Open 9:00-12:00 AM
+95 92051590

Steatocystoma multiplex

24 Nov, 2021 | No Comments

Steatocystoma multiplex

Steatocystoma multiplex ဆိုတာ ခန္ဓာကိုယ်ပေါ် အဆီအိတ်ပြွန် (pilosebaceous duct) လမ်းကြောင်းပျက်စီးပြီး ဖြစ်ပေါ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ အဆီပြွန်အိတ်က တစ်ခုထဲသီးခြားတွေ့ရရင် Steatocystoma simplex ခေါ်ပါတယ်။ မျိုးရိုးလိုက်တတ်တာကြောင့် မိဘမှာရှိရင် ကလေးမှာလည်း တွေ့ရတတ်ပါတယ်။ ကျားမ အရွယ်မရွေးဖြစ်နိုင်တယ်။ 

သီအိုရီတွေအရ Steatocystoma တွေဟာ keratin 17 gene (K17) ဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာပါတယ်။ အဆီအိတ်ရဲ့ ပြွန်လမ်းကြောင်းတလျှောက် မူမမှန်တဲ့ ကြီးထွားမှုဟာ အဆီသယ်ဆောင်မှုကို အနှောက်ယှက်ပေးတာကြောင့်အဆီပြွန်အိတ်တွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာပါတယ်။ လူပျို၊အပျိုဝင်စမှာ ဟော်မုန်းပြောင်းလဲမှုက အဆီဂလင်းကို လှုံ့ဆော်မှုကြောင့် အဆီပြွန်အိတ်ပိတ်ဆို့မှုဟာ ပိုမိုသိသာလာပါတယ်။

အဆီပြွန်အိတ်တွေဟာ လူပျိုပေါက်အရွယ်တွေရဲ့ ရင်ဘတ်မှာ အတွေ့များပါတယ်။ မျက်နှာ၊ ဂျိုင်း၊ လက်မောင်း၊ ရင်ဘတ်စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် ၂-၂၀ မီလီမီတာလောက်သာ ရှိတယ်။ အဝါရောင် မာမာခဲခဲအဆီကျိတ်ငယ်လေး

တွေ အစုလိုက်တွေ့ရတယ်။ တချို့ကျိတ်တွေမှာ အဝါရောင်အဆီရည်တွေအောင်းနေတတ်တယ်။ တချို့ကျိတ်တွေဟာ နာတာရှည်ရောင်ရမ်းမှုကြောင့် အမာရွတ်ကျန်တတ်တယ်။အသာူစယူစစ်ကြည့်ရင် အထဲမှာ နံရံပါးတဲ့ dermal cyst ပုံစံတွေ့ရတယ်။ 

အဆီပြွန်အိတ် (Steatocystoma)အများစုကို incision ဓားရာပေးပြီး ညှစ်ထုတ်ပစ်ရတယ်။ လေဆာပစ်တာ၊ လျှပ်စစ်တို့ပျက်ဆီးတာ၊ အေးခဲနည်းစတာတွေ အသုံးပြုနိုင်ပါတယ်။ ​antibiotics ပိုးသတ်ဆေးတွေက ရောင်ရမ်းတဲ့အိတ်တွေမှာ ပေးဖို့လိုပါတယ်။ isotretinoin သောက်ဆေးတွေက အဆီအိတ်ကိုရှုံ့သွားစေတဲ့အပြင် ရောင်ရမ်းမှုကိုပါ သက်သာစေပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

Write Reviews

Leave a Comment

No Comments & Reviews