Open 9:00-12:00 AM
+95 92051590

Lichen nitidus

15 Nov, 2021 | No Comments

Lichen nitidus

lichen nitidus ဆိုတာ ကလေးငယ်တွေမှာ ဖြစ်တဲ့ အသားရောင်အဖုငယ်လေးတွေကို ခေါ်ပါတယ်။ ကျောင်းနေစကလေးငယ်တွေမှာ အတွေ့များတယ်။ အရင်က lichen planus ရောဂါရဲ့ လက္ခဏာခွဲတစ်ခုအဖြစ်ရှုမြင်ခဲ့ကြပေမယ့် အခုတော့ သီးခြားအရေပြားပုံစံအဖြစ် လက်ခံလာကြတယ်။ ဒီရောဂါဟာ တခြားအရေပြားရောဂါတွေနဲ့ ဆက်စပ်နေတတ်တယ်။ Lichen planus, Atopic dermatitis, Crohn disease, Down syndrome, HIV, Juvenile chronic arthritis စတဲ့ ရောဂါတွေနဲ့ ဆက်စပ်နိုင်တယ်။

အဖုလေးတွေဟာ လက်မောင်း၊ လက်ဖျံ အတွင်းပိုင်း၊ ဗိုက်၊ ရင်ဘတ်၊ တင်ပါးစတဲ့နေရာတွေမှာ အတွေ့များတယ်။ အစုလိုက်ဖြစ်ကြတယ်။ အဖုက ခပ်မာမာနဲ့စူထွက်နေတတ်တယ်။ အဖုထိပ်ပိုင်းက ခပ်ပြားပြားနဲ့ အရွယ်အစားက ပင်းအပ်ခေါင်းလောက်သာရှိတယ်။ အပြင်စူထွက်ပြီး ပြောင်တင်းနေတတ်တယ်။ ကြာစူးနဲ့ ဆင်တူတယ်။ တချို့က ယားယံတတ်တယ်။ တံတောင်၊ဒူးခေါင်း စတဲ့နေရာတွေမှာ ဖြစ်ရင် psoriasis အရေပြားနဲ့ မှားတတ်တယ်။ အသက်ကြီးရင့်သူတွေမှာ ဖြစ်ရင် လက်ဖဝါးအတွင်းပိုင်းမှာ ဒီလိုအဖုတွေ တွေ့ရတတ်တယ်။ ပါးစောင်အတွင်းပိုင်းဖြစ်ရင် ငွေရောင်အဖုငယ်လေးတွေ အဖြစ်တွေ့ရတယ်။ အရေပြားအတွင်းပိုင်းလေ့လာကြည့်တဲ့အခါ histiocytes ဆဲလ်တွေ အရေပြားအောက်လွှာ (upper dermis)မှာ စုပြုံနေတတ်တယ်။ ဒါ့ကြောင့် အသားရောင်အဖုငယ်အဖြစ် မြင်တွေ့ရတာဖြစ်တယ်။

ကုသနည်း

steroid လိမ်းဆေး၊ tacrolimus or pimecrolimus လိမ်းဆေးတွေ ပေးရတတ်တယ်။ အလင်းကုထုံးမှာ UVB therapy or PUVA therapy တွေက အကျိုးရှိတာတွေ့ရတယ်။ ဆံပင်ကျွတ်တဲ့အခါသုံးတဲ့ diphencyprone 2% လို sensitising agent တွေလည်း သုံးကြတာရှိတယ်။ ရောဂါသိပ်ဆိုးရင် သောက်ဆေးတွေလိုတယ်။ corticosteroid, acitretin, cyclosporin, itraconazole, isoniazid နဲ့ Astemizole လိုဆေးတွေ လိုသလို သောက်သုံးနိုင်တယ်။

Write Reviews

Leave a Comment

No Comments & Reviews