Stucco keratosis (ကရာတင်ဖတ် ကပ်ခြင်း)ဆိုတာ သေးငယ်ပြီး အပြင်ကိုစူထွက်နေတဲ့ ကရာတင်အဖတ်လေးတွေကို ခေါ်ပါတယ်။ အရေပြားအပေါ်ယံလွှာမှာ ကရာတင်ဆဲလ်သေတွေ စုပုံလာပြီး ခြောက်သွေ့ကြမ်းတမ်းတဲ့ အဖတ်လေးတွေဖြစ်လာတယ်။ အရေပြားနဲ့ ကပ်နေတဲ့ကရာတင်အဖတ်လေးတွေမို့ stucco keratosis ခေါ်ပါတယ်။ နေရောင်ထိတွေ့မှု လွန်ကဲတာနဲ့ ပွန်းတိုက်မိတာတွေက ကရာတင်ဖတ် (stucco keratosis)ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အသက်(၄၀)ကျော်အရွယ် အမျိုးသားတွေမှာ ပိုတွေ့ရတယ်။ Stucco keratosis ဟာ အရေပြားကပ်နေတဲ့ ဖယောင်းဖတ်လေးတွေနဲ့ ဆင်တူတယ်။ ကရာတင်ဖတ်တွေဟာ အဖြူရောင်၊ အဝါရောင်၊ အမဲရောင်စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ ခြေ၊လက် စတဲ့နေရာတွေမှာ တွေ့ရတယ်။ အထူးသဖြင့် ခြေဖမိုး၊ လက်ဖမိုးနေရာတွေမှာ အဓိကတွေ့ရတယ်။ ယားယံနာကျင်မှုမရှိဘဲ ခြောက်သွေ့ကြမ်းတမ်းနေတတ်တယ်။ အလွယ်ခွာလို့ရပြီး ကွာတဲ့နေရာမှာ သွေးစထွက်တာ မတွေ့ရဘူး။ ကုသနည်း နေ့စဉ် […]
လူကြီးမှဲ့ခြောက် (Dermatosis papulosa nigra)ဆိုတာ မျက်နှာမှာတွေ့ရတဲ့ အသားပိုဆန်ဆန်မှဲ့ခြောက်တွေဖြစ်ပြီး Seborrheic keratosis အမျိုးအစားထဲမှာ ပါတယ်။ ရိုးရိုးမှဲ့ခြောက် (freckle)နဲ့ မတူပါဘူး။ လူကြီးမှဲ့ခြောက်ဖြစ်တဲ့အခါ ကရာတင်ဆဲလ်သေတွေဟာ အပေါ်ယံအရေပြားမှာ ပုံမှန်မဟုတ်ဘဲ စုပုံလာပြီး ဖယောင်းချပ်ပုံစံအသားပိုတွေ စတင်ထွက်လာတယ်။ အပေါ်ယံအရေပြား အောက်ဆုံးလွှာ (basal layer)ကနေ အမဲရောင်ခြယ်ထုတ်လုပ်မှု လွန်ကဲလာခြင်းကြောင့် အရောင်ပြောင်းပြီး အမဲရောင်အသားပိုတွေ မျက်နှာမှာ ပေါ်ပေါက်လာတယ်။ ဒါကို လူကြီးမှဲ့ခြောက် ခေါ်ပါတယ်။ လူကြီးမှဲ့ခြောက်ဟာ အသက်ကြီးရင့်သူတွေ အဖြစ်များတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အသက်ငါးဆယ်ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဝလွန်သူ၊ ဆီးချိုသမားတွေမှာ ပိုပြီးတွေ့ရတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တတ်တယ်။ အသားမည်းသူတွေမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် melanin ထွက်နှုန်းများတဲ့အသားအရေအမျိုးအစား (Fitzpatrick skin phototype 4, […]
Eccrine poroma ချွေးကျိတ်ဖု
Angiofibroma