Open 9:00-12:00 AM
+95 92051590

Tag Archive : Scaly

Pityriasis alba ပါးပြင် အဖြူကွက် ကလေး ပါးပြင်အဖြူကွက် (pityriasis alba)ဟာ  နှင်းခူနာ အမျိုးအစား (atopic dermatitis) ထဲ ပါဝင်တယ်လို့ယေဘုယျသတ်မှတ်ထားတယ်။ နားလည်လွယ်အောင်ပြောရင် ခုခံအားက အရေပြားဆဲလ်ကို ပြန်တိုက်ခိုက်တာပါပဲ။ ဒါကိုသက်သာအောင်မလုပ်ပေးနိုင်ရင် အရေပြားအဖြူကွက်က ပိုကြီးလာနိုင်တယ်။ တခါတရံ ပါးပြင်အဖြူကွက်ဟာ သံဓာတ် အားနည်းတာ၊ ကြေးနီဓာတ် ပုံမှန်မဟုတ်တာ တွေကြောင့် ဖြစ်နိုင်သေးတယ်။ ဗီတာမင်အီိးနဲ့ ဗီတာမင်ဒီဓာတ် လျှော့နည်းတာနဲ့လည်း ဆိုင်တယ်။ ပါးပြင်အဖြူကွက်က ကလေးတွေမှာ အဖြစ်များတယ်။ ယောကျာ်းလေးတွေ ပိုဖြစ်တယ်။  ဒီအဖြူကွက် ဖြစ်ပွါးသူရဲ့ ၉၀% က အသက် ၃-၁၂ နှစ်ကြား ကလေးတွေဖြစ်ကြပါတယ်။ သို့သော် ဆေးခန်းမှာတော့ မိန်းကလေးတွေမှာပိုတွေ့ရပြီး အများစုက အသက် ၈နှစ်နဲ့ ၁၄နှစ်ကြား အရွယ်တွေ ဖြစ်ကြတယ်။အီဂျစ်နဲ့ မာလီလို အပူပိုင်းဒေသတွေမှာ ကလေးငယ်တွေရဲ့ ၂၀% နီးပါးက ဒီအဖြူကွက်မျိုး ဖြစ်ကြတယ်လို့ ဆိုတယ်။ ရောဂါလက္ခဏာအနေနဲ့ ပါးပြင်နဲ့ မေးရိုးကြား ကျပ်ပြားစေ့အရွယ် အနီကွက်မျိုး အရင် ပေါ်လာတယ်။တဖြည်းဖြည်းကြာလာတာနဲ့အမျှ အနီကွက်က အဖြူရောင်အဖြစ် ပြောင်းလာတယ်။ တကယ်ဆေးခန်းလာပြတဲ့အချိန်မှာ အဖြူကွက်အဆင့်ရောက်နေကြသူပဲ များတယ်။ နွေရာသီမှာ အဖြူကွက်က ပိုထင်းလာတတ်တယ်။ဆောင်းရာသီမှာ အသားခြောက်တာ၊ အဖြူဖတ်လန်တာက ပို အဖြစ်များတယ်။ ဒီအချက်က ခရုသင်းနဲ့ ခွဲခြားရာမှာ အသုံးဝင်တယ်။ အရေပြားဆရာဝန်အချို့က ခွဲရခက်တဲ့ အရေပြားရောဂါတွေမှာ dermatoscope (ဆဲလ်မှန်ဘီလူး) သုံးပြီး ခွဲခြားနိုင်တယ်။  Pityriasis alba ကို အဏုကြည့်မှန်ပြောင်း(microscope) အောက် လေ့လာကြည့်တဲ့အခါ နာတာရှည် အရေပြားရောင်ရမ်းတဲ့ လက္ခဏာ(chronic dermatitis)မျိုး တွေ့ရတယ်။ အကျိုးဆက်အနေနဲ့ မယ်လနင်ထွက်တဲ့ ဆဲလ်အလုပ်မလုပ်တော့ဘဲ အမဲရောင်ခြယ်ထုတ်လုပ်မှုက တဖြည်းဖြည်း ကျဆင်းသွားတယ်။ ဒါ့ကြောင့် ဖြစ်တဲ့နေရာလေးကွက်ပြီး အဖြူကွက်အဖြစ်မြင်နေရတာပါ။ အရေပြားဆဲလ်က ရောင်ပြီး ရှုံ့တာ(skin