Koilonychiaဟာ များသောအားဖြင့် အာဟာရဓာတ်၊ သတ္တုဓာတ်ချို့တဲ့တာနဲ့ သက်ဆိုင်တတ်ပါတယ်။ သံဓာတ်၊ ဗီတာမင် ဘီအုပ်စုဝင်တွေအပြင် ပရိုတင်း စတဲ့ဓာတ်တွေ ချို့တဲ့မှုကြောင့် ဖြစ်နိုင်တယ်။ လက်သည်းဆိုးဆေးနဲ့ထိတွေ့မှုများသူတွေမှာ ဖြစ်တတ်တယ်။ တခါတရံ ခန္ဓာကိုယ်တွင်းရောဂါတွေကြောင့်လည်း ဒီလိုပြဿနာမျိုး ဖြစ်တတ်ပါတယ်။ သန်ကောင်၊ haemochromatosis၊ lupus (ခုခံအားရောဂါ)၊ သွေးလျှောက်အားနည်းတာနဲ့ သွေးပျစ်ရောဂါ အခံရှိသူတွေမှာ […]
ခြေသည်းမှိုပိုးဝင်ခြင်း ခြေသည်း၊လက်သည်း ပြဿနာမှာ အဖြစ်များဆုံးက မှိုပိုးဝင်တာ ဖြစ်ပါတယ်။ ဆေးပညာမှာ onychomycosis လို့ခေါ်ပါတယ်။ မှိုပိုးလက္ခဏာတွေက ခြေသည်း ထူတာ၊ ကျွတ်ဆတ်တာနဲ့ အရောင်ပြောင်းတာ ဖြစ်တယ်။ မှိုဝင်တဲ့ခြေသည်း၊လက်သည်းက ခပ်ဖြူဖြူ (သို့) ဝါညစ်ညစ်အရောင် ရှိတယ်။ခြေသည်းခွံမှာ အပေါက်လေးတွေ တွေ့နိုင်တယ်။ အနံ့အသက်မကောင်းတာ ရှိနိုင်တယ်။ အထူးသဖြင့် စိုစွတ်တဲ့ ပတ်ဝန်းကျင် (သို့) ရေထဲမှာ ကြာရှည်အလုပ်လုပ်ရသူတွေ ဒီလိုပြဿနာမျိုး တွေ့ရတယ်။ ရေနဲ့ ထိတွေ့မှုများတာ၊ချွေးထွက်များတာ၊ခြေထောက်သန့်ရှင်းမှုအားနည်းတာတွေက အဖြစ်များတယ်။ နောက်တချက်က သွေးလျှောက်အားနည်းတဲ့အခါလည်း ဖြစ်နိုင်တယ်။အထူးသဖြင့် ဆီးချိုရောဂါရှိတဲ့အခါ အဖြစ်များသလို ပျောက်ကင်းဖို့ အချိန်ယူရတယ်။ ကုသနည်း ခြေသည်း၊ လက်သည်းတွေကို ခြောက်သွေ့အောင် ထားသင့်ပါတယ်။ရေနဲ့ တတ်နိုင်သမျှ မထိစေနဲ့။ သောက်ဆေးထဲမှာ မှိုပိုးသတ်ဆေး သောက်ရမယ်။ itraconazole 100mg တနေ့ နှစ်ကြိမ် ၂ပတ်၊ ပြီးရင် တနေ့ တကြိမ် တလဆက်သောက်ပါ။ အနည်းဆုံး ၆-၁၂ ပတ်ကြာ သောက်ဖို့လိုပါတယ်။ လက်သည်းထက်စာရင် ခြေသည်းတွေမှာ ပိုကြာကြာပေးဖို့ လိုပါတယ်။ တခြားဆေးတွေထဲမှာ fluconazole သို့ terbinafine စတဲ့ဆေးတွေလည်း သောက်လို့ရတယ်။ ခြေသည်းမှိုအတွက် သောက်ဆေးတင်မက လိမ်းဆေးလိမ်းဖို့ လိုပါမယ်။ terbinafine (သို့) tolnaftate လိမ်းဆေး တနေ့ သုံးကြိမ် တပတ် ဖြစ်တဲ့နေရာမှာ လိမ်းပါ။ နည်းနည်းသက်သာရင် တနေ့ နှစ်ကြိမ် ၃ပတ် ဆက်လိမ်းပါ။ အစိုဓာတ်ထိန်းဖို့ ငါးကြီးဆီ တနေ့ ၂ကြိမ်သောက်ပါ။ ခြေသည်းခြောက်နေတယ်ထင်ရင် သံလွင်ဆီ လိမ်းပေးနိုင်တယ်။ မှိုပိုးသဘောက အထဲအတွင်းပိုင်းထိ လှိုက်စားတတ်တယ်။ ဒါ့ကြောင့် နောက်ထွက်မယ့်ခြေသည်းကိုဂရုစိုက်သင့်တယ်။ ဖြစ်နေတဲ့ခြေသည်းကို ပုံမှန်လေး ညှပ်ပါ။ သေချာကုသရင် နောက်ထွက်လာတဲ့ခြေသည်းတွေပုံမှန်အတိုင်း ဖြစ်လာလိမ့်မယ်။ အကြံပြုချက် (၁) ဓာတုဆေး၊ ဆပ်ပြာနဲ့ ရေ တတ်နိုင်သမျှ မထိပါနဲ့။ ခြေသည်းလက်သည်း ပုံမှန်ညှပ်ပါ။ (၂) လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ဖိနပ်မျိုး ပြောင်းစီးပါ။ ဘွတ်ဖိနပ်ထိပ်ပိတ်တွေက မှိုပိုးကို ပိုပွါးစေတယ်။ (၃) လေ့ကျင့်ခန်းလုပ်စဉ် ချွေးထွက်များလျှင် ဖိနပ်ကို ၂ရက်တစ်ခါ ပြောင်းစီးပါ။ အထူးသဖြင့် ခြေအိတ်ဝတ်သူများ ခြေအိတ်မကြာခဏပြောင်းဝတ်ပါ။ (၄) ခြေသည်း၊လက်သည်းကို ရေနှင့် မကြာခဏ ထိတွေ့မှုမှ ရှောင်ကြဉ်ပါ။ (၅) ခြေဆီ လက်ဆီအထွက်များသူများအနေဖြင့် မှိုပိုးသတ်ဆေးမှုန့်ကို မကြာခဏအသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အိမ်သုံးနည်း ဆေးရုံ၊ဆေးခန်းနဲ့ ဝေးသူအတွက် အိမ်သုံးနည်းလည်း ရှိပါတယ်။ အိမ်သုံး ရှာလကာရည်ဟာ မှိုသတ်ဆေးတစ်မျိုးဖြစ်တာကြောင့် မှိုပိုးဝင်တဲ့ခြေချောင်းတွေအတွက် အသုံးဝင်တယ်။ အထဲမှာပါတဲ့ acetic acid ကို ရေနှင့်ဆတူရောစပ်အသုံးပြုနိုင်ပြီး မှိုပိုးရှိတဲ့ ခြေသည်းတွေကို သန့်စင်စေရုံမက အခြားခြေချောင်းတွေကို ရောဂါမကူးစက်အောင် ဟန့်တားပေးနိုင်တယ်။ ခြေထောက်ကို ရေနွေးနဲ့ ရှာလကာရည် ဆတူရောထားတဲ့ အရည်ထဲကို နေ့စဉ် မိနစ်(၂၀) လောက် စိမ်ပေးပါ။ ပြီးရင် သန့်စင်တဲ့အဝတ်နဲ့ သေချာသုတ်ပေးပါ။ အထက်ပါအတိုင်း ၁-၃လကြာလုပ်ပေးခြင်းဖြင့် မှိုကြောင့် ခြေသည်းလက်သည်း ပျက်ဆီးမှုကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါရှာဖွေကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။




