Steatocystoma multiplex ဆိုတာ ခန္ဓာကိုယ်ပေါ် အဆီအိတ်ပြွန် (pilosebaceous duct) လမ်းကြောင်းပျက်စီးပြီး ဖြစ်ပေါ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ အဆီပြွန်အိတ်က တစ်ခုထဲသီးခြားတွေ့ရရင် Steatocystoma simplex ခေါ်ပါတယ်။ မျိုးရိုးလိုက်တတ်တာကြောင့် မိဘမှာရှိရင် ကလေးမှာလည်း တွေ့ရတတ်ပါတယ်။ ကျားမ အရွယ်မရွေးဖြစ်နိုင်တယ်။ သီအိုရီတွေအရ Steatocystoma တွေဟာ keratin 17 gene (K17) ဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာပါတယ်။ အဆီအိတ်ရဲ့ ပြွန်လမ်းကြောင်းတလျှောက် မူမမှန်တဲ့ ကြီးထွားမှုဟာ အဆီသယ်ဆောင်မှုကို အနှောက်ယှက်ပေးတာကြောင့်အဆီပြွန်အိတ်တွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာပါတယ်။ လူပျို၊အပျိုဝင်စမှာ ဟော်မုန်းပြောင်းလဲမှုက အဆီဂလင်းကို လှုံ့ဆော်မှုကြောင့် အဆီပြွန်အိတ်ပိတ်ဆို့မှုဟာ ပိုမိုသိသာလာပါတယ်။ အဆီပြွန်အိတ်တွေဟာ လူပျိုပေါက်အရွယ်တွေရဲ့ ရင်ဘတ်မှာ အတွေ့များပါတယ်။ မျက်နှာ၊ ဂျိုင်း၊ လက်မောင်း၊ ရင်ဘတ်စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် […]
Epidermal nevus မွေးရာပါ ကြွက်နို့မှဲ့ Epidermal naevus ဆိုတာ အရေပြားမှာတွေ့ရတဲ့ ကြွက်နို့ဆန်ဆန် မှဲ့တစ်မျိုး ဖြစ်ပါတယ်။ ကြွင်နို့မှဲ့အများစုဟာ မွေးကင်းစအရွယ်ကတည်းကပါလာပြီး ကလေးအသက်တစ်နှစ်အတွင်း စတင်ပေါ်ပေါက်လာတတ်ပါတယ်။ သန္ဓေသားကြီးထွားစဉ် အပြင်ဆုံးလွှာ ectoderm မှာ ချို့ယွင်းချက်ဖြစ်လာရာက ဒီလိုအပေါ်ယံဆဲလ်ကဖြစ်တဲ့ ကြွက်နို့မှဲ့တွေ ပေါ်ပေါက်လာပါတယ်။သန္ဓေသားအရွယ်မှာ FGFR3, PIK3CA, HRAS ဗီဇဆဲလ်ပြောင်းလဲမှုကြောင့် ဖြစ်တယ်လို့ ဆိုကြတယ်။ ကြွက်နို့မှဲ့ဖြစ်တဲ့အခါ အရေပြားအပေါ်လွှာမှာရှိတဲ့ keratinocytes ဆဲလ်တွေဟာ အဆမတန်ကြီးထွားလာပါတယ်။ မှဲ့ပုံစံပေါ်မူတည်ပြီး Linear epidermal naevus၊ Linear porokeratosis၊ Epidermolytic epidermal naevus၊ Acantholytic epidermal naevus၊Systematised epidermal naevi စသည်ဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။ Linear epidermal naevus ဟာ ခန္ဓာကိုယ်နဲ့ […]
