Open 9:00-12:00 AM
+95 92051590

Tag Archive : ketoconazole

17 Nov, 2021 | No Comments

Dandruff

ဗောက်ထခြင်း လူတိုင်း တချိန်မဟုတ် တချိန် ဗောက်ထဖူးကြပါတယ်။ ဗောက်ဆိုတာ ဦးရေပြားပေါ်က ယားယံတဲ့ အဖြူဖတ်ကလေးတွေကို ခေါ်တာဖြစ်တယ်။ အဂ်လိပ်လို dandruff လို့ သုံးတယ်။ anti-dandruff shampoo ဆိုတာ ဗောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါ်တာ ဖြစ်တယ်။ အနောက်နိုင်ငံတွေမှာ လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ဗောက်ထနေကြပါတယ်။ အမျိူးသားတွေဟာ အမျိုးသမီးတွေထက် ပိုဖြစ်ပွားလေ့ရှိတာတွေ့ရတယ်။ အထူးသဖြင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေပါ။ ဟော်မုန်း၊အစားအသောက်နဲ့ ရာသီဥတုအပြောင်းအလဲတွေကလည်း ဗောက်ထစေတဲ့အကြောင်းရင်းတွေထဲမှာပါတယ်။  ဘာ့ကြောင့် ဗောက်ထလဲ ယေဘုယျအားဖြင့် ဗောက်ဟာဟော်မုန်းအပြောင်းအလဲများတဲ့ လူပျိုပေါက်အရွယ်မှာစတင်ဖြစ်ပွားပြီး လူလတ်ပိုင်းကျော်အရွယ်ထိ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ ဖြစ်ပွားနှုန်းက သိသိသာသာလျှော့ကျလာမယ်။ အဆီဂလင်းထုတ်လုပ်မှု နည်းသွားလို့ဖြစ်ပါတယ်။ အစားအသောက်ကလည်း နောက်မှာဖြစ်ပွားစေတဲ့အကြောင်းတရပ်ပါ။ အပူအစပ်၊  အချို၊ အငန် ကြိုက်သူတွေဟာ သူများထက် ပိုဖြစိနိုင်ပါတယ်။  အရက်၊ဘီယာစတာတွေကလည်း အချိုဓာတ်လွန်ကဲမှုကြောင့် ဗောက်ထရတဲ့ အကြောင်းရင်းထဲပါတယ်။ အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ တီဘီရောဂါသည်တွေမှာ ပုံမှန်ထက် ခုခံအားကျဆင်းလို့ ဗောက်ထလွယ်တာရှိတယ်။ ဗောက်ပေါက်သူအများစုကို လေ့လာကြည့်ရင် ဆောင်းရာသီမှာ ပိုမိုဖြစ်ပွားလေ့ရှိတယ်။ လေထုစိုထိုင်းစနည်းပါးမှုက ဆံသားနဲ့ ဦးရေပြားကို ပိုမိုခြောက်သွေ့စေတယ်။ ရလာဒ်ကတော့ ဆဲလ်ဟောင်းကွာကျတာနဲ့ ဗောက်ပိုထလာတာဖြစ်တယ်။  ဆောင်းရာသီမှာဖြစ်တဲ့ ဗောက်ဖတ်တွေက အဖြူရောင်သာများတယ်။ အိပ်ရေးမဝတာနဲ့ ခုခံအားနည်းတာကလည်း ဗောက်ထနိုင်သေးတယ်။ psoriasis ကြေးခွံနာအရေပြားရောဂါသည်၊ နှင်းခူနာရှိသူတွေဟာ သူများထက် ဗောက်ထနိုင်ခြေပိုများသူတွေ ဖြစ်ကြတယ်။ နောက်ထိုးရမယ့် လက်ညှိုးက အလေ့အကျင့်ပါ။ နေ့တိုင်းခေါင်းလျှော်တာလည်းကောင်းတဲ့အလေ့ကျင့်မျိုးတော့ မဟုတ်ဘူး။ အရေပြားအဆီဂလင်းကို ပိုအလုပ်ပေးလို့ ဗောက်ပိုထလာနိုင်တယ်။ ဒီကလူနာတွေဟာ အလွန်အကျွံခေါင်းလျှော်ရာက ဖြစ်လာကြတယ်။  အာဟာရချိူ့တဲ့မှုက နောက်ထပ်အကြောင်းရာတရပ်အနေနဲ့ ပါဝင်နေတယ်။သွပ်ဓာတ်၊ ဗီတာမင် ဘီနဲ့ အိုမီဂါသရီး ချို့တဲ့သူတွေဟာ သူများထက် ဗောက်ထနိုင်ချေ ပိုများပါတယ်။  ဗောက်ထသူအများစုဟာ ပုံမှန်ထက် ဆဲလ်ကွဲပွားမှု ပိုများလို့ဖြစ်တယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ဦးရေပြားခြောက်သွေ့မှု၊  seborrheic dermatitis အဆီရောင် အရေပြားနာ၊ မှိုပိုးဝင်တာတွေနဲ့ အဓိက ဆက်စပ်နေတယ်။ seborrheic dermatitis ဆိုတာ အဆီထုတ်လုပ်မှုများရာကနေ ဦးရေပြားရောင်ရမ်းလာတဲ့ရောဂါတမျိုးပါ။ ဒီအရေပြားရောဂါဟာ Malassezia တစေးမှိုပိုးတမျိုးနဲ့ ဆက်စပ်နေတာ နောက်ပိုင်းသိလာကြတယ်။ အဆိုပါ တဆေးမှိုပိုးဟာ အရေပြား အဆီကို စားသုံးရးင် ပိုမိုပေါက်ဖွားလာတယ်။ ပိုးတန်ခိုးနဲ့ ဦးရေပြားက စတင်ရောင်ရမ်းလာတယ်။ ရောင်ရမ်းမှုရာက ဆဲလ်လွှာတွေ တဖြည်းဖြည်းပျက်ဆီးလာပြီး  ဆဲလ်သေတွေပိုများလာတယ်။  ဦးရေပြားအဆီနဲ့အပေါ်ယံဆဲလ်သေ ရောစပ်လာတဲ့အခါ အဖြူရောင် ဗောက်ဖတ်လေးတွေ ဖြစ်ပေါ်လာတယ်။  seborrheic dermatitis ကြောင့် ဦးရေပြားက ရောင်နေမယ်။ ရဲနေမယ်။  ယားယံနေမယ်။  အဖြူသို့မဟုတ် အဝါဖတ်လေးတွေ ကပ်ညှိနေတာာရှိတတ်တယ်။ ဝါတာက sebum အဆီထုတ်လုပ်မှု များလို့ဖြစ်တယ်။အရေပြားခြောက်သွေ့သူတွေဟာလည်း ဗောက်ထနိုင်ပါတယ်။ အရေပြားဆဲလ်တွေ ခြောက်သွေ့ပျက်ဆီးကွာကျရာကဖြစ်တယ်။ အရေပြားခြောက်သွေ့ရာက ဖြစ်တဲ့ ဗောက်ဖတ်က အဖြူရောင်သာ ရှိနေမယ်။ ခပ်သေးသေးဖတ်ကလေးတွေ ဦးရေပြား၊ ပခုံးစတဲ့ နေရာတွေမှာ ကပ်ညှိနေတတ်တယ်။ ယားယံမှုရှိနိုင်ပေမယ့် seborrheic dermatitis လောက် မဆိုးရွားသေးပါ။ နောက်ပြီး ဆိုးဆေးနဲ့ ဆံပင်သန်ဆေးတွေကြောင့်လည်း ဗောက်ထတာရှိနိုင်တယ်။ ဓာတုဓာတ်မတဲ့မှုကြောင့် ဖြစ်တယ်။ ဘယ်လိုပျောက်အောင် ကုမလဲ ဗောက်ပျောက်အောင် ကုတော့မယ်ဆိုရင် ဖြစ်စေတဲ့အကြောင်းရင်းကို အရင်ကြည့်ရတယ်။ ပထမတခုက အသက်အရွယ်ပါ။ ဒုတိယအချက်က ဗောက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက် ဆိုးနေသလဲ၊ နောက်ဆုံးအချက်က ဘယ်အကြောင်းရင်းကြောင့် ဖြစ်တာလဲ စတဲ့ အချက်အလက်တွေပေါ် အခြေခံကုမှ ဗောက်ပျောက်မှာ ဖြစ်တယ်။ ဗောက်မှန်သမျှ မှိုပိုးကြောင့် ဖြစ်တယ်ယူဆပြီး ကုရင်တော့  […]