Syringoma မျက်ခွံချွေးအိတ်ဖုလေးများ Syringoma ဆိုတာ ချွေးဂလင်းကြီးထွားရာက ဖြစ်ပေါ်လာတဲ့ မျက်ခမ်းအောက်အဖုလေးတွေ ဖြစ်ပါတယ်။ ချွေးအိတ်ဖုလို့လည်း ခေါ်ပါတယ်။ ချွေးအိတ်ဖု (syringoma) ဟာ အရေပြားနဲ့ တိုက်ရိုက်ဆက်သွယ်ထားတဲ့ချွေးဂလင်း(eccrine sweat gland)တွေ ပိတ်ဆို့ရာက အဓိကဖြစ်လာပါတယ်။ အထူးသဖြင့် ချွေးဂလင်းအိတ်တွေရဲ့ အောက်ခြေမှာ ပိတ်ဆို့လေ့ရှိတယ်။ ချွေးထွက်များသူ၊ မိတ်ကပ်လိမ်းသူတွေဟာ ဒီလို ချွေးအိတ်ဖုတွေ ဖြစ်တတ်တယ်။ မျက်ခွံချွေးအိတ်ဖု(syringoma)ဟာ အရွယ်အစားအားဖြင့် ၁-၃ စင်တီမီတာလောက်သာ ရှိတယ်။ ပုံမှန်အားဖြင့် ယားယံတာ၊ ရောင်ရမ်းတာမရှိဘူး။ သို့သော် တချို့ချွေးထွက်ရင် ယားယံတတ်ပါတယ်။ များသောအားဖြင့် အောက်မျက်ခမ်းမှာတွေ့ရပြီး အုပ်စုလိုက်ဖြစ်တယ်။ မျက်ခွံ၊ ပါးပြင်နဲ့ လည်ပင်းနေရာတွေမှာဖြစ်ကြတယ်။ တခါတရံ ဂျိုင်း၊ပေါင်ခြံ၊ လိင်အင်္ဂါမှာလည်းဖြစ်နိုင်ပါတယ်။ အသားမဲသူတွေမှာ ဖြစ်ရင် အဝါရောင် (သို့) အသားရောင် အဖုလေးတွေအဖြစ် မြင်တွေ့ရတယ်။ […]
Eccrine poroma ချွေးကျိတ်ဖု