Open 9:00-12:00 AM
+95 92051590

Category Archive : Sarcoidosis

9 Nov, 2021 | No Comments

Lupus pernio

Lupus pernio ခရမ်းရောင်ကျိတ်ဖုလေးများ Sarcoidosis ရောဂါဟာ အသက်ရှူလမ်းကြောင်း၊ အဆုတ်နဲ့ ပြန်ရည်ကျိတ်တွေအပါအဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ အလုံးအကျိတ်ငယ်လေးတွေ (Granulomas) ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ Lupus Pernio ဟာ နာတာရှည် ရောဂါဖြစ်တဲ့ Sarcoidosis ရဲ့ အရေပြားလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသက် ၂၀-၄၀ကြား အမျိုးသမီးတွေမှာ တွေ့ရတတ်တယ်။  · “Lupus” ဆိုတာ ဝံပုလွေကုတ်နာနဲ့ ဆင်တူတဲ့ အရေပြားရောဂါတွေကို ဆိုလိုတယ်။ “Pernio” ကတော့ ချမ်းအေးလွန်းတဲ့အခါ အရေပြားအရောင်ပြောင်းလဲတဲ့ “ချမ်းကိုက်ဒဏ်ရာ” (chilblains) ရဲ့ ပုံစံနဲ့ ဆင်တူလို့ဖြစ်ပါတယ်။ granuloma တွေဟာ နာတာရှည်ရောင်ရမ်းခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ macrophages (သန့်ရှင်းရေးဆဲလ်) နဲ့ lymphocytes သွေးဖြူဆဲလ်တွေ စုပေါင်းထားတဲ့ အစိုင်အခဲကျိတ်တွေဖြစ်ပါတယ်။ Lupus Pernio […]

Cutaneous sarcoidosis (အရေပြားသွေးဖြူဆဲလ် ခဲခြင်း)ဟာ sarcoidosis ရောဂါတွေထဲမှာ အတွေ့များတဲ့ ပုံစံတစ်ခုဖြစ်တယ်။ Sarcoidosis ဆိုတာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ခုခံအားဆဲလ်တွေ စုပြုံရာက ဖြစ်တဲ့ sarcoidal granulomas အလုံးအကျိတ်ရောဂါတွေကို ခေါ်ပါတယ်။ sarcoidal ဆိုတာ ချီးစ်လို ပျော့ပြဲပြဲမနေဘဲ ခပ်မာမာအဖုအကျိတ်တွေကို ခေါ်ပါတယ်။ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလည်း ပူးတွဲ တွေ့ရတတ်ပြီး ဒါကို systemic sarcoidosis ခေါ်ပါတယ်။ အရေပြားအတွင်းပိုင်းမှာဖြစ်ရင် cutaneous sarcoidosis, အဆုတ်မှာဖြစ်ရင် lung sarcoidosis စသည်ဖြင့် အမျိုးမျိုးခေါ်ကြတယ်။ ဒီဆောင်းပါးမှာ အရေပြားရောဂါဖြစ်တဲ့ cutaneous sarcoidosis အရေပြားအကျိတ်ကိုပဲ ဦးစားပေး ဖော်ပြပါမယ်။ ဘာ့ကြောင့်ဖြစ်လဲ ဒီအရေပြားရောဂါ ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရသေးဘူး။သို့သော် ခုခံအားဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အရေပြားအတွင်းပိုင်း အကျိတ်ဖြစ်ပေါ်လာတယ်လို့ […]