Juvenile xanthogranuloma (JXG)ဆိုတာ ကိုလက်စတောပြည့်ဝတဲ့ histiocytes ဆဲလ်တွေ အလွန်အကျွံပွားများပြီး အရေပြားမှာ အဖုကျိတ်ပုံစံ ဖြစ်ပေါ်လာတဲ့ အနေထားတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာ၊လည်ပင်း၊ရင်ဘတ်၊ကျောပြင် စတဲ့နေရာတွေမှာ ပန်းရောင်၊ လိမ္မော်ရောင်၊ အသားရောင်အဖုကျိတ်ပုံစံ ဖြစ်ပေါ်လာတယ်။ ခပ်မာမာခဲခဲ အဖုပုံစံအဖြစ်များပြီး တခါတရံ အသားလုံးကျိတ်ပုံစံမျိုး ရှိတတ်တယ်။ အကျိတ်က ကြီးလာရင် မာပြီး အနာဖြစ်တတ်တယ်။ ဘာ့ကြောင့်ဖြစ်လဲသေချာမသိရပေမယ့် ထိခိုက်မိတာ၊ ဗိုင်းရပ်စ်ဝင်တာ၊ မျိိုးဗီဇရုတ်တရက်ပြောင်းလဲတာနဲ့ kinase ရောင်ရမ်းဓာတ် ရုတ်ခြည်းမြင့်တက်လာတာတွေကြောင့် ဖြစ်နိုင်တယ်။ လူဦးရေတစ်သန်းမှာ တစ်ယောက်သာဖြစ်နိုင်လို့ ရှားပါးရောဂါခေါ်ရမယ်။အများစုဟာ မွေးကင်းစတစ်နှစ်အရွယ်အတွင်း ဖြစ်တာ တွေ့ရတယ်။ လူကြီးဖြစ်တာရှားပေမယ့် အသက်(၃၀)အတွင်းဖြစ်နိုင်သေးတယ်။ ယောကျာ်းလေးတွေမှာပိုတွေ့ရတယ်။xanthogranuloma ကျိတ်တွေဟာ တခြားကျိတ်တွေနဲ့ ဆင်တူရိုးမားရှိတတ်လို့ အသားစယူစစ်ဆေးနိုင်ပါတယ်။ မျက်လုံးအိမ်မှာဖြစ်ရင် မျက်စိဆရာဝန်နဲ့ပါ စမ်းသပ်စစ်ဆေးနိုင်တယ်။ Juvenile xanthogranuloma အများစုဟာ အသက်(၅)နှစ်မတိုင်မှီ သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ လူကြီးတွေမှာဖြစ်လာတဲ့အခါ […]
Syringoma မျက်ခွံချွေးအိတ်ဖုလေးများ Syringoma ဆိုတာ ချွေးဂလင်းကြီးထွားရာက ဖြစ်ပေါ်လာတဲ့ မျက်ခမ်းအောက်အဖုလေးတွေ ဖြစ်ပါတယ်။ ချွေးအိတ်ဖုလို့လည်း ခေါ်ပါတယ်။ ချွေးအိတ်ဖု (syringoma) ဟာ အရေပြားနဲ့ တိုက်ရိုက်ဆက်သွယ်ထားတဲ့ချွေးဂလင်း(eccrine sweat gland)တွေ ပိတ်ဆို့ရာက အဓိကဖြစ်လာပါတယ်။ အထူးသဖြင့် ချွေးဂလင်းအိတ်တွေရဲ့ အောက်ခြေမှာ ပိတ်ဆို့လေ့ရှိတယ်။ ချွေးထွက်များသူ၊ မိတ်ကပ်လိမ်းသူတွေဟာ ဒီလို ချွေးအိတ်ဖုတွေ ဖြစ်တတ်တယ်။ မျက်ခွံချွေးအိတ်ဖု(syringoma)ဟာ အရွယ်အစားအားဖြင့် ၁-၃ စင်တီမီတာလောက်သာ ရှိတယ်။ ပုံမှန်အားဖြင့် ယားယံတာ၊ ရောင်ရမ်းတာမရှိဘူး။ သို့သော် တချို့ချွေးထွက်ရင် ယားယံတတ်ပါတယ်။ များသောအားဖြင့် အောက်မျက်ခမ်းမှာတွေ့ရပြီး အုပ်စုလိုက်ဖြစ်တယ်။ မျက်ခွံ၊ ပါးပြင်နဲ့ လည်ပင်းနေရာတွေမှာဖြစ်ကြတယ်။ တခါတရံ ဂျိုင်း၊ပေါင်ခြံ၊ လိင်အင်္ဂါမှာလည်းဖြစ်နိုင်ပါတယ်။ အသားမဲသူတွေမှာ ဖြစ်ရင် အဝါရောင် (သို့) အသားရောင် အဖုလေးတွေအဖြစ် မြင်တွေ့ရတယ်။ […]