Open 9:00-12:00 AM
+95 92051590

Tag Archive : White patch

Pityriasis alba ပါးပြင် အဖြူကွက် ကလေး ပါးပြင်အဖြူကွက် (pityriasis alba)ဟာ  နှင်းခူနာ အမျိုးအစား (atopic dermatitis) ထဲ ပါဝင်တယ်လို့ယေဘုယျသတ်မှတ်ထားတယ်။ နားလည်လွယ်အောင်ပြောရင် ခုခံအားက အရေပြားဆဲလ်ကို ပြန်တိုက်ခိုက်တာပါပဲ။ ဒါကိုသက်သာအောင်မလုပ်ပေးနိုင်ရင် အရေပြားအဖြူကွက်က ပိုကြီးလာနိုင်တယ်။ တခါတရံ ပါးပြင်အဖြူကွက်ဟာ သံဓာတ် အားနည်းတာ၊ ကြေးနီဓာတ် ပုံမှန်မဟုတ်တာ တွေကြောင့် ဖြစ်နိုင်သေးတယ်။ ဗီတာမင်အီိးနဲ့ ဗီတာမင်ဒီဓာတ် လျှော့နည်းတာနဲ့လည်း ဆိုင်တယ်။ ပါးပြင်အဖြူကွက်က ကလေးတွေမှာ အဖြစ်များတယ်။ ယောကျာ်းလေးတွေ ပိုဖြစ်တယ်။  ဒီအဖြူကွက် ဖြစ်ပွါးသူရဲ့ ၉၀% က အသက် ၃-၁၂ နှစ်ကြား ကလေးတွေဖြစ်ကြပါတယ်။ သို့သော် ဆေးခန်းမှာတော့ မိန်းကလေးတွေမှာပိုတွေ့ရပြီး အများစုက အသက် ၈နှစ်နဲ့ ၁၄နှစ်ကြား အရွယ်တွေ ဖြစ်ကြတယ်။အီဂျစ်နဲ့ မာလီလို အပူပိုင်းဒေသတွေမှာ ကလေးငယ်တွေရဲ့ ၂၀% နီးပါးက ဒီအဖြူကွက်မျိုး ဖြစ်ကြတယ်လို့ ဆိုတယ်။ ရောဂါလက္ခဏာအနေနဲ့ ပါးပြင်နဲ့ မေးရိုးကြား ကျပ်ပြားစေ့အရွယ် အနီကွက်မျိုး အရင် ပေါ်လာတယ်။တဖြည်းဖြည်းကြာလာတာနဲ့အမျှ အနီကွက်က အဖြူရောင်အဖြစ် ပြောင်းလာတယ်။ တကယ်ဆေးခန်းလာပြတဲ့အချိန်မှာ အဖြူကွက်အဆင့်ရောက်နေကြသူပဲ များတယ်။ နွေရာသီမှာ အဖြူကွက်က ပိုထင်းလာတတ်တယ်။ဆောင်းရာသီမှာ အသားခြောက်တာ၊ အဖြူဖတ်လန်တာက ပို အဖြစ်များတယ်။ ဒီအချက်က ခရုသင်းနဲ့ ခွဲခြားရာမှာ အသုံးဝင်တယ်။ အရေပြားဆရာဝန်အချို့က ခွဲရခက်တဲ့ အရေပြားရောဂါတွေမှာ dermatoscope (ဆဲလ်မှန်ဘီလူး) သုံးပြီး ခွဲခြားနိုင်တယ်။  Pityriasis alba ကို အဏုကြည့်မှန်ပြောင်း(microscope) အောက် လေ့လာကြည့်တဲ့အခါ နာတာရှည် အရေပြားရောင်ရမ်းတဲ့ လက္ခဏာ(chronic dermatitis)မျိုး တွေ့ရတယ်။ အကျိုးဆက်အနေနဲ့ မယ်လနင်ထွက်တဲ့ ဆဲလ်အလုပ်မလုပ်တော့ဘဲ အမဲရောင်ခြယ်ထုတ်လုပ်မှုက တဖြည်းဖြည်း ကျဆင်းသွားတယ်။ ဒါ့ကြောင့် ဖြစ်တဲ့နေရာလေးကွက်ပြီး အဖြူကွက်အဖြစ်မြင်နေရတာပါ။ အရေပြားဆဲလ်က ရောင်ပြီး ရှုံ့တာ(skin atrophy) ရှိိတယ်။အမှန်တော့ ပါးပြင်အဖြူကွက် (pityriasis alba)ဆိုပေမယ့် တခြားနေရာတွေမှာလည်း အကွက်တွေ ပေါ်တတ်တယ်။ အကြံပြုချက်များ (၁) နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပါ။ (၂) ရနံ့မပါ အစိုဓာတ်လိမ်းဆေး နေ့စဉ် လိမ်းပေးသင့်တယ်။ (၃) ဆပ်ပြာခဲနဲ့ မျက်နှာသစ်ဆေး အပြင်းစားတွေ မသုံးပါနဲ့။ (၄) ရနံ့ပါတဲ့ လိမ်းဆေး (သို့) အမြှုပ်ထွက် ဆပ်ပြာတွေ မသုံးပါနဲ့။ (၅) လိုအပ်ရင် ဆရာဝန်နဲ့ သေချာပြသပါ။ သေချာကုရင် ၁-၃လအတွင်း ပျောက်နိုင်တယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) Note: If you have suffering from some of above symptoms, you should contact local dermatologists or by calling 092051590 for further advanced treatment.

