Open 9:00-12:00 AM
+95 92051590

Tag Archive : Granuloma

9 Nov, 2021 | No Comments

Lupus pernio

Pyogenic granuloma သွေးစုကျိတ်နာ သွေးစုကျိတ်နာ (Pyogenic granuloma) ဆိုတာ ဆံခြည်မျှင်သွေးကြောတွေ စုစည်းရာက ဖြစ်လာတဲ့ အနာကျိတ်တစ်မျိုး ဖြစ်ပါတယ်။ pyogenic ဆိုပေမယ့် ရောဂါပိုးမွှားကြောင့် မဟုတ်ဘဲ အရေပြားကဖြစ်လာတဲ့ စက်လုံးပုံစံ သွေးစုကျိတ် (capillary haemangioma)အနာတစ်မျိုးသာ ဖြစ်ပါတယ်။ သွေးစုကျိတ်တစ်မျိုးဖြစ်လို့ ချယ်ရီရောင်၊ ပန်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်ဖြစ်လဲ သေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ချေသီအိုရီတွေတော့ ရှိပါတယ်။ သာမန်အရေပြားထိခိုက်မိတာ၊ မကြာခဏပွတ်တိုက်မိရာကနေ သွေးစုကျိတ်တွေ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ ဖြစ်ရင်ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်။ ပိုးမွှားတွေထဲမှာ Staphylococcus aureus ပိုးမွှားတွေကြောင့် ဖြစ်နိုင်တယ်။ တခါတရံ သောက်ဆေးတွေနဲ့ သက်ဆိုင်တတ်တယ်။ HIV ဆေး၊ ကင်ဆာဆေး၊ retinoid သောက်ဆေး၊ ခုခံအားကျဆင်းစေတဲ့ဆေးဝါးတွေကနေ ဖြစ်တတ်တယ်။  သွေးစုကျိတ်နာဖြစ်စမှာ နာကျင်ကိုက်ခဲမှုမရှိတဲ့ […]

Cutaneous sarcoidosis (အရေပြားသွေးဖြူဆဲလ် ခဲခြင်း)ဟာ sarcoidosis ရောဂါတွေထဲမှာ အတွေ့များတဲ့ ပုံစံတစ်ခုဖြစ်တယ်။ Sarcoidosis ဆိုတာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ခုခံအားဆဲလ်တွေ စုပြုံရာက ဖြစ်တဲ့ sarcoidal granulomas အလုံးအကျိတ်ရောဂါတွေကို ခေါ်ပါတယ်။ sarcoidal ဆိုတာ ချီးစ်လို ပျော့ပြဲပြဲမနေဘဲ ခပ်မာမာအဖုအကျိတ်တွေကို ခေါ်ပါတယ်။ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလည်း ပူးတွဲ တွေ့ရတတ်ပြီး ဒါကို systemic sarcoidosis ခေါ်ပါတယ်။ အရေပြားအတွင်းပိုင်းမှာဖြစ်ရင် cutaneous sarcoidosis, အဆုတ်မှာဖြစ်ရင် lung sarcoidosis စသည်ဖြင့် အမျိုးမျိုးခေါ်ကြတယ်။ ဒီဆောင်းပါးမှာ အရေပြားရောဂါဖြစ်တဲ့ cutaneous sarcoidosis အရေပြားအကျိတ်ကိုပဲ ဦးစားပေး ဖော်ပြပါမယ်။ ဘာ့ကြောင့်ဖြစ်လဲ ဒီအရေပြားရောဂါ ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရသေးဘူး။သို့သော် ခုခံအားဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အရေပြားအတွင်းပိုင်း အကျိတ်ဖြစ်ပေါ်လာတယ်လို့ […]