atrophy) ရှိိတယ်။အမှန်တော့ ပါးပြင်အဖြူကွက် (pityriasis alba)ဆိုပေမယ့် တခြားနေရာတွေမှာလည်း အကွက်တွေ ပေါ်တတ်တယ်။ အကြံပြုချက်များ (၁) နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပါ။ (၂) ရနံ့မပါ အစိုဓာတ်လိမ်းဆေး နေ့စဉ် လိမ်းပေးသင့်တယ်။ (၃) ဆပ်ပြာခဲနဲ့ မျက်နှာသစ်ဆေး အပြင်းစားတွေ မသုံးပါနဲ့။ (၄) ရနံ့ပါတဲ့ လိမ်းဆေး (သို့) အမြှုပ်ထွက် ဆပ်ပြာတွေ မသုံးပါနဲ့။ (၅) လိုအပ်ရင် ဆရာဝန်နဲ့ သေချာပြသပါ။ သေချာကုရင် ၁-၃လအတွင်း ပျောက်နိုင်တယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) Note: If you have suffering from some of above symptoms, you should contact local dermatologists or by calling 092051590 for further advanced treatment.

နှင်းခူချပ်ပြင် နှင်းခူချပ်ပြင် (LSC)ကို neurodermatitis circumscripta လို့လည်း ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရီအေးဆစ်ကြေးခွံနာအရေပြားရောဂါသည်တွေမှာ တွေ့ရတယ်။ နောက်ပြီး နှင်းခူအမျိုးအစားဝင် atopic dermatitis နဲ့seborrheic dermatitis အရေပြားတွေမှာလည်း ဖြစ်ကြတယ်။ ဓာတ်မတဲ့ရာကနေလည်း ဖြစ်နိုင်သေးတယ်။ အစားအသောက်ကြောင့် ဖြစ်တာတော့ ရှားတယ်။ ဒီရောဂါက အလွန်အဖြစ်များပြီး အသက် (၄၀)ကျော်အရွယ်တွေ ပိုတွေ့ရတယ်။ နှင်းခူချပ်ပြင်ဟာထပ်ခါတစ်လဲလဲကုတ်ခြစ်ရာကတဆင့် အရေပြားအောက်လွှာမှာ amyloid ဓာတ်တွေ စုပုံရာက ဖြစ်စေတယ်။ ခြေ၊လက်စတဲ့နေရာတွေမှာ အတွေ့များတယ်။ နာတာရှည်ရောဂါဖြစ်ပြီး ကုတ်ခြစ်ရာက ပြန်ပြန်ဖြစ်ကြတယ်။ ဒီလိုနဲ့ ရောဂါက တဖြည်းဖြည်းပိုဆိုးလာပါတယ်။ ကုသနည်း ကုနည်းအမျိုးမျိုးရှိတယ်။ လိမ်းဆေးထဲမှာ topical steroid, calcineurine inhibitor, antibiotic ointment စသည်ဖြင့် ပေးရတယ်။ တချို့ သောက်ဆေးအဆင့်ထိ ပေးရတတ်တယ်။ အကြေးခွံလန် အသားအရည်ခြောက်သွေ့တာအတွက် အစိုဓာတ်ထိန်းဆေးတွေလည်း လိုအပ်ပါတယ်။ အရေးကြီးဆုံးအချက်က ယားတဲ့နေရာ ဆက်မကုတ်မနိုင်အောင် ဆေးစည်း၊အဝတ်စည်းတာမျိုး လုပ်ပြီး ကုသနိုင်မှ ပျောက်ကင်းတယ်။စနစ်တကျဆေးကုသနိုင်ရင် ၄-၆ ပတ်အတွင်း သက်သာပျောက်ကင်းနိုင်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

