Open 9:00-12:00 AM
+95 92051590

Category Archive : CO2 laser

Kyrle’s disease (Acquired perforating dermatosis) ခါးလ်ရောဂါ

Acne conglobata ဆိုတာ ကြီးမားတဲ့ ဝက်ခြံကျိတ်တွေ ဖြစ်တာမို့ ဂေါ်ဇီလာဝက်ခြံအဖြစ် တင်စားကြတယ်။ ဝက်ခြံအမျိုးအစားတွေထဲမှာ အဆိုးဆုံးအဆင့် ဝက်ခြံဖြစ်ပြီး ပျောက်ကင်းဖို့ အချိန်ယူတယ်။ သမားရိုးကျဝက်ခြံပျောက်ဆေးတွေနဲ့ မနိုင်တာများတယ်။ ဝက်ခြံဖြစ်စေတဲ့ P. acnes ကို ခုခံအားစနစ်က လွန်ကဲစွာ တုံ့ပြန်မှုကြောင့် ရောင်ရမ်းဝက်ခြံ အလုံးအကျိတ်တွေ မျက်နှာအနှံ့ထွက်လာပါတယ်။ မျက်နှာတစ်ပြင်လုံး အဖုကျိတ်တွေ တွေ့ရပြီး ကျောပြင်၊ ဂျိုင်း၊ ရင်ဘတ်၊ နောက်စေ့ စတဲ့နေရာတွေမှာလည်း ဖြစ်ကြပါတယ်။ ပြည်အိတ်လို အဖုတွေ နေရာအနှံ့တွေ့ရတယ်။ Acne conglobata (ဂေါ်ဇီလာဝက်ခြံ)ဆိုတာ အဆီဂလင်းပိတ်ဆို့မှုကြောင့် အလုံးအကျိတ်တွေ ဖြစ်လာတာပါ။ အဆိုပါအကျိတ်တွေဟာ Cutibacterium acnes ဝက်ခြံပိုးဝင်လာတဲ့အခါ ရောင်ရမ်းလာပါတယ်။ ရောင်ရမ်းတဲ့အလုံးကျိတ်တွေက ဆက်လက်ကြီးထွားပြီး တစ်ခုနဲ့တစ်ခု မြောင်းသဖွယ်ဆက်သွယ်မိတဲ့အခါ ရုပ်ဆိုးတဲ့အလုံးအကျိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဆိုးရွားပြင်းထန်တဲ့ […]

13 Nov, 2021 | No Comments

CO2 laser

CO2 laser ခွဲစိတ်လေဆာ CO2 Laser (ကာဗွန်ဒိုင်အောက်ဆိုက်လေဆာ)ဟာ အလှအပဆိုင်ရာ ဆေးပညာမှာ အသုံးများဆုံးလေဆာတစ်မျိုး ဖြစ်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အခြေခံထားလို့ CO2 Laser လို့ခေါ်တယ်။ ဒီလေဆာဟာ မှဲ့၊ မှဲ့ခြောက်၊ ကြွက်နို့နဲ့ အသားပိုတွေ ဖြတ်တောက်ရာမှာ အလွန်အသုံးဝင်တယ်။ ဝက်ခြံအမာရွတ်နဲ့  အရေးအကြောင်းတွေ ကုသရာမှာ အသုံးဝင်တယ်။ မျက်နှာပြင် အရေပြား ပြန်လည်ညီညာစေဖို့ အသုံးပြုနိုင်တယ်။ CO2 Laser ဟာ 10600 nm လှိုင်းအလျားရှိ လေဆာလှိုင်းတွေ ထုတ်လွှတ်နိုင်လို့ ရေမှာပျော်ဝင်နိုင်တဲ့ တစ်ရှူးမှန်သမျှကိုဖျက်ဆီးပစ်နိုင်ပါတယ်။ CO2 Laser မှာ အားသာချက်များစွာရှိတယ်။ သွေးထွက်နည်းတာ၊ နာကျင်မှုနည်းတာ၊အမာရွတ်ဖြစ်နိုင်ချေနည်းတာစတဲ့ အချက်တွေကြောင့်ခွဲစိတ်ကုသတဲ့နေရာမှာ အစားထိုးအသုံးပြုနိုင်တယ်။ ကြွက်နို့၊ အသားပိုနဲ့ လူကြီးမှဲ့ခြောက် ဖယ်ရှားတဲ့အခါ အသုံးဝင်တယ်။ ချွေးဖု (syringoma)၊ မျက်ခမ်းအဆီဖု […]

4 Nov, 2021 | No Comments

Reed nevus

Reed nevus (ရိဒ်မှဲ့)ဆိုတာ မွေးရာပါမှဲ့မဟုတ်ဘဲ အရွယ်ရောက်မှထွက်လာတဲ့ မှဲ့တစ်မျိုးဖြစ်ပါတယ်။ ဒီမှဲ့က သိသိသာသာ မည်းနေတာကြောင့် အမည်းရောင်မှဲ့ (melanocytic naevus)အမျိုးအစားထဲမှာ ပါတယ်။ အရေပြားအောက်လွှာ (dermis)မှာ တည်ရှိပြီး melanocytes တွေက ရှည်မျောမျောပုံစံ (spindle shape) ရှိလို့ spindle cell nevus လည်း ခေါ်ပါတယ်။ ၁၉၇၅ခုနှစ်မှာ အရေပြားဆရာဝန် Richard Reed ကတွေ့ရှိခဲ့တာကြောင့် Reed nevus လို့ ခေါ်ကြတာဖြစ်ပါတယ်။  Reed nevus ကို dermatoscope နဲ့  လေ့လာကြည့်ရင် ဘေးမျက်နှာပြင်က အမည်းရောင်အမျှင်တွေဖြာထွက်သလို တွေ့ရတယ်။ အမည်းရောင်မှဲ့က ကြယ်ပေါက်ကွဲတဲ့ပုံစံ starburst ရှိတယ်လို့ တင်စားတယ်။ melanoma နဲ့ ဆင်တူတယ်။ melanoma (ရောင်ခြယ်မှဲ့ကင်ဆာ) ကတော့ […]