ဗောက်ထခြင်း လူတိုင်း တချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြားပေါ်က ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာဖြစ်တယ်။ အဂ်လိပ်လို dandruff လို့ သုံးတယ်။ anti-dandruff shampoo ဆိုတာ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါ်တာ ဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ဗောက်ထနေကြပါတယ်။ အမျိူးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစ်ပွားလေ့ရှိတာတွေ့ရတယ်။ အထူးသဖြင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါ။ ဟော်မုန်း၊အစားအသောက်နဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်။ ဘာ့ကြောင့် ဗောက်ထလဲ ယေဘုယျအားဖြင့် ဗောက်ဟာဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုပေါက်အရွယ်မှာစတင်ဖြစ်ပွားပြီး လူလတ်ပိုင်းကျော်အရွယ်ထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားနှုန်းက သိသိသာသာလျှော့ကျလာမယ်။ အဆီဂလင်းထုတ်လုပ်မှု နည်းသွားလို့ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်မှာဖြစ်ပွားစေတဲ့အကြောင်းတရပ်ပါ။ အပူအစပ်၊ အချို၊ အငန် ကြိုက်သူတွေဟာ သူများထက် ပိုဖြစိနိုင်ပါတယ်။ အရက်၊ဘီယာစတာတွေကလည်း အချိုဓာတ်လွန်ကဲမှုကြောင့် ဗောက်ထရတဲ့ အကြောင်းရင်းထဲပါတယ်။ အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ တီဘီရောဂါသည်တွေမှာ ပုံမှန်ထက် ခုခံအားကျဆင်းလို့ ဗောက်ထလွယ်တာရှိတယ်။ ဗောက်ပေါက်သူအများစုကို လေ့လာကြည့်ရင် ဆောင်းရာသီမှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်။ လေထုစိုထိုင်းစနည်းပါးမှုက ဆံသားနဲ့ ဦးရေပြားကို ပိုမိုခြောက်သွေ့စေတယ်။ ရလာဒ်ကတော့ ဆဲလ်ဟောင်းကွာကျတာနဲ့ ဗောက်ပိုထလာတာဖြစ်တယ်။ ဆောင်းရာသီမှာဖြစ်တဲ့ ဗောက်ဖတ်တွေက အဖြူရောင်သာများတယ်။ အိပ်ရေးမဝတာနဲ့ ခုခံအားနည်းတာကလည်း ဗောက်ထနိုင်သေးတယ်။ psoriasis ကြေးခွံနာအရေပြားရောဂါသည်၊ နှင်းခူနာရှိသူတွေဟာ သူများထက် ဗောက်ထနိုင်ခြေပိုများသူတွေ ဖြစ်ကြတယ်။ နောက်ထိုးရမယ့် လက်ညှိုးက အလေ့အကျင့်ပါ။ နေ့တိုင်းခေါင်းလျှော်တာလည်းကောင်းတဲ့အလေ့ကျင့်မျိုးတော့ မဟုတ်ဘူး။ အရေပြားအဆီဂလင်းကို ပိုအလုပ်ပေးလို့ ဗောက်ပိုထလာနိုင်တယ်။ ဒီကလူနာတွေဟာ အလွန်အကျွံခေါင်းလျှော်ရာက ဖြစ်လာကြတယ်။ အာဟာရချိူ့တဲ့မှုက နောက်ထပ်အကြောင်းရာတရပ်အနေနဲ့ ပါဝင်နေတယ်။သွပ်ဓာတ်၊ ဗီတာမင် ဘီနဲ့ အိုမီဂါသရီး ချို့တဲ့သူတွေဟာ သူများထက် ဗောက်ထနိုင်ချေ ပိုများပါတယ်။ ဗောက်ထသူအများစုဟာ ပုံမှန်ထက် ဆဲလ်ကွဲပွားမှု ပိုများလို့ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ဦးရေပြားခြောက်သွေ့မှု၊ seborrheic dermatitis အဆီရောင် အရေပြားနာ၊ မှိုပိုးဝင်တာတွေနဲ့ အဓိက ဆက်စပ်နေတယ်။ seborrheic dermatitis ဆိုတာ အဆီထုတ်လုပ်မှုများရာကနေ ဦးရေပြားရောင်ရမ်းလာတဲ့ရောဂါတမျိုးပါ။ ဒီအရေပြားရောဂါဟာ Malassezia တစေးမှိုပိုးတမျိုးနဲ့ ဆက်စပ်နေတာ နောက်ပိုင်းသိလာကြတယ်။ အဆိုပါ တဆေးမှိုပိုးဟာ အရေပြား အဆီကို စားသုံးရးင် ပိုမိုပေါက်ဖွားလာတယ်။ ပိုးတန်ခိုးနဲ့ ဦးရေပြားက စတင်ရောင်ရမ်းလာတယ်။ ရောင်ရမ်းမှုရာက ဆဲလ်လွှာတွေ တဖြည်းဖြည်းပျက်ဆီးလာပြီး ဆဲလ်သေတွေပိုများလာတယ်။ ဦးရေပြားအဆီနဲ့အပေါ်ယံဆဲလ်သေ ရောစပ်လာတဲ့အခါ အဖြူရောင် ဗောက်ဖတ်လေးတွေ ဖြစ်ပေါ်လာတယ်။ seborrheic dermatitis ကြောင့် ဦးရေပြားက ရောင်နေမယ်။ ရဲနေမယ်။ ယားယံနေမယ်။ အဖြူသို့မဟုတ် အဝါဖတ်လေးတွေ ကပ်ညှိနေတာာရှိတတ်တယ်။ ဝါတာက sebum အဆီထုတ်လုပ်မှု များလို့ဖြစ်တယ်။အရေပြားခြောက်သွေ့သူတွေဟာလည်း ဗောက်ထနိုင်ပါတယ်။ အရေပြားဆဲလ်တွေ ခြောက်သွေ့ပျက်ဆီးကွာကျရာကဖြစ်တယ်။ အရေပြားခြောက်သွေ့ရာက ဖြစ်တဲ့ ဗောက်ဖတ်က အဖြူရောင်သာ ရှိနေမယ်။ ခပ်သေးသေးဖတ်ကလေးတွေ ဦးရေပြား၊ ပခုံးစတဲ့ နေရာတွေမှာ ကပ်ညှိနေတတ်တယ်။ ယားယံမှုရှိနိုင်ပေမယ့် seborrheic dermatitis လောက် မဆိုးရွားသေးပါ။ နောက်ပြီး ဆိုးဆေးနဲ့ ဆံပင်သန်ဆေးတွေကြောင့်လည်း ဗောက်ထတာရှိနိုင်တယ်။ ဓာတုဓာတ်မတဲ့မှုကြောင့် ဖြစ်တယ်။ ဘယ်လိုပျောက်အောင် ကုမလဲ ဗောက်ပျောက်အောင် ကုတော့မယ်ဆိုရင် ဖြစ်စေတဲ့အကြောင်းရင်းကို အရင်ကြည့်ရတယ်။ ပထမတခုက အသက်အရွယ်ပါ။ ဒုတိယအချက်က ဗောက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက် ဆိုးနေသလဲ၊ နောက်ဆုံးအချက်က ဘယ်အကြောင်းရင်းကြောင့် ဖြစ်တာလဲ စတဲ့ အချက်အလက်တွေပေါ် အခြေခံကုမှ ဗောက်ပျောက်မှာ ဖြစ်တယ်။ ဗောက်မှန်သမျှ မှိုပိုးကြောင့် ဖြစ်တယ်ယူဆပြီး ကုရင်တော့ […]
Balanitis လိင််တံအရေပြားရောင်ရမ်းခြင်း Balanitis ဆိုတာ လိင််တံဦးခေါင်း (Glans Penis)အရေပြားရောင်ရမ်းမှုကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အကယ်၍ လိင််တံအရေပြား (foreskin) ပါ ရောင်ရမ်းပါက Balanoposthitis ဟု ခေါ်ဆိုပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် လိင််တံအရေပြား ရှည်သည့် (uncircumcised) ယောက်ျားလေးတွေမှာ ပိုမိုအဖြစ်များတယ်။ ဒီရောဂါမျိုးဟာ ယာယီသာဖြစ်ပြီး ရိုးရှင်းတဲ့ ကုသမှုဖြင့် ပျောက်ကင်းနိုင်ပါတယ်။ အကယ်၍ မကုသဘဲထားရင် မကြာခဏပြန်လည်ဖြစ်ပွားတတ်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ လက္ခဏာရပ်များ Balanitis ၏ လက္ခဏာတွေဟာ အကြောင်းရင်းပေါ် မူတည်၍ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အဖြစ်များသော လက္ခဏာတွေက လိင််တံဦးခေါင်း နီရဲပြီး ရောင်ရမ်းခြင်း၊ လိင််တံအရေပြားအတွင်း ပူစပ်ပူလောင်ခံစားရခြင်း၊ ပြည်ကဲ့သို့ အဖြူရောင် ချွဲကျိကျိအရည်များ ထွက်ခြင်း၊ ဆီးသွားစဉ် […]
Angular cheilitis နှုတ်ခမ်းထောင့် ကွဲအက်ခြင်း Angular Cheilitis (ကျီးကန်ပါးစပ်နာ)ဆိုတာ နှုတ်ခမ်းထောင့်စွန်းတွေမှာ ခြောက်သွေ့အက်ကွဲတဲ့ အနာတွေ ဖြစ်ပါတယ်။ နှုတ်ခမ်းထောင့်မှာ တံတွေးစိုစွတ်မှုကြောင့် ခြောက်သွေ့ကွဲအက်ခြင်းကို ဖြစ်ပေါ်စေတယ်။ အက်ကွဲတဲ့ အရေပြားဟာ ပုံမှန်ထက်ပိုးဝင်လွယ်တယ်။ အထူးသဖြင့် Candida albicans မှိုပိုးနဲ့ Staphylococcus aureus ဘက်တီးရီးယားပိုးတွေဝင်ရောက်လာနိုင်တယ်။ ပိုးဝင်ရောက်လာတဲ့အခါ နှုတ်ခမ်းအနာတွေဖြစ်လာတတ်တယ်။နှုတ်ခမ်းကွဲအက်မှုဟာ နှုတ်ခမ်း တစ်ဖက်တည်း (သို့) နှစ်ဖက်လုံးမှာ ဖြစ်နိုင်တယ်။ မကြာခဏလည်း ပြန်ဖြစ်တတ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အာဟာရဓာတ်ချို့တဲ့ခြင်းလည်းပါဝင်တယ်။ သံဓာတ်၊ ဗီတာမင် ဘီတွဲ၊ ဖောလစ်အက်စစ် နဲ့ ဇင့်(သွပ်)ဓာတ် ချို့တဲ့ခြင်းတွေ ဖြစ်နိုင်တယ်။ဆီးချိုရောဂါရှိသူမှယ သွေးတွင်းသကြားဓာတ်များခြင်းက မှိုပိုးတွေ ပွားများစေပါတယ်။ကိုယ်ခံအားကျဆင်းခြင်းနဲ့ သွေးအားနည်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။ တခါတရံ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်တတ်တယ်။ နှုတ်ခမ်းမကြာခဏ လျက်ခြင်းနဲ့ […]
Pityriasis versicolor ညှင်းပေါက်ခြင်း Pityriasis Versicolor (ညှင်း)ဟာ yeast တဆေးမှိုတွေ ပုံမှန်ထက် လွန်ကဲစွာ ပွားများမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖြူကွက်တွေ ဖြစ်တယ်။ ဒီမှိုဟာ လူ့အရေပြားမှာ ပုံမှန်နေထိုင်နေတတ်ပြီး အချို့သော အခြေအနေမှာ ပြဿနာ ဖြစ်ပေါ်လာတတ်တယ်။ ညှင်းကွက်တွေဟာ လူတစ်ယောက်မှ တစ်ယောက် မကူးစက်နိုင်ပါဘူး။ ညှင်းကွက်တွေဟာ Malassezia မျိုးစိတ်ဝင် Malassezia globosa, Malassezia furfur တဆေးမှိုတို့ကြောင့် အဖြစ်များတယ်။ အဆီပြန်တဲ့အသားအရေမှာ အဓိကတွေ့ရတယ်။ ချွေးထွက်များခြင်း၊ စိုထိုင်းစများခြင်းစတဲ့ အခြေအနေမျိုးမှာ အဖြစ်များတယ်။ ခုခံအားကျဆင်းခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဟော်မုန်းပြောင်းလဲမှုနဲ့ အာဟာရချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်တယ်။ အရေပြားမှာ အသားအရောင် မညီညာတဲ့ အကွက်များ ပေါ်ထွက်လာပါတယ်။ အဖြူရောင်ပန်းနုရောင်၊ အညိုနုရောင် သို့မဟုတ် အနီရောင်အကွက် စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ […]




