Excimer Laser ခရမ်းလွန်ရောင်ခြည်လေဆာ Excimer Laser ဆိုတာ ခရမ်းလွန်ရောင်ခြည်ဘီ (Ultraviolet B – UVB)ရဲ့ လှိုင်းအလျား 308 nm ကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ Excited Dimer ရဲ့ အတိုကောက်ကို ယူထားလို့ Excimer Laser ခေါ်ပါတယ်။ ဒီလေဆာဟာ အရေပြားဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ကွဲပွားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ အရေပြားရောဂါကုသရာမှာ အထူးထိရောက်မှုရှိပါတယ်။ Excimer Laser လေဆာဟာ ထပ်တရာနာ (Psoriasis)၊ ခရုသင်းရောဂါ (Vitiligo)၊ နှင်းခူရောဂါ (Atopic Dermatitis)၊ လူကြီးမှဲ့ခြောက် (Seborrheic Keratosis)နဲ့ အရေပြားပြန်ရည်ကြောကင်ဆာ (Cutaneous T-Cell Lymphoma)တွေမှာ အဓိကသုံးကြတယ်။ Excimer Laser ရဲ့ အသုံးဝင်ပုံ —————————- ၁။ […]
Idiopathic guttate hypomelanosis (IGH)ဆိုတာ အရေပြားမှာ ဖြစ်လာတဲ့ အဖြူရောင် အစက်အပြောက်လေးတွေကို ခေါ်ပါတယ်။ ဒီကိုယ်ခန္ဓာအဖြူစက်တွေဟာ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ထွက်လာပါတယ်။ guttate ဆိုတာ ရေစက်ပေါက်အရွယ်ရှိတဲ့ အစက်ပြောက်တွေကို တင်စားခေါ်ဝေါ်တဲ့အသုံးအနှုန်း ဖြစ်ပါတယ်။ အစက်ပြောက်အရွယ်က ၁-၅မီလီမီတာအတွင်းသာရှိတယ်။ အဖြူစက် အရေပြားရောဂါဟာ ခန္ဓာကိုယ်အနှံ့ နေရာမရွေးဖြစ်နိုင်တယ်။ သာမန်ကြည့်ရင် ဒဏ်ရာရထားတဲ့ အမာရွတ်လေးတွေနဲ့ တူတယ်။ အဖြူစက်လေးတွေက နည်းနည်းချိုင့်နေတတ်တယ်။ မွှေးညင်းပေါက်ကို ဗဟိုပြုပြီး အဖြူပြောက်တွေ ထွက်လေ့ရှိတယ်။ အစုလိုက်မတွေ့ရဘဲ ဗိုက်၊ ခြေ၊ လက်၊ ခါး စတဲ့နေရာမှာ တစ်ပြောက်စ နှစ်ပြောက်စသာ တွေ့ရပါတယ်။ မျက်နှာ၊လည်ပင်းကလွဲရင် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ တွေ့ရတယ်။သမင်ဖြူ၊ ခရုသင်းလို ဆိုးရွားတဲ့အဖြူကွက်တွေ မဟုတ်ဘဲ သဘာဝအလျှောက်ဖြစ်လေ့ရှိတဲ့ သာမန်အဖြူစက်လေးတွေသာ ဖြစ်ပါတယ်။ အရေပြားရောဂါ […]