ငါးအကြေးခွံ အရေပြားရောဂါ ရောဂါတွေထဲမှာ ငါးအကြေးခွံနဲ့တူတဲ့ အရေပြားရောဂါတမျိုးရှိတယ်။ အသားအရေခြောက်သွေ့ရာက အရေပြားအကြေးခွံလန်တဲ့ရောဂါကို ichthyosis vulgaris လို့ခေါ်ပါတယ်။ ichthyosis ဆိုတာ အရေပြား အပေါ်ယံလွှာ(epidermis) ခြောက်သွေ့ပြီး ငါးအကြေးခွံပုံစံဖြစ်တာကိုခေါ်တယ်။ အသံထွက်တဲ့အခါ ichthyosis – အခ်သီယိုးစစ် လို့ ဖတ်ရတယ်။vulgaris ဆိုတာ အဖြစ်များတဲ့ ပုံစံကို ပြောတာ။ အရေပြားအကြေးခွံရောဂါတွေထဲမှာ အတွေ့ရအများဆုံးပုံစံမို့လို့ ichthyosis vulgaris လို့ သုံးပါတယ်။ တချို့ကလည်း ငါးအကြေးခွံနဲ့တူလို့ fish scale disease လို့ ခေါ်ပါတယ်။ တကယ်တော့ ဒီရောဂါဟာ လူ (၂၅၀)မှာ တယောက်သာဖြစိနိုင်တယ်။ ဖြစ်တဲ့ အရေပြားက ငါးအကြေးခွံလိုလန်နေတာမို့ သိပ်သိသာတယ်။ မွေးရာပါဖြစ်နိုင်သလို အသက်ကြီးမှလည်း ဖြစ်နိုင်တယ်။အမှန်တော့ မွေးရာပါ ရောဂါ( hereditary ichthyosis)နဲ ့ အသက်ကြီးမှ ဖြစ်တဲ့ Acquired ichthyosis ခွဲရခက်တယ်။ တမွးရာပါ ဗီဇပါလာတဲ့ ichthyosis ရောဂါသည်တွေရဲ့ မိဘတွေမှာ ဓာတ်မတဲ့တဲ့ရောဂါအခံတခုခု ရှိနေတတ်ပါတယ်။ ဥပမာ နှင်းခူ၊ရင်ကျပ် စသည်ဖြင့် ဓာတ်မတဲ့တဲ့ရောဂါခံတခုခု။ သို့သော်ဒီလိုမိဘတွေဟာ ရောဂါဗီဇသယ်ဆောင်သူတွေသာဖြစ်ပြီး သူတို့ရဲ့ ကလေးငယ်တွေမှာ ငါးအကြေးခွံရောဂါ လာဖြစ်တတ်တယ်။ မှီးကောက်ပေါက်အရွယ်မှာ စတင်သတိထားမိကြတယ်။  သောက်ဆေးတွေကလည်း ငါးအကြေးခွံရောဂါဖြစ်စေနိုင်ပါတယ်။ nicotinic acid(ဗီတာမင် ဘီအုပ်စုဝင်) , triparanol(အဆီကျဆေး), butyrophenones(စိတ်ဆေး), dixyrazine(စိတ်ဆေး), cimetidine(အစာအိမ်ဆေး)နဲ့clofazimine (အနာကြီးရောဂါဆေး) တွေကြောင့်လည်း ichthyosis (ငါးအကြေးခွံရောဂါ)ဖြစ်စေနိုင်တာ တွေ့ရတယ်။ lymphoma ကင်ဆာကျိတ်၊ ခုခံအားကျဆင်းရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အာဟာရဓာတ်ခမ်းခြောက်တာအပြင်ကျောက်ကပ်ရောဂါတွေမှာ တွေ့ရတတ်တယ်။ ခုခံအားချင်းပြန်တိုက်တဲ့ အရေပြားလေးဖက်နာ နဲ့dermatomyositis