Eruptive vellus hair cysts မွေးညှင်းအိတ် အဖုလေးများ
Steatocystoma multiplex အဆီခဲကျိတ်လေးများ
Nodular elastosis နေလောင်ဒဏ် အဆီဖုထခြင်း
Mucocele ဆိုတာ အကျိချွဲအရည်အိတ်(mucus cyst)တစ်မျိုး ဖြစ်တယ်။ အောက်နှုတ်ခမ်းကို မတော်တဆကိုက်မိရာက အရည်အောင်းပြီး နှုတ်ခမ်းအရည်အိတ် (mucocele)ဖြစ်လာတယ်။ စမ်းကြည့်ရင် ခပ်လုံးလုံး၊ ခပ်ပျော့ပျော့အိတ်ကို အောက်နှုတ်ခမ်းထဲမှာ တွေ့ရတယ်။ နှုတ်ခမ်းအတွင်းသား၊ ပါးစပ်အောက်ခြေ၊ သွားဖုံး၊ ပါးစောင်၊လျှာ စတဲ့နေရာတွေလည်း ရံဖန်ရံခါတွေ့နိုင်တယ်။ mucocele အရည်အိတ်က ၁-၁၅ မီလီမီတာအတွင်း အရွယ်အမျိုးမျိုးဖြစ်နိုင်တယ်။ တချို့ ပဲစေ့ဆိုက်လောက်ရှိတယ်။ တခါတရံ ၃-၄လုံး တပြိုင်နက် ဖြစ်တတ်တယ်။ နှုတ်ခမ်းသားဖြစ်တဲ့နေရာပေါ်လိုက်ပြီး ခရမ်းရောင်၊ပန်းရောင်အိတ် မျိုးစုံဖြစ်နိုင်တယ်။ အမှန်တော့အကျိအချွဲထုတ်ပေးတဲ့ အတွင်းပိုင်း တံတွေးပြွန်(salivary ducts)တွေ ထိခိုက်မိရာက ပြွန်ပေါက်ထွက်ပြီး နှုတ်ခမ်းသားအောက် mucus အရည်တွေ အောင်းလာတာဖြစ်ပါတယ်။နှုတ်ခမ်းကိုက်တာ၊ စုပ်တာတွေက အဓိကဖြစ်စေတယ်။ ကုသနည်း superficial mucocele (အပေါ်ယံ နှုတ်ခမ်းအရည်အိတ်)ဟာ ၃-၆ပတ်အတွင်း သူ့ဘာသာပေါက်ပြီး အလိိုလိုသက်သာသွားနိုင်တယ်။ […]