မွှေးညင်းအိတ်ရောင်ခြင်း (Folliculitis)ဟာ မွှေးညင်းအိတ်ရောင်ရမ်းတဲ့ အနာတစ်မျိုး ဖြစ်တယ်။ မွှေးကျွတ်နာဆိုတာ bacteria folliculitis ကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအနာတွေဟာ မွှေးညင်းပေါက် ပိတ်ဆို့ရာက စတင်ဖြစ်ပေါ်လာပါတယ်။ ပိတ်ဆို့တဲ့နေရာက ရောင်ရမ်းပြီး နောက်ဆုံးပိုးဝင်လာပါတယ်။ ချွေးအောင်းတာ၊ အရေပြားပွတ်တိုက်မိရာက မွှေးညင်းအိတ်အတွင်းပိုင်း ထိခိုက်ပြီး မွှေးညင်းအိတ်ရောင်ရမ်းစေနိုင်တယ်။ အရေပြားဆေးပညာအရ folliculitis ဆိုတာ မွှေးညင်းအိတ်ရောင်တဲ့ အဆင့်ကို ပြောတာပါ။ မွှေးညင်းအိတ်ရောင်ရမ်းတာ၊ အပေါ်ယံ မွှေးညင်းအိတ်ပိုးဝင်တာတွေက မွှေးကျွတ်နာကို ဖြစ်စေတယ်။ မွှေးကျွတ်နာတွေက ရောင်ရမ်းဝက်ခြံနဲ့ ဆင်တူတယ်။ မတူတဲ့အချက်က ယားယံတတ်တယ်။ မျက်နှာ၊ လက်မောင်း၊ ကျော၊ ရင်ဘတ်၊ လည်ပင်း၊ တင်ပါးအစရှိတဲ့နေရာမှာ ဖြစ်နိုင်တယ်။မွှေးကျွတ်နာရဲ့ ကနဦးအဆင့်မှာ မွှေးညင်းအိတ်က ရဲပြီး ဖောင်းတက်လာတယ်။ ခပ်ရဲရဲအနီဖုလေး ဖောင်းထွက်တာ မြင်လာရတယ်။ နှစ်ရက်အတွင်း ပိုးဝင်ပြီး ပြည်တည်လာမယ်။ […]
အသားလွှာ တင်းရောင်ခြင်း Cellulitis is the infection to deeper structures like dermis and subcutaneous layer. It was usually initiated by skin break (small cut, abrasion, trauma, insect bite). Cellulitis can be caused by bacteria, virus, fungus or Protozoa infection. Eczema, dry and crack skin can be triggered factor for cellulitis. Chronic venous insufficiency and varicose vein […]
Flea bite လှေးကိုက်ခြင်း Treatment – Ice packs, Calamine lotion, anaesthetic cream, antihistamine cream or oral medications
Discoid lupus erythematosus ချပ်ပြားဝိုင်း ခုခံနာ အရေပြားရောဂါ Discoid lupus erythematosus ဆိုတာ နာတာရှည် အရေပြားရောဂါ(CCLE) တစ်မျိုးဖြစ်ပြီး ခုခံအားတိုက်စားနာ (lupus)အမျိုးအစားမှာပါဝင်ပါတယ်။ ချပ်ပြားပုံစံ အနီကွက်ဖြစ်ပြီး ခုခံအားတိုက်စားရာကဖြစ်တဲ့ အနာ (discoid lupus) တစ်မျိုး ဖြစ်ပါတယ်။ ခုခံအားစနစ်က အရေပြားကို တုံ့ပြန်ရာက အရေပြားအနီကွက်တွေ ဖြစ်ပေါ်လာပါတယ်။ မျက်နှာပါးပြင်ပေါ်မှာ အဖြစ်များပြီး အနာက စားထားသလို ရဲပြီး ခဲလာပါတယ်။ အရေပြားပါးတာ (skin atrophy) ချိုင့်တာ ရှိတတ်တယ်။ အရေခွံလန်တာ၊ ယားတာ၊ ပူစပ်ပူလောင် နာကျင်တာ ရှိနိုင်တယ်။ ဒီရောဂါဟာ HLA-DQA1 and DRB1 မျိုးဗီဇနဲ့ သက်ဆိုင်တတ်တယ်။ ခရမ်းလွန်ရောင်ခြည်၊ ဆေးဝါး၊ ဗိုင်းရပ်စ်စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အများစုဟာ […]