Open 9:00-12:00 AM
+95 92051590

Tag Archive : abdomen

13 Nov, 2025 | No Comments

Cryolipolysis

Cryolipolysis အအေးလှိုင်းနဲ့ အဆီချခြင်း Cryolipolysis ဆိုတာ အအေးဓာတ်နဲ့ အဆီပိုဆဲလ်တွေကို ဖျက်ဆီးခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနည်းပညာဟာ ခွဲစိတ်ဖို့ မလိုဘဲ ဖယ်ရှားရခက်တဲ့ အဆီခဲတွေကို အေးခဲခြင်း နည်းပညာသုံးပြီး ဖျက်ဆီးတဲ့ကုသနည်း ဖြစ်ပါတယ်။ အအေးလှိုင်းကုထုံးမှာ လူသိအများဆုံးအမည်က CoolSculpting (အအေးလှိုင်းပုံသွင်းခြင်းနည်းပညာ) ပဲဖြစ်ပါတယ်။သိထားရမယ့်အချက်က Cryolipolysis ဟာ အဆီဆဲလ်တွေကိုသာ ဖျက်ဆီးလိုက်တာဖြစ်ပြီး အရေပြား၊ ကြွက်သားနဲ့ တခြားဆဲလ်တစ်ရှူးတွေကို မထိခိုက်စေနိုင်ပါဘူး။ Cryolipolysis နည်းပညာ ———————— ၁။ အဆီဆဲလ်များ အေးခဲခြင်း ကုသမယ့်နေရာကို -11°C မှ -5°C အထိ အေးခဲသွားအောင် ပြုလုပ်ပေးပါတယ်။ ၂။ Apoptosis (ဆဲလ်သေဆုံးမှု) ဖြစ်စဉ် အလွန်အမင်း အေးခဲသွားတဲ့အခါ အဆီဆဲလ်တွေ (Adipocytes) ဟာ သဘာဝဆဲလ်သေဆုံးမှု […]

lichen nitidus ဆိုတာ ကလေးငယ်တွေမှာ ဖြစ်တဲ့ အသားရောင်အဖုငယ်လေးတွေကို ခေါ်ပါတယ်။ ကျောင်းနေစကလေးငယ်တွေမှာ အတွေ့များတယ်။ အရင်က lichen planus ရောဂါရဲ့ လက္ခဏာခွဲတစ်ခုအဖြစ်ရှုမြင်ခဲ့ကြပေမယ့် အခုတော့ သီးခြားအရေပြားပုံစံအဖြစ် လက်ခံလာကြတယ်။ ဒီရောဂါဟာ တခြားအရေပြားရောဂါတွေနဲ့ ဆက်စပ်နေတတ်တယ်။ Lichen planus, Atopic dermatitis, Crohn disease, Down syndrome, HIV, Juvenile chronic arthritis စတဲ့ ရောဂါတွေနဲ့ ဆက်စပ်နိုင်တယ်။ အဖုလေးတွေဟာ လက်မောင်း၊ လက်ဖျံ အတွင်းပိုင်း၊ ဗိုက်၊ ရင်ဘတ်၊ တင်ပါးစတဲ့နေရာတွေမှာ အတွေ့များတယ်။ အစုလိုက်ဖြစ်ကြတယ်။ အဖုက ခပ်မာမာနဲ့စူထွက်နေတတ်တယ်။ အဖုထိပ်ပိုင်းက ခပ်ပြားပြားနဲ့ အရွယ်အစားက ပင်းအပ်ခေါင်းလောက်သာရှိတယ်။ အပြင်စူထွက်ပြီး ပြောင်တင်းနေတတ်တယ်။ ကြာစူးနဲ့ ဆင်တူတယ်။ တချို့က […]

Prurigo nodularis သွေးယားကျိတ် Prurigo nodularis (သွေးယားကျိတ်)ဆိုတာ အလွန်ယားယံတဲ့ နာတာရှည်အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ အသွေးထဲအသားထဲက ယားယံတဲ့အကျိတ်တွေမို့ သွေးယားကျိတ်လို့ ခေါ်ပါတယ်။ သွေးဖြူဆဲလ်တွေမူမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ နေရာအနှံ့ယားယံနိုင်ပြီး လက်၊ခြေ၊ကျောပြင်၊ဗိုက်စတဲ့နေရာတွေမှာ အဓိကယားယံပါတယ်။ အထူးသဖြင့် လက်ဖျံ၊ လက်မောင်း၊ ခြေထောက် ဆန့်တန်းတဲ့ မျက်နှာပြင်နေရာတွေမှာ အဓိကဖြစ်တယ်။ တခြားယားနာနဲ့မတူတာက ခန္ဓာကိုယ်နှစ်ဖက်လုံးပြိုင်တူဖြစ်နိုင်ပါတယ်။  Prurigo nodularis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်လေးဆယ်ကျော်တွေမှာ ပိုတွေ့ရပါတယ်။ ဘာ့ကြောင့်ဖြစ်လာမှန်း သေချာမသိရပေမယ့် ခုခံအားသွေးဖြူဆဲလ်နဲ့ အာရုံခံနာ့ဖ်ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အဓိကဖြစ်ပွားတယ်။ အရေပြားထဲမှာ Mast cell နဲ့ neutrophil ဆဲလ်တွေများနေတတ်ပါတယ်။ တခါတရံ နောက်ကွယ်မှာ ကိုယ်တွင်းရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတတ်တယ်။ နှင်းခူနာ (atopic dermatitis)၊ ခုခံအားဆဲလ်ရောဂါ (IgA […]