Open 9:00-12:00 AM
+95 92051590

Tag Archive : sclerosis

lichen sclerosus ဆိုတာ ယားယံတဲ့ ငွေရောင် အကွက်တွေ ခြေလက်၊ အင်္ဂါစပ် စတဲ့နေရာတွေမှာ ဖြစ်ပေါ်လာတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်တယ်။ ကုတ်ခြစ်လိုက်ရင် ပေါက်ပြဲလွယ်တယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့်အသက်(၅၀)ကျော် အမျိုးသမီးတွေမှာ အတွေ့များတယ်။  လက္ခဏာရပ်များ lichen planus အကွက်တွေက ငွေရောင်၊ ပန်းရောင် အမျိုးမျိုး ရှိနိုင်တယ်။ ရေစိုထားတဲ့ တစ်ရှူးစက္ကူလို ရှုံ့တွနေတတ်တယ်။ တချို့ မျက်နှာပြင်အကွက်တွေ ပြောင်တင်းနေတတ်တယ်။ အမျိုးသမီးတွေမှာ အင်္ဂါစပ်အတွင်းပိုင်းနဲ့ စအိုဝစတဲ့နေရာတွေမှာ အဖြစ်များတယ်။ အမျိုးသားတွေမှာ လိင်တံထိပ်အရေပြားပေါ်မှာ ရှိနေတတ်တယ်။ အရေပြားအောက်ခြေက အမာရွတ်(fibrosis)လိုဖြစ်နေတာကြောင့် ဆွဲဆန့်ထားသလို တင်းကျပ်နေမယ်။ ဒါမျိုးရှိရင် လိင်ဆက်ဆံရင် နာကျင်တတ်တယ်။  ဘာ့ကြောင့်ဖြစ်လဲ အကြောင်းရင်းမှန်ကို သေချာမသိရဘူး။ ခုခံအားချင်း ပြန်တိုက်ရာက အောက်လွှာက ရှုံ့တွသွားပြီး အမာရွတ်လိုဖြစ်ကျန်ရာက ဖြစ်ကျန်တတ်တယ်။ မျိုးဗီဇ၊ စိတ်ဖိစီးမှု၊ […]

1 Nov, 2021 | No Comments

Morphea

အရေပြားအသားမာကွက် (morphea)ဆိုတာ ပုံမှန်အသားရောင်ထက် အရောင်ဖျော့နေတဲ့ အကွက်တွေ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာ အသားအရေက အမာရွတ်လို ပြောင်ချောနေတတ်တယ်။ ကိုလာဂျင် အလွန်အကျွံထုတ်ရာက အရေပြားအသားမျှင်တွေ ခဲပြီး မာကျောလာတာဖြစ်တယ်။ Scleroderma အမျိုးအစားထဲ အကျုံးဝင်တယ်။ ဗိုက်၊ ရင်ဘတ်၊ ကျောစတဲ့နေရာတွေမှာ အဖြစ်များတယ်။ မျက်နှာ၊လည်ပင်း၊ ခြေလက်တွေမှာ အတွေ့ရနည်းတယ်။ အရေပြားခဲပြီးကျုံ့တာက အတွင်းပိုင်းထိ လှိုက်စားသွားရင် အဆစ်လှုပ်ရှားမှုကို ကန့်သတ်နိုင်တယ်။ ခြေလက်စတာတွေ တင်းကျပ်နေမယ်။ Picture 1: Morphea ဖြစ်စမှာ အရေပြားအကွက်က တင်းပြီး ပန်းရောင် ခရမ်းရောင်ပြောင်းလဲနိုင်တယ်။ ကြာလာရင် ပုံမှန်အသားရောင်ထက်ဖျော့ပြီး မာခဲလာတယ်။ အရေပြားပုံစံပြောင်းလဲလာပြီး ပြောင်ချောလာတယ်။ တခါဖြစ်ရင် ဒီအကွက်တွေက နှစ်နဲ့ချီကြာမြင့်နိုင်တယ်။ တချို့ အရေပြားအသားမာကွက်တွေဟာ အချိန်ကြာလာရင် သက်သာနိုင်တယ်။ တခါပြန်လည်းဖြစ်နိုင်တယ်။ ကလေးငယ်ခေါင်း ဦးစောင်းမှာ […]