ရောဂါတွေမှာလည်း တွေ့ရတတ်တယ်။ ဒီရောဂါဟာ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စတာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒီထဲမှာမှ ထူးထူးခြားခြားဆိုသလို ရေချိုးတဲ့နေရာပဲ ကွက်ဖြစ်တဲ့ Bathing suit ichthyosis ဆိုတာလည်း ရှိသေးတယ်။ မျက်နှာ၊ လက်၊ခြေထောက် စတဲ့နေရာတွေမှာမဖြစ်ဘဲ ရင်ဘတ်၊ ဗိုက်၊ကျော စတဲ့နေရာတွေမှာပဲ ကွက်ပြီးအသားအရေခြောက်သွေ့ကြမ်းတမ်းနေမယ်။ခန္ဓာကိုယ်အပူချိန်အပြောင်းအလဲကို ခံရတဲ့ နေရာမှာ အဓိကဖြစ်တယ်။ လေ့လာမှုတွေအရ ဒီရောဂါကတော့ transglutaminase-1 ဓာတ်ချို့တဲ့တာနဲ့ သက်ဆိုင်နေတတ်တယ်။  မိဘတမျိုးမျိုးဆီက မျိုးဗီဇပါလာသူဟာ အသက်တစ်နှစ် မပြည့်မှီ အရေပြားကြမ်းတမ်း ခြောက်သွေ့ပြီး ကွာတာမျိုး ဖြစ်နိုင်တယ်။ အထူးသဖြင့် လက်၊ခြေထောက်အကွေးအဆန့်လုပ်တဲ့ အပြင်ဖက် မျက်နှာပြင် (extensor surface) တွေမှာ တွေ့နိုင်တယ်။  ပါးပြင် ၊နဖူးစတဲ့နေရာတွေမှာ ဖြစ်နိုင်ပေမယ့် အသက်ရလာတာနဲ့ ပြန်ပျောက်သွားနိုင်တယ်။ တံတောင်၊ ခြေထောက်၊ ညှို့သကျီး စတဲ့နေရာတွေမှာ အဓိကဖြစ်တယ်။ အေးတဲ့ရာသီတွေမှာ ပိုဖြစ်တတ်တယ်။ Ichthyosis vulgaris ရဲ့ ထူးခြားတဲ့ လက္ခဏာရပ်တခုက အရပြားခြောက်သွေ့ကွဲအက်နေတာ ဖြစ်တယ်။  နှစ်ဖက်လုံး မှာ အတူတူဖြစ်တာတွေ့ရတယ်။ သာမန် အရေပြားခြောက်သွေ့တာကနေ ငါးအရေပြားလို အကြေးခွံလန်တာထိ အမျိုးမျိုး ဖြစိနိုင်တယ်။ အကြေးကွက်တွေက ဗဟုဂံပုံရှိပြီး တခုနဲ့တခုမညီဘူး။ 1mm-1cm ထိ အရွယ်အမျိုးမျိုးဖြစိနိုင်တယ်။ မြေကြီးပက်ကြားအက်သလို အရေပြားလည်း ကွဲအက်နေပါမယ်။ အကြေးခွံက အသားရောင်ကနေ အညိုရောင်၊အမဲရောင်ထိ ဖြစိန်ုင်တယ်။ ခြေလက်တွေရဲ့ မြင်ရတဲ့ အပြင်ဖက်မျက်နှာပြင်မှာဖြစ်မယ်။များသောအားဖြင့် ခြေထောက်မှာ ပိုဖြစ်တယ်။ အထူးသဖြင့် ခြေသလုံး၊ညို့သကျည်း စတဲ့နေရာတွေမှာ ထင်ထင်ရှားရှား တွေ့ရတယ်။တချို့က အိမ်မြှောင်အရေခွံနဲ့တင်စားကြတယ်။  ကြည့်လိုက်ရုံနဲ့ သိပ်သိသာတယ်။ ဗိုက်ထက် ကျောပြင်မှာ ပိုအဖြစ်များတယ်။ အဆီဂလင်းများတဲ့ မျကိနှာပေါ်မှာ အဖြစိနည်းတယ်။ ခေါင်းဦးရေပြားပေါ်လည်း