Open 9:00-12:00 AM
+95 92051590

Category Archive : Novel

(၁) ချန်ဂီလေဆိပ်။ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသော လူအရောင်အသွေးမျိုးစုံကိုကြည့်ရင်း သက်လွင်စိတ်ထဲ ရှုပ်ထွေးနေမိသည်။ ရှုပ်ရသည့်အကြောင်းကလည်း ကိုယ့်ကိစ္စကြောင့် မဟုတ်။ သိပ်ချစ်ရသည့် ချစ်သူ မျိုးမျိုး၏ မိခင်ဖြစ်သူ ရောဂါအခြေနေကြောင့်ပါ။ မျိုးမျိုးနှင့် လက်ထပ်ဖို့ စီစဉ်ခဲ့တာ လွန်ခဲ့တဲ့ ခြောက်လလောက် ကတည်းကပါ။ ဖြစ်ချင်တော့ လက်ထပ်ဖို့စီစဉ်ကတည်းက မျိုးမျိုး မိခင်က နေမကောင်းသဖြင့် ဆေးရုံတက်လိုက်၊ ဆင်းလိုက်နှင့်မို့ အချိန်တွေ နေ့ရွေ့ညရွေ့ ရွေ့ခဲ့ရသည်။ နောက်ဆုံး အဖြေတွေ့မယ့် တွေ့တော့ အသည်း ကင်ဆာတဲ့။ နောက်ဆုံးအဆင့်တဲ့။ မြန်မာပြည်က ဆရာဝန်တွေ လက်လျှော့လိုက်ပြီဆိုတော့ထုံးစံအတိုင်း ပတ်ဝန်းကျင်နိုင်ငံတွေကို မျက်စောင်းထိုးရသည်။ မျိုးမျိုးကတော့ ဘန်ကောက်ထက် ကျန်းမာရေးအဆင့်အတန်းပိုမြင့်သော စင်္ကာပူဆေးရုံတွေမှာ မိခင်ဖြစ်သူကို ဆက်ကုဖို့ ဆရာဝန်ဖြစ်သော သူ့ကို အကူညီတောင်း၏။ “မျိုး မေမေ့ကို ရသလောက်ကုပေးချင်တယ် ကိုယ်ရယ်..ဒီတခုတော့ […]

(၁) “ဘာလဲဟ ကြောင်လှချည်လား” ကြွေရုပ်လေးလို ဝင်းမွတ်လှပနေသော မျက်နှာလေးနှင့်မလိုက်ဖက်စွာမျက်မှောင်ကိုကျုံ့ရင်း သူ့အပေါ် အထင်သေးသလို မျက်လုံးမျိုးနှင့်ကြည့်သည်။ ဆေးကျောင်းတက်စကတည်းက ကျောင်းတွင်ရုပ်ရည်ချောမောမှုကြောင့်နာမညျကွီးသူပီပီ ဒီလိုရည်းစားစာလာပေးတာမျိုးက သူ့အတွက်အထူးအဆန်းမဟုတ်ပေမယ့် လာပေးသည့်အနှီပုဂ္ဂိုလ်က အသားအရောင် မွဲခြောက်ခြောက် ပိန်ပိန်ပါးပါး ညှင်းသိုးသိုးနှင့်အထင်ကြီးစရာတကွက်မှမရှိ။ပိုအထင်သေးစရာကောင်းနေသည်က ဤအညာသားပုံစံဆေးကျောင်းသားလေးသည် သူတို့နှင့်တတန်းထဲဖြစ်နေရုံကသာမန်မိသားစုမှပေါက်ဖွားလာသည့် အညတရတယောက် ဖြစ်နေခြင်းကို သိနေ၍ပါ။ မျက်စိရှေ့ရောက်လာသည့်ရည်စားစာကို လက်နှင့် ဆတ်ခနဲ ပုတ်ချပြီး“တောက်..အမဲရိုးနှယ် ဟင်းအိုးမှအားမနာ…”ဟု ခပ်နာနာပြောရင်းသူငယ်ချင်းလက်ကို ဆွဲကာ ထွက်ခွာသွားသော အဆိုပါမိန်းကလေး၏ ကျောပြင်ကိုငေးကြည့်ရင်း တယောက်တည်းငူငူကြီး ကျန်ရစ်ခဲ့လေသည်။ ဒီကြားထဲ သူ့သူငယ်ချင်းဖြစ်သူထံမှ “အေးလေ ကိုယ့်ရုပ်ကိ်ုယ်မှ အားမနာ”ဟုမကြားတကြားရေရွတ်သံကိုလည်း ထူပူရှက်ရွံနေသည့်ကြားမှ ကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။ (၂) ရှိန်းရှိန်းတောက်ပူပြင်းနေသော နေရောင်အောက်တွင် အချိန်မည်မျှကြာအောင်ရပ်တန့်နေမိမှန်းမသိ။သူ့ရှေ့ကျလာသော အရိပ်တခုမြင်မှ သတိဝင်လာသည်။ “ဘာလဲ..နန်းဦးဝေက ငြင်းလိုက်ပြန်ပြီမဟုတ်လား ပိုင်စိုး” အတန်းဖော် သူငယ်ချင်းဖြစ်သူ ဖြိုးဝေဝင်းစကားကြောင့် ခေါင်းကို […]