Idiopathic guttate hypomelanosis (IGH)ဆိုတာ အရေပြားမှာ ဖြစ်လာတဲ့ အဖြူရောင် အစက်အပြောက်လေးတွေကို ခေါ်ပါတယ်။ ဒီကိုယ်ခန္ဓာအဖြူစက်တွေဟာ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ထွက်လာပါတယ်။ guttate ဆိုတာ ရေစက်ပေါက်အရွယ်ရှိတဲ့ အစက်ပြောက်တွေကို တင်စားခေါ်ဝေါ်တဲ့အသုံးအနှုန်း ဖြစ်ပါတယ်။ အစက်ပြောက်အရွယ်က ၁-၅မီလီမီတာအတွင်းသာရှိတယ်။ အဖြူစက် အရေပြားရောဂါဟာ ခန္ဓာကိုယ်အနှံ့ နေရာမရွေးဖြစ်နိုင်တယ်။ သာမန်ကြည့်ရင် ဒဏ်ရာရထားတဲ့ အမာရွတ်လေးတွေနဲ့ တူတယ်။ အဖြူစက်လေးတွေက နည်းနည်းချိုင့်နေတတ်တယ်။ မွှေးညင်းပေါက်ကို ဗဟိုပြုပြီး အဖြူပြောက်တွေ ထွက်လေ့ရှိတယ်။ အစုလိုက်မတွေ့ရဘဲ ဗိုက်၊ ခြေ၊ လက်၊ ခါး စတဲ့နေရာမှာ တစ်ပြောက်စ နှစ်ပြောက်စသာ တွေ့ရပါတယ်။ မျက်နှာ၊လည်ပင်းကလွဲရင် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ တွေ့ရတယ်။သမင်ဖြူ၊ ခရုသင်းလို ဆိုးရွားတဲ့အဖြူကွက်တွေ မဟုတ်ဘဲ သဘာဝအလျှောက်ဖြစ်လေ့ရှိတဲ့ သာမန်အဖြူစက်လေးတွေသာ ဖြစ်ပါတယ်။  အရေပြားရောဂါ […]

Pityriasis versicolor

31 Oct, 2021 | No Comments

Vitiligo

Vitiligo ခရုသင်းစွဲခြင်း ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligoလို့ သုံးပါတယ်။ အသံထွက်ရင် “ဗစ်တယ်လိုက်ဂို” လို့ ထွက်ရတယ်။ လက်တင်စကားမှာ  “vitium” ဆိုတာ အကွက်၊အမှက်လို့ အဓိပ္ပါယ်ရတယ်။ “ligo”ဆိုတာ နောက်ဆက်စကားဖြစ်ပြီး “ပေါင်းစည်းခြင်း၊အကြောင်းရင်း”တဲ့။ စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူပေါင်း ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြတယ်။ ဒီတော့ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေတယ်။ မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ အခွင့်အလန်း ၅-၁၀ရာခိုင်နှုန်း ရှိတယ်။ ဒါ့ကြောင့် မျိုးရိုးလိုက်တယ်လို့ ယူဆနိုင်တယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုအတွေ့များရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ […]