Lupus vulgaris တီဘီအနာ Lupus vulgaris ဆိုတာ တီဘီပိုး(Mycobacterium tuberculosis)ကြောင့်ဖြစ်တဲ့ နာတာရှည်အရေပြား တီဘီရောဂါတစ်မျိုးဖြစ်တယ်။ အရေပြားတီဘီနာ (cutaneous tuberculosis)လို့လည်း ခေါ်နိုင်တယ်။ တီဘီပိုး ကူးစက်ခံထားရဖူးတဲ့လူတစ်ယောက်ဟာ ခန္ဓာကိုယ်အတွင်း ပိုးများ ငုပ်လျှိုးနေတတ်တယ်။ ခုခံအားရုတ်တရက် ကျဆင်းတဲ့အခါ နဂိုတီဘီရောဂါပိုးဟာ ပြန်ရည်ကြော သို့မဟုတ် သွေးကြောများကတဆင့် အရေပြားကို ရောက်ရှိလာတဲ့အခါ အရေပြားတီဘီလက္ခဏာတွေစတင်ပြသလာတယ်။ တခါတရံ အရေပြားဒဏ်ရာကတဆင့် တီဘီပိုး တိုက်ရိုက်ဝင်ရောက်လာတာ ရှိနိုင်သလို တီဘီပိုးရှိတဲ့အရည်တွေကတဆင့် ကူးစက်ခံရတာလည်းဖြစ်နိုင်တယ်။ ဒါ့ပြင် SLE ရောဂါသည်တွေဟာ အရေပြားတီဘီနာဖြစ်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ လက္ခဏာရပ်များ Lupus Vulgaris ရဲ့ အနာတွေဟာ ဝံပုလွေကိုက်ခံရတဲ့ အနာနဲ့ ပုံစံဆင်တူလို့ lupus လို့ ခေါ်ကြပါတယ်။ ကူးစက်ခံနေရာတွေမှာ ခရမ်းရောင် (သို့) နီညိုရောင် […]
Discoid lupus erythematosus ချပ်ပြားဝိုင်း ခုခံနာ အရေပြားရောဂါ Discoid lupus erythematosus ဆိုတာ နာတာရှည် အရေပြားရောဂါ(CCLE) တစ်မျိုးဖြစ်ပြီး ခုခံအားတိုက်စားနာ (lupus)အမျိုးအစားမှာပါဝင်ပါတယ်။ ချပ်ပြားပုံစံ အနီကွက်ဖြစ်ပြီး ခုခံအားတိုက်စားရာကဖြစ်တဲ့ အနာ (discoid lupus) တစ်မျိုး ဖြစ်ပါတယ်။ ခုခံအားစနစ်က အရေပြားကို တုံ့ပြန်ရာက အရေပြားအနီကွက်တွေ ဖြစ်ပေါ်လာပါတယ်။ မျက်နှာပါးပြင်ပေါ်မှာ အဖြစ်များပြီး အနာက စားထားသလို ရဲပြီး ခဲလာပါတယ်။ အရေပြားပါးတာ (skin atrophy) ချိုင့်တာ ရှိတတ်တယ်။ အရေခွံလန်တာ၊ ယားတာ၊ ပူစပ်ပူလောင် နာကျင်တာ ရှိနိုင်တယ်။ ဒီရောဂါဟာ HLA-DQA1 and DRB1 မျိုးဗီဇနဲ့ သက်ဆိုင်တတ်တယ်။ ခရမ်းလွန်ရောင်ခြည်၊ ဆေးဝါး၊ ဗိုင်းရပ်စ်စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အများစုဟာ […]
Cutaneous lupus erythematosus ခုခံအားတိုက်စားနာ အရေပြားရောဂါ ခုခံအားစနစ် တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်တွယ်ဆက်တစ်ရှူး အစိတ်အပိုင်းတွေ ရောင်ရမ်းတာကို lupus ခေါ်ပါတယ်။ ဝိသေသတွေအနေနဲ့ ရောင်ရမ်းမှုနဲ့ နာကျင်မှု ရှိနိုင်တယ်။ ၁၃ရာစုက တင်စားတဲ့ ဝံပုလွေကိုက်နာနဲ့ ဆင်တူလို့ lupus ပေးထားပေမယ့် လက်ရှိဆေးပညာအသုံးအနှုန်းနဲ့ကြည့်ရင် အဆင်မပြေတာတွေ့ရတယ်။ lupus ကို မြန်မာအခေါ်မရှိသေးဘဲ ဒီဆောင်းပါးမှာ လူးပက်စ် (သို့) ခုခံအားတိုက်စားနာ လို့ ခေါ်ပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားက ခုခံအားစနစ်ကြောင့် တိုက်စားထားသလို ပါးလွှာပြီး ထိခိုက်ပျက်စီးလွယ်လို့ ဖြစ်ပါတယ်။ SLE ကိုတော့ အရေပြားလေးဖက်နာအဖြစ် ခေါ်ဝေါ်ကြပေမယ့် အမှန်က အရေပြားတင်ထိခိုက်တာမဟုတ်လို့ ဒီအခေါ်အဝေါ်ကလည်း ရာနှုန်းပြည့် ရောဂါကိုကိုယ်စားပြုတာ မဟုတ်သေးဘူး။ ခုခံအားတိုက်စားနာ (lupus)ဟာ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဟော်မုန်းပြောင်းလဲမှုနဲ့ […]



