Open 9:00-12:00 AM
+95 92051590

Eruptive vellus hair cysts

24 Nov, 2021 | No Comments

Eruptive vellus hair cysts

Vellus hair cysts ဆိုတာ မွေးညင်းနုပိတ်ဆို့ရာက ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မွေးညင်းနု အဖုငယ်လေးတွေကို ခေါ်ပါတယ်။ vellus hair ဆိုတာ မွှေးညင်းနုတွေ ဖြစ်ပါတယ်။ ခြေမွေး၊ လက်မွေး၊ မျက်နှာမွေး စသည်တွေဟာ vellus hair အမျိုးအစား ဖြစ်ကြပါတယ်။ terminal hair ဆိုတာ မည်းနက်ရှည်လျားပြီး ကြမ်းတမ်းတဲ့ အမွေးမျှင်တွေကို ခေါ်ပါတယ်။ ဆံပင်၊ နှုတ်ခမ်းမွေး၊ ဂျိုင်းမွေး၊ ဆီးခုံမွေးတွေဟာ terminal hair အမျိုးအစားမှာပါတယ်။ မွေးညင်းဖု (vellus hair cyst)ကို လေ့လာကြည့်တဲ့အခါ keratin တစ်ရှူးတွေ၊ vellus hair မွေးညင်းနုတွေ စုဖွဲ့ထားတာ တွေ့ရတယ်။

ဘာ့ကြောင့်ဖြစ်လဲ

မွေးညင်းပေါက် အလယ်ပိုင်း (infundibulum) ပိတ်ဆို့ခြင်းကြောင့် vellus hair cyst တွေ ဖြစ်ပေါ်လာပါတယ်။ ပိတ်ဆို့ရာက မွေးညင်းအိတ်ဖောင်းလာပြီး အမွေးထွက်တဲ့နေရာက သိမ်ဝင်သွားပါတယ်။ keratin 17 (K17) mutation မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်တတ်ပါတယ်။ vellus hair cysts တွေဟာ မျိုးရိုးလိုက်တတ်ပြီး ကြီးထွားစအရွယ် ကလေးတွေမှာ အဓိကတွေ့ရတယ်။ လူပျို၊အပျိုဝင်စ အရွယ်တွေ အဖြစ်များပြီး ဟော်မုန်းပြောင်းလဲမှုနဲ့ သက်ဆိုင်တတ်ပါတယ်။

ပုံမှန်အားဖြင့် အသားရောင် (သို့) နီညိုရောင် အဖုငယ်လေးတွေ ကလေးရဲ့ ရင်ဘတ်မှာတွေ့ရရင် vellus hair cysts တွေ ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် ခုံးနေတဲ့ဖုရဲ့ အလယ်ပိုင်းက ချိုင့်နေတတ်တယ်။ အရေအတွက် ဆယ်ဂဏာန်းကနေ ရာဂဏာန်းထိ ရှိနိုင်ပါတယ်။အသက်အရွယ်၊ ဖြစ်တဲ့နေရာ၊ အသက်အရွယ်၊ အဖုပုံပန်းသဏ္ဌာ စတဲ့လက္ခဏာတွေ ကြည့်ပြီး ခွဲခြားနိုင်တယ်။ ရင်ဘတ်မှာဖြစ်တတ်တဲ့ epidedmoid cyst၊ steatocystoma multiplex စတာတွေနဲ့ ဆင်တူတယ်။ တခါတရံ keratosis pilaris၊ folliculitis ရောဂါတွေနဲ့ မှားယွင်းတတ်တယ်။မသေချာရင် အသားစယူစစ်ဆေးကြည့်နိုင်ပါတယ်။ 

မွေးညင်းဖုတွေ ကုသတဲ့အခါ tretinoin, salicylic acid ၊ urea စတဲ့ လိမ်းဆေးတွေ ပေးနိုင်ပါတယ်။ အဆီထုတ်လုပ်မှု လျှော့နည်းစေတဲ့ isotretinoin နဲ့ acitretin သောက်ဆေးတွေ ပေးနိုင်တယ်။ လိုအပ်ရင် excision, curettage, cryotherapy စတဲ့နည်းတွေအပြင် လေဆာပစ်ပြီး ဖျက်ဆီးလို့လည်းရပါတယ်။ မွေးညင်းဖု (vellus hair cysts)အများစုဟာ လူကို ဒုက္ခမပေးတာကြောင့် ပုံမှန်အားဖြင့် ကုသဖို့ မလိုအပ်ပါဘူး။ ဒါ့ပြင် ကလေးငယ်တွေရဲ့ ၄ပုံ၁ပုံဟာ ကုသမှုမလိုဘဲ အလိုလို ပျောက်ကင်းနိုင်ပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews