မျက်ခမ်းအောက် အဆီဖုလေးများ မျက်ခမ်းအောက်က အဆီဖုကို millia လို့ခေါ်တယ်။ နောက်ထပ် milk spot(သို့) oil seed လို့လည်း ခေါ်ပါသေးတယ်။ပြည်ဖုလိုလို၊ အဆီဖုလိုလို အိတ်သေးသေးလေးတွေဟာ millia တွေ ဖြစ်ပါတယ်။ အရေပြားအောက်မှာ ကရာတင် အရေပြားပရိုတင်း (keratin)နဲ့ ဆဲလ်သေတွေ အထပ်ထပ်ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ တနည်းအားဖြင့် မွှေးညှင်းအိတ်ရဲ့ အောက်ဆုံးအခြေပိတ်ဆို့သွားတာပါ။ ဒါ့ကြောင့် ကုရခက်တယ်။ မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။ syringoma နဲ့လည်း မတူဘူး။ ဝက်ခြံနဲ့ မတူတာက ရောင်ရမ်းတာ၊ ပိုးဝင်တာမရှိဘူး။ အောက်လွှာမှာ ကရာတင်ပရိုတင်း အထပ်ထပ်ပိတ်နေတာဖြစ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်။ သီအိုရီအရ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် Milia ရှိသူဟာ ကိုလက်စတောချဖို့ လိုအပ်ပါတယ်။ ဖြစ်စေနိုင်သည့်အကြောင်းရင်းများ -မျိုးရိုးလိုက်ခြင်း -အဆီများခြင်း -နေလောင်ခြင်း -ချွေးပေါက်ပိတ်စေတဲ့ skin careတွေကြောင့် ဖြစ်စေနိုင်တယ်။ miliaဆိုတာ စိတ်ဒုက္ခလည်း ပေး၊ကုသရလည်း ခက်တဲ့ အရေပြားရောဂါ မျိုးပါ။ကုသနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှိပေမယ့် ဘေးထွက်ဆိုးကျိုးကို ပြန်ချိန်ရတယ်။ ခွဲစိတ်နည်း၊ အပေါ်ယံအရေပြားခွါနည်း၊ လိမ်းဆေး (သို့မဟုတ်) လေဆာ တမျိုးမျိုးနဲ့ ကုသနိုင်တယ်။ ဘယ်နည်းနဲ့ သင့်တော်မလဲ ကုသတဲ့ ဆရာဝန်က ဆုံးဖြတ်ချက် ပေးရတယ်။ အမည်းစက်ထင်ကျန်နိုင်တယ်။ ကုသနည်း လိမ်းဆေးထဲမှာ salicylic acid (သို့) glycolic acid သုံးနိုင်တယ်။ chemical […]
Acne vulgaris ဆိုတာ အဖြစ်များတဲ့ ဝက်ခြံနာ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ acne ဆိုတာ ဝက်ခြံ၊ vulgaris ဆိုတာ အဖြစ်များတဲ့ ပုံစံကို ပြောတာဖြစ်ပါတယ်။ acne vulgaris ဟာ လက္ခဏာရပ်တွေထက် ရောဂါကို ကိုယ်စားပြုတယ်။ ဒီအဖြစ်များတဲ့ဝက်ခြံ(acne vulgaris)မှာ whiteheads, blackheads, papules, pustules, cysts နဲ့ nodules စသည်ဖြင့် ဝက်ခြံအမျိုးအစားပေါင်းများစွာ တပြိုင်နက် ဖြစ်ပေါ်နိုင်တယ်။ အရေပြားအပေါ်လွှာ၊အောက်လွှာ ရောင်ရမ်းပြီး ပိုးဝင်တာရှိတယ်။ များသောအားဖြင့် ရောင်ရမ်းဝက်ခြံနာတွေကို acne vulgaris အဖြစ်သတ်မှတ်ကြတယ်။ Acne vulgaris ဟာ အဆီဂလင်းပိတ်ဆို့ရာက ဆက်လက်ဖြစ်ပေါ်လာတဲ့ အဖုအကျိတ်၊ပြည်တည်နာတွေဖြစ်ပါတယ်။ ဝက်ခြံကို အဓိကဖြစ်စေတာ Cutibacterium acnes ပိုးမွှားဖြစ်ပါတယ်။ လေမလိုဘဲ ပွားများနိုင်တယ်။ မျက်နှာပေါ်မှာ […]
