Kyrle’s disease (Acquired perforating dermatosis) ခါးလ်ရောဂါ
UVB therapy ခရမ်းလွန်ရောင်ခြည် အလင်းကုထုံး UVB Therapy ဆိုတာဟာ ခရမ်းလွန်ရောင်ခြည် B (Ultraviolet B) ကို အသုံးပြုပြီး အရေပြားရောဂါတွေကို ကုသတဲ့ ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ ဒါဟာ အလင်းကုထုံး (Phototherapy) တွေထဲမှာ အလွန်အသုံးများပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ UVB ကုထုံးဟာ UVA ကုထုံးထက် ဘေးထွက်ဆိုးကျိုး ပိုမိုနည်းပါးလို့ ပိုအသုံးဝင်တယ်။ UVB အလင်း ကုထုံးတွေထဲမှာ Broadband UVB နဲ့ Narrowband UVB ဆိုပြီး နှစ်မျိုးရှိတယ်။Broadband UVB (BB-UVB)မှာ UVB ရောင်ခြည်ရဲ့ လှိုင်းအလျား အကုန်လုံးကို အသုံးပြုတယ်။ အရင်ခေတ်က ဒီနည်းလမ်းကို အသုံးပြုခဲ့ပေမယ့် နေလောင်နိုင်ခြေမြင့်မားလို့ အခုခေတ်မှာ NB-UVB […]
Excimer Laser ခရမ်းလွန်ရောင်ခြည်လေဆာ Excimer Laser ဆိုတာ ခရမ်းလွန်ရောင်ခြည်ဘီ (Ultraviolet B – UVB)ရဲ့ လှိုင်းအလျား 308 nm ကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ Excited Dimer ရဲ့ အတိုကောက်ကို ယူထားလို့ Excimer Laser ခေါ်ပါတယ်။ ဒီလေဆာဟာ အရေပြားဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ကွဲပွားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလို့ အရေပြားရောဂါကုသရာမှာ အထူးထိရောက်မှုရှိပါတယ်။ Excimer Laser လေဆာဟာ ထပ်တရာနာ (Psoriasis)၊ ခရုသင်းရောဂါ (Vitiligo)၊ နှင်းခူရောဂါ (Atopic Dermatitis)၊ လူကြီးမှဲ့ခြောက် (Seborrheic Keratosis)နဲ့ အရေပြားပြန်ရည်ကြောကင်ဆာ (Cutaneous T-Cell Lymphoma)တွေမှာ အဓိကသုံးကြတယ်။ Excimer Laser ရဲ့ အသုံးဝင်ပုံ —————————- ၁။ […]
နှင်းခူချပ်ပြင် နှင်းခူချပ်ပြင် (LSC)ကို neurodermatitis circumscripta လို့လည်း ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရီအေးဆစ်ကြေးခွံနာအရေပြားရောဂါသည်တွေမှာ တွေ့ရတယ်။ နောက်ပြီး နှင်းခူအမျိုးအစားဝင် atopic dermatitis နဲ့seborrheic dermatitis အရေပြားတွေမှာလည်း ဖြစ်ကြတယ်။ ဓာတ်မတဲ့ရာကနေလည်း ဖြစ်နိုင်သေးတယ်။ အစားအသောက်ကြောင့် ဖြစ်တာတော့ ရှားတယ်။ ဒီရောဂါက အလွန်အဖြစ်များပြီး အသက် (၄၀)ကျော်အရွယ်တွေ ပိုတွေ့ရတယ်။ နှင်းခူချပ်ပြင်ဟာထပ်ခါတစ်လဲလဲကုတ်ခြစ်ရာကတဆင့် အရေပြားအောက်လွှာမှာ amyloid ဓာတ်တွေ စုပုံရာက ဖြစ်စေတယ်။ ခြေ၊လက်စတဲ့နေရာတွေမှာ အတွေ့များတယ်။ နာတာရှည်ရောဂါဖြစ်ပြီး ကုတ်ခြစ်ရာက ပြန်ပြန်ဖြစ်ကြတယ်။ ဒီလိုနဲ့ ရောဂါက တဖြည်းဖြည်းပိုဆိုးလာပါတယ်။ ကုသနည်း ကုနည်းအမျိုးမျိုးရှိတယ်။ လိမ်းဆေးထဲမှာ topical steroid, calcineurine inhibitor, antibiotic ointment စသည်ဖြင့် ပေးရတယ်။ တချို့ သောက်ဆေးအဆင့်ထိ ပေးရတတ်တယ်။ အကြေးခွံလန် အသားအရည်ခြောက်သွေ့တာအတွက် အစိုဓာတ်ထိန်းဆေးတွေလည်း လိုအပ်ပါတယ်။ အရေးကြီးဆုံးအချက်က ယားတဲ့နေရာ ဆက်မကုတ်မနိုင်အောင် ဆေးစည်း၊အဝတ်စည်းတာမျိုး လုပ်ပြီး ကုသနိုင်မှ ပျောက်ကင်းတယ်။စနစ်တကျဆေးကုသနိုင်ရင် ၄-၆ ပတ်အတွင်း သက်သာပျောက်ကင်းနိုင်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။