ဖြစ်နိုင်တယ်။ အထူးသဖြင့် ပူနွေးတဲ့ဒေသတွေမှာ ဖြစ်ကြတယ်။ ခြေဖဝါး လက်ဖဝါးတွေမှာအရေခွံထူပြီး အဖြူဖတ်အကြေးခွံ လန်တာ(hyperkeratosis) ခေါ်တယ်။ကုတ်တာ ကြာလာရင် အနာရင်းပြီးအရေပြားပိုးဝင်နိုင်တယ်။ ဒီလိုရောဂါသည်တွေရဲ့ ပါးပြင်၊ ကုတ် စတဲ့နေရာတွေမှာ ကြာဆူး(Keratosis pilaris) ဖြစ်တတ်ပါတယ်။  မွေးရာပါ ငါးအကြေးခွံရောဂါ(hereditary ichthyosis vulgaris)က ပျောက်ဖို့ခက်တယ်။သို့သော် ရောဂါ၊ ဆေးဝါးတခုခုကြောင့်ဖြစ်တဲ့ acquired ichthyosis vulgaris ကတော့ စနစ်တကျကုရင် ပျောက်နိုင်ပါတယ်။ ရောဂါကုသတဲ့အခါ အစိုဓာတ် လိမ်းဆေးတွေကို အဓိက အသုံးပြုရမယ်။ အရေပြား အစိုဓာတ်ထိန်းတဲ့ urea သို့ propylene glycol နေ့စဉ်သုံးသင့်တယ်။ အရေပြား အကြေးခွံလန်ရင် lactic acid သို့ salicylic acid လိမ်းဆေးတွေသုံးပြီး ခွာနိုင်တယ်။ ဒီလိမ်းဆေးတွေက ဆဲလ်သေတွေ ကွာကျစေမယ်။ retinoid လိမ်းဆေးတွေကိုတော့ အရေပြားဆဲလ်ထူတဲ့သူတွေမှာ ပေးတယ်။ အရေပြားခြောက်သွေ့တာ၊ အကြေးခွံလန်တာ ပိုဆိုးလာရင်တော့ acitretin သို့isotretinoin သောက်ဆေးတွေနဲ့ ကုသရတယ်။  အစားအသောက်ကလည်း ဒီရောဂါကို ပိုဆိုးစေနိုင်လို့ သတိပြုရမယ်။ အထူးသဖြင့် ဓာတ်မတဲ့တဲ့ ဗီဇပါလာရင်အောက်ပါအစားအသောက်တွေ သတိထားစားပါ။ မြေပဲ၊ ဂျုံ၊ အစေ့အဆန်၊ အခွံမာသီး၊ ကြက်ဥ၊နွားနို့၊ပဲပုပ်၊အကြေးခွံပါတဲ့ငါး စတာတွေ ရှောင်ပါ။ နွေရာသီအပြင်ထွက်ရင် သတိပြုပါ။ ရေများများသောက်ပါ။ ဗီတာမင်အေပါတဲ့ အသီးအရွက် သစ်သီးဖျော်ရည်တွေက ရောဂါကို သက်သာစေနိုင်ပါတယ်။ ဆေးတွေထဲမှာ vitamin A, omega 3, vitamin C, E ပါတဲ့ အားဆေးတွေ နေ့စဉ် သောက်ပေးသင့်တယ်။ အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ အစိုဓာတ်လိမ်းဆေးတွေကို နေ့စဉ်လိမ်းခြင်းဖြင့် သက်သာပျောက်ကင်းနိုင်တယ်။ ဒေါက်တာအေးမင်းထူး (အရေပြားအထူးကုဆရာဝန်) If you have been suffering from […]

Squamous cell carcinoma အပေါ်ယံဆဲလ် အရေပြားကင်ဆာ Squamous cell carcinoma (SCC) is the second most common form of skin cancer, occurred mainly on sun-exposed areas.