Papular acne ဆိုတာ ရောင်ရမ်းနီရဲနေတဲ့ ဝက်ခြံဖုလေးတွေကို ခေါ်ပါတယ်။ ပြည်ဖုဝက်ခြံ မဖြစ်ခင် စတင်ရောင်ရမ်းကာစ နီရဲနေတဲ့ ဝက်ခြံဖုတွေ ဖြစ်တယ်။ မွေးညင်းပေါက်မှာ အဆီ၊ အရေပြားဆဲလ်သေနဲ့ P. acnes ဗက်တီးရီးယားပိုးတွေ ပေါင်းစပ်မိတဲ့အခါ papular acne (နီရဲဝက်ခြံဖု)တွေ ဖြစ်လာတယ်။ ဒီဝက်ခြံကို zits လို့လည်း ခေါ်ပါတယ်။ ရက်ပိုင်းအတွင်း ပြည်ဖုဝက်ခြံ ပြောင်းလဲသွားနိုင်တယ်။ papular acne တွေကို ညှစ်တာဟာ ဝက်ခြံကို မသက်သာစေဘဲ ပိုဆိုးတဲ့ပြည်ဖုဝက်ခြံအဖြစ် အသွင်ပြောင်းလဲနိုင်တယ်။ Papular acne တွေက androgen (အမျိုးသားဟော်မုန်း) ရုတ်တရက်မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်တယ်။ အဆီပြန်တဲ့အသားအရေနဲ့ မိတ်ကပ်တွေကြောင့် ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှု၊ ဆား၊အချိုမှုန့် ၊ ခေါက်ဆွဲခြောက်ထုပ်တွေက ဒီလိုဝက်ခြံဖြစ်အောင် အားပေးတယ်။ ဟော်မုန်းဆေး၊ […]
နှုတ်ခမ်းပေါ်မှာ အဆီဖုလေးတွေ ပြုံထွက်နေတာကို Fordyce spots (Fordyce granules) ခေါ်ပါတယ်။ ပုံမှန်အားဖြင့် အဆီအိတ်(sebaceous gland)ဟာ မွှေးညင်းပေါက်ရှိတဲ့နေရာမှာပဲ တည်ရှိပါတယ်။ မွှေးညင်းပေါက်မရှိတဲ့ နှုတ်ခမ်းသားနေရာမှာ ပုံမှန်မဟုတ်တဲ့ အဆီအိတ် (ectopic sebaceous gland) တွေ အစုလိုက် အပြုံလိုက် စုစည်းလာရာကနေ Fordyce spots တွေ ပေါ်ပေါက်လာပါတယ်။ တကယ်တော့ fordyce spots ဟာ နှုတ်ခမ်းသာမက ပါးစောင်အတွင်းပိုင်းနဲ့ အမျိုးသားလိင်တံအရေပြားပေါ်မှာလည်း ရှိတတ်ပါတယ်။ Fordyce spot (မူကွဲအဆီဖု)တွေဟာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တယ်။ အရွယ်ရောက်သူတွေနဲ့ ဟော်မုန်းအပြောင်းအလဲများတဲ့သူတွေပိုတွေ့ရတယ်။ မွေးကတည်းက ပါလာတာလည်းရှိနိုင်တယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တယ်။ အမျိုးသားတွေ၊အဆီပြန်တဲ့အသားအရေမှာ ပိုတွေ့ရတယ်။ အဝလွန်ခြင်းနဲ့ ဆက်စပ်နိုင်တယ်။ သွေးတွင်း ကိုလက်စတောများတာလည်း ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ရပ်ဖြစ်တယ်။ သို့သော် […]