Lipoma အဆီကျိတ် Lipoma ဆိုတာ အရေပြားအောက်မှာတွေ့ရတဲ့ အဆီကျိတ်ကို ခေါ်ပါတယ်။ ဒီအကျိတ်တွေဟာ ကင်ဆာကျိတ်မဟုတ်ဘဲ ရိုးရိုးသာမန်အကျိတ်တွေသာဖြစ်ပါတယ်။ အဆီကျိတ်အများစုဟာ အဆီလွှာထဲမှာ ဖြစ်ပေါ်လေ့ရှိပြီး လက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာသာ အတွေ့ရများတယ်။lipoma အဆီကျိတ်တွေဟာ အဆီရှိတဲ့ ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၄၀-၆၀အတွင်း လူကြီးတွေမှာ အဖြစ်များတယ်။ ကမ္ဘာ့လူဦးရေရဲ့ (၁)ရာခိုင်နှုန်းမှာ အဆီကျိတ်ရှိတာ တွေ့ရတယ်။ ဘာ့ကြောင့် အဆီကျိတ်ဖြစ်လဲ ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရသေးပါဘူး။ သီအိုရီတစ်ခုက အဆီလွှာမှာ ဒဏ်ဖြစ်ပြီး cytokines ရောင်ရမ်းဓာတ်စုပုံရာကတဆင့် အဆီလွှာမှာ ဆဲလ်တွေကွဲပွားမှုကြောင့် အဆီကျိတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဟော်မုန်းနဲ့လည်း သက်ဆိုင်တတ်ပါတယ်။ ဒါ့ပြင် မျိုးဗီဇရှိတာ၊ လှုပ်ရှားမှုနည်းတာ၊ နောက်ခံရောဂါတစ်မျိုးမျိုးရှိတာ (ဥပမာ Gardner syndrome, adiposis dolorosa, familial multiple lipomatosis, Madelung […]
အနာပဆုပ်(Carbuncles)ဆိုတာ မွှေးညင်းအိတ်ပိုးဝင်ရာက ဖြစ်ပေါ်လာတဲ့ ပြည်တည်နာအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ အနာတွေ အဆုပ်လိုက်ဖြစ်တာမို့ အနာပဆုပ် လို့ခေါ်ပါတယ်။ လက်တင်စကားအရ carbuncle ဆိုရင် “အနီရောင် နတ်သွေးကျောက်”လို့ အဓိပ္ပါယ် ရပါတယ်။ အနီရောင်အလုံးကျိတ်အဖြစ် မြင်တွေ့ရတယ်။ အနာစိမ်း၊ မွေးကျွတ်နာ တွေထက် အလုံး ပိုကြီးပြီး ပိုနက်ပါတယ်။ အောက်ဆုံးအဆီလွှာ(subcutaneous layer)ထိ ပိုးဝင်တတ်ပါတယ်။ အနာပဆုပ်တစ်လုံးဟာ အရွယ်အစား ၁-၄လက်မထိ ရှိနိုင်တယ်။ ဖြစ်စမှာ အနီရောင်ပြည်ကျိတ်တွေက တဖြည်းဖြည်း အရွယ်အစားကြီးလာတယ်။ အနာက နီးစပ်ရာ အရေပြားကိုကူးစက်လာပြီး ကျယ်ပြန့်လာတယ်။ အကျိတ်က အစွန်းကုန်ရောင်ပြီး ဖောင်းတက်လာတယ်။ ဘေးမျက်နှာပြင်ပါ ရောင်ရမ်းရဲတက်လာသလို ပူနွေးလာပါတယ်။ အရေပြားမှာ ပြည်အကျိတ် အစိုင်အခဲအနေနဲ့ စမ်းမိနိုင်တယ်။ ဒီအဆင့်ဟာ ပြည်တည်နာ အချင်းချင်းစုပြီး အဆုပ်လိုက်ဖြစ်လာတဲ့အဆင့် ဖြစ်ပါတယ်။ အနာက […]