Steatocystoma multiplex ဆိုတာ ခန္ဓာကိုယ်ပေါ် အဆီအိတ်ပြွန် (pilosebaceous duct) လမ်းကြောင်းပျက်စီးပြီး ဖြစ်ပေါ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ အဆီပြွန်အိတ်က တစ်ခုထဲသီးခြားတွေ့ရရင် Steatocystoma simplex ခေါ်ပါတယ်။ မျိုးရိုးလိုက်တတ်တာကြောင့် မိဘမှာရှိရင် ကလေးမှာလည်း တွေ့ရတတ်ပါတယ်။ ကျားမ အရွယ်မရွေးဖြစ်နိုင်တယ်။ သီအိုရီတွေအရ Steatocystoma တွေဟာ keratin 17 gene (K17) ဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာပါတယ်။ အဆီအိတ်ရဲ့ ပြွန်လမ်းကြောင်းတလျှောက် မူမမှန်တဲ့ ကြီးထွားမှုဟာ အဆီသယ်ဆောင်မှုကို အနှောက်ယှက်ပေးတာကြောင့်အဆီပြွန်အိတ်တွေ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာပါတယ်။ လူပျို၊အပျိုဝင်စမှာ ဟော်မုန်းပြောင်းလဲမှုက အဆီဂလင်းကို လှုံ့ဆော်မှုကြောင့် အဆီပြွန်အိတ်ပိတ်ဆို့မှုဟာ ပိုမိုသိသာလာပါတယ်။ အဆီပြွန်အိတ်တွေဟာ လူပျိုပေါက်အရွယ်တွေရဲ့ ရင်ဘတ်မှာ အတွေ့များပါတယ်။ မျက်နှာ၊ ဂျိုင်း၊ လက်မောင်း၊ ရင်ဘတ်စတဲ့နေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ အရွယ်အစားအားဖြင့် […]
LEOPARD syndrome မွေးရာပါ ကျားသစ်အရေပြားကွက် ရောဂါ
Keratosis follicularis ဆိုတာ မွှေးညင်းပေါက်ပိတ်ဆို့ရာကဖြစ်တဲ့ ကြာဆူးဆန်ဆန် နီညိုရောင်အဖုလေးတွေဖြစ်ပါတယ်။ အရေပြားက စူထွက်နေတဲ့ ဝတ်ဆံလေးတွေကို keratosis ခေါ်ပါတယ်။ follicularis ဆိုတာ မွှေးညင်းပေါက် ပိတ်ဆို့ရာက ဖြစ်ရတာ။ စူထွက်တဲ့ အသားမာဖုပေါ်မှာ မဲညစ်ညစ် ဝါကျင့်ကျင့် keratin ဖယောင်းဖတ်တွေ ကပ်နေတာကို keratosis follicularis ခေါ်ပါတယ်။ နောက်ပိုင်းမှာ Darier disease လို့ပဲ သုံးနှုန်းကြတော့တယ်။ ATP2A2 gene မျိုးဗီဇပြောင်းလဲမှုနဲ့ အဓိကသက်ဆိုင်တယ်။ မိဘတစ်ဦးဦးဆီက အဆိုပါမျိုးဗီဇ အမွေဆက်ခံလို့ ဖြစ်ပါတယ်။ အရေပြားဆဲလ်တွေကြား ကော်လိုကပ်ပေးနိုင်တဲ့ desmosome ပုံစံပျက်သွားရာက keratinocyte ပွားများမှုကို မထိန်းချုပ်နိုင်တော့ဘူး။ ဒီဆဲလ်ပွားများမှုဟာ အရေပြားထိခိုက်တဲ့အခါ ပိုဖြစ်လာပါတယ်။ အဆီပြန်တဲ့နေရာတွေနဲ့ အရေပြားပွတ်တိုက်မှုများတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ အချိန်ကြာတာနဲ့အမျှ ကရာတင်တွေ ပိုများလာပြီး […]
ကြာဆူးကို ဆေးပညာလို keratosis pilaris လို့ ခေါ်ပါတယ်။ ပိုတိကျအောင် ပြောရရင် follicular keratotic papules လို့ ခေါ်သင့်တယ်။ အရေပြား ပွတ်တိုက်မှုများတဲ့ ပခုံး၊ တံတောင်ဆစ်၊ ဒူးခေါင်း စတဲ့နေရာတွေမှာအဖြစ်များတယ်။ လေ့လာမှုတွေအရ ကြာဆူးဖြစ်သူရဲ့ ၉၂ ရာခိုင်နှုန်းဟာ တံတောင်ဆစ်မှာသာ ဖြစ်တယ်။ ၅၉ ရာခိုင်နှုန်းကတော့ ပေါင်မှာ ဖြစ်ကြတယ်။ တင်ပါးမှာ ဖြစ်တာက ၃၀ ရာခိုင်နှုန်းသာရှိတယ်။ မျက်နှာ၊ပါးပြင်စတဲ့နေရာတွေမှာဖြစ်ရင် ဝက်ခြံနဲ့မှားတတ်တယ်။ ကြာဆူးဟာ အရေပြား မွှေးညင်းပေါက်နေရာမှာ ကရာတင်ဆဲလ်(keratin)တွေ သွားရောက်ပိတ်ဆို့ရာက ဖြစ်တယ်။ လက္ခဏာတွေက တံတောင်၊ဒူးခေါင်းစတဲ့နေရာမှာ မာမာကြမ်းကြမ်း အဖုလေးတွေ တွေ့ရတယ်။ အဖုလေးတွေက ပင်အပ်ခေါင်းအရွယ် သေးသေးလေးတွေဖြစ်တယ်။ တနေရာတည်းမှာ အဖု (၅၀-၁၀၀)ကြား တပြိုင်နက် စုနေတတ်တယ်။ အရေပြား […]