(၁) ပိတောက်..။ပိတောက်ဆိုတာမျိုးက တနှစ်လျှင်တခါသာ ပွင့်သည်။ ပွင့်ပြီးလျှင်ဝေသည်။  ဝေလျှင်လည်း ခဏပါပဲ။ နောက်ဆုံး ကြွေရတာပဲမလား။ ပိတောက်နှင့်ပက်သတ်ပြီး သူ့ခံစားချက်တို့ကလည်း ထိုသို့နှယ်ပင်။ ဟိုးတချိန်တုန်းကတော့သူ့နှလုံးသားတွင် ပိတောက်တို့ ပင်လုံးကျွတ်မျှ ဖူးပွင့်ခဲ့ဖူးသည်၊ ဝေဆာခဲ့ဖူးသည်။  နောက်ဆုံးကျပြန်တော့ ပိတောက်ကတော့ ပိတောက်လိုပါပင်။ ပိတောက်နှင့် ပက်သတ်ပြီးဘဝတွင် နင့်နင့်သီးသီး ခံစားခဲ့ရသည့် လူငယ်လေးတဦး ရှိခဲ့ဖူးပါသည်။ သူ့နာမည်လေးက သွန်းခတဲ့။ (၂) အဲဒီအချိန်ကတော့ သွန်းခဆိုတာ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း(ခ)တက်နေဆဲကျောင်းသားလေးတဦးပါ။ စာမေးပွဲတိုင်းလိုလို နှစ်စဉ်အောင်ဖို့ပင် မနည်းကြိုးစားနေရသူ၊ အတန်းစာမေးပွဲတွင် ဘယ်တော့မှရှောရှောရှုရှုမအောင်မြင်ဘဲ နောက်တကြိမ်ထပ်ဖြေမှ အမြဲအောင်တတ်သည်မို့ မိဘတွေကအမြဲစိတ်ပူရသည့် ပေပေတေတေ သားလေးတစ်ယောက်၊ ထိုအချိန်တွင်ပင် ပိတောက်ငြိမ်ဆိုသည့် မိန်းကလေးတဦး သူ့ဘဝထဲ ဝင်ရောက်လာခဲ့ပါသည်။“သွန်းခ ဆိုတာ မင်းလား”“ဟုတ်ပါတယ်”တိုက်ခန်း အဝင် တံခါးဝမှ ထွက်ပေါ်လာသည့် အေးဆေးတည်ငြိမ်သောအသံကြောင့် အံ့အားသင့်သွားမိသည်။ […]