Open 9:00-12:00 AM
+95 92051590

Category Archive : Folliculitis

Pityrosporum folliculitis မွေးညှင်းပေါက် မှိုဝက်ခြံ Pityrosporum Folliculitis ဆိုတာ မွေးညှင်းပေါက် (hair follicles)ထဲကို မှိုပိုး ဝင်ရောက်ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကျောပြင်၊ လက်မောင်း၊ ရင်ဘတ်၊ မျက်နှာစတဲ့နေရာတွေမှာ အဖြစ်များတယ်။ Malassezia လို့ခေါ်တဲ့ မှိုအမျိုးအစားကြောင့် အဓိကဖြစ်ပြီး ဒီမှိုပိုးဟာ လူ့အရေပြားပေါ်မှာ ပုံမှန်နေထိုင်နေတတ်ပါတယ်။ မှိုပိုးဟာ ပုံမှန်ထက်ပိုပြီး ပွားများလာရင် ရောင်ရမ်းပြီး ဝက်ခြံနဲ့ တူတဲ့ အနာလေးတွေ ထွက်လာတတ်တယ်။ Malassezia မှိုဟာ ချွေးထွက်များခြင်း၊ အဆီထွက်များခြင်း နဲ့ စိုထိုင်းသော ရာသီဥတု တို့ကြောင့် အလွန်အမင်း ပွားများတတ်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းနေသူတွေ (ဥပမာ – ဆီးချိုရောဂါ၊ HIV/AIDS၊ ကင်ဆာရောဂါ) မှာ ပိုဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးများ (Antibiotics) ကြာရှည်သောက်သုံးခြင်းကြောင့် […]

Hot tub folliculitis ရေပူကန်မွေးကျွတ်နာ Hot Tub Folliculitis (ရေပူကန် မွေးကျွတ်နာ) ဆိုတာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ ယားနာဖု အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် Pseudomonas aeruginosa လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး ပူနွေးတဲ့ရေထဲမှာ ဒီဘက်တီးရီးယားတွေ ရှိနေတတ်တယ်။ ကလိုရင်းသန့်စင်မှု အားနည်းတဲ့ ရေပူကန် ဒါမှမဟုတ် ရေကူးကန်ထဲမှာ ခပ်ကြာကြာစိမ်မိတဲ့အခါ ပိုးဝင်ရောက်လာတယ်။ ရေပူနဲ့ ထိတွေ့မိတဲ့ အရေပြားမွေးညှင်းပေါက်တွေ (hair follicles)ဟာ ရောင်ရမ်းပြီး အနီစက်တွေ၊ ယားယံတဲ့ အဖုအပိမ့်တွေ စတင်ထွက်လာပါတယ်။ ဘာလက္ခဏာတွေ ပြတတ်သလဲ? ရေကန်ထဲဆင်းပြီး ၆ နာရီကနေ ၄၈ နာရီအတွင်း ယားယံတဲ့ အနီကွက်တွေ၊ အဖုသေးသေးလေးတွေ အစုလိုက်ထွက်လာတယ်။ ဒီအဖုတွေဟာ ဝက်ခြံ၊ အပူဖုလို […]

Majocchi granuloma မှိုပိုးအကျိတ် Majocchi’s Granuloma ဆိုတာက မှိုပိုးကြောင့်ဖြစ်တဲ့ အနာကျိတ်တစ်မျိုး ဖြစ်ပါတယ်။ဒီရောဂါဟာ Trichophyton rubrum အပါအဝင် အခြားသော Trichophyton မျိုးစိတ်တွေကြောင့် ဖြစ်တယ်။ မှိုပိုးတွေဟာ ပုံမှန်အားဖြင့် အရေပြားမျက်နှာပြင်မှာသာ ကူးစက်ပျံ့ပွားလေ့ရှိပါတယ်။ အရေပြားကုတ်ခြစ်ခြင်း၊ အမွေးရိတ်ခြင်း စတာတွေကြောင့် ဒဏ်ရာရတဲ့အခါ မွေးညှင်းပေါက်ကတဆင့် အရေပြားအောက်ခြေထိ ဝင်ရောက်သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဒီမှိုပိုးတွေကို တိုက်ထုတ်တဲ့အခါ ရောင်ရမ်းမှု နဲ့ အဖုအကျိတ်လေး (granuloma)တွေကို ဖြစ်ပေါ်လာစေပါတယ်။ လက္ခဏာများ မှိုပိုးဝင်တဲ့အခါ အနီရောင်အကွက် (Plaques)တွေ စဖြစ်လာတယ်။ အနီကွက်မျက်နှာပြင်မှာ မွေးညင်းပေါက်အနာဆန်ဆန်  ပြည်တည်နာလေးတွေ (pustules) ပေါ်တတ်ပါတယ်။ ရဲနေတဲ့ အရေပြားမှာ မညီညာတဲ့ အဖုတွေ အပြင်လိုက်ထွက်နေတတ်တယ်။ စစ်ဆေးကြည့်ရင် အဖုတွေဟာ အနည်းငယ် မာပြီး ခဲနေတတ်ပါတယ်။ […]

29 Oct, 2021 | No Comments

Carbuncles

အနာပဆုပ်(Carbuncles)ဆိုတာ မွှေးညင်းအိတ်ပိုးဝင်ရာက ဖြစ်ပေါ်လာတဲ့ ပြည်တည်နာအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ အနာတွေ အဆုပ်လိုက်ဖြစ်တာမို့ အနာပဆုပ် လို့ခေါ်ပါတယ်။ လက်တင်စကားအရ carbuncle ဆိုရင် “အနီရောင် နတ်သွေးကျောက်”လို့ အဓိပ္ပါယ် ရပါတယ်။ အနီရောင်အလုံးကျိတ်အဖြစ် မြင်တွေ့ရတယ်။ အနာစိမ်း၊ မွေးကျွတ်နာ တွေထက် အလုံး ပိုကြီးပြီး ပိုနက်ပါတယ်။ အောက်ဆုံးအဆီလွှာ(subcutaneous layer)ထိ ပိုးဝင်တတ်ပါတယ်။  အနာပဆုပ်တစ်လုံးဟာ အရွယ်အစား ၁-၄လက်မထိ ရှိနိုင်တယ်။ ဖြစ်စမှာ အနီရောင်ပြည်ကျိတ်တွေက တဖြည်းဖြည်း အရွယ်အစားကြီးလာတယ်။ အနာက နီးစပ်ရာ အရေပြားကိုကူးစက်လာပြီး ကျယ်ပြန့်လာတယ်။ အကျိတ်က အစွန်းကုန်ရောင်ပြီး ဖောင်းတက်လာတယ်။ ဘေးမျက်နှာပြင်ပါ ရောင်ရမ်းရဲတက်လာသလို ပူနွေးလာပါတယ်။ အရေပြားမှာ ပြည်အကျိတ် အစိုင်အခဲအနေနဲ့ စမ်းမိနိုင်တယ်။ ဒီအဆင့်ဟာ ပြည်တည်နာ အချင်းချင်းစုပြီး အဆုပ်လိုက်ဖြစ်လာတဲ့အဆင့် ဖြစ်ပါတယ်။ အနာက […]