Open 9:00-12:00 AM
+95 92051590

Tag Archive : immune response

Henoch-Schonlein purpura တန်ပြန်ခုခံအား သွေးခြေဥအနီစက်များ

Prurigo nodularis သွေးယားကျိတ် Prurigo nodularis (သွေးယားကျိတ်)ဆိုတာ အလွန်ယားယံတဲ့ နာတာရှည်အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ အသွေးထဲအသားထဲက ယားယံတဲ့အကျိတ်တွေမို့ သွေးယားကျိတ်လို့ ခေါ်ပါတယ်။ သွေးဖြူဆဲလ်တွေမူမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ နေရာအနှံ့ယားယံနိုင်ပြီး လက်၊ခြေ၊ကျောပြင်၊ဗိုက်စတဲ့နေရာတွေမှာ အဓိကယားယံပါတယ်။ အထူးသဖြင့် လက်ဖျံ၊ လက်မောင်း၊ ခြေထောက် ဆန့်တန်းတဲ့ မျက်နှာပြင်နေရာတွေမှာ အဓိကဖြစ်တယ်။ တခြားယားနာနဲ့မတူတာက ခန္ဓာကိုယ်နှစ်ဖက်လုံးပြိုင်တူဖြစ်နိုင်ပါတယ်။  Prurigo nodularis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်လေးဆယ်ကျော်တွေမှာ ပိုတွေ့ရပါတယ်။ ဘာ့ကြောင့်ဖြစ်လာမှန်း သေချာမသိရပေမယ့် ခုခံအားသွေးဖြူဆဲလ်နဲ့ အာရုံခံနာ့ဖ်ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အဓိကဖြစ်ပွားတယ်။ အရေပြားထဲမှာ Mast cell နဲ့ neutrophil ဆဲလ်တွေများနေတတ်ပါတယ်။ တခါတရံ နောက်ကွယ်မှာ ကိုယ်တွင်းရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတတ်တယ်။ နှင်းခူနာ (atopic dermatitis)၊ ခုခံအားဆဲလ်ရောဂါ (IgA […]

Acne fulminans (ပေါက်ပေါက်ဆုပ် ဝက်ခြံ)ဆိုတာ ဝက်ခြံအလုံးအကျိတ်နဲ့ ပြည်တည်နာတွေ ခန္ဓာကိုယ်အနှံ့ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာတဲ့ ဆိုးရွားတဲ့အရေပြားရောဂါ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရေပြား ဝက်ခြံအကျိတ်တွေသာမက ဖျားနာတာ၊ အားအင်ကုန်ခန်းတာ၊ အရိုးတွေနာကျင်တာ၊ အဆစ်အမြစ်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေနဲ့ တွဲဖြစ်လေ့ရှိတယ်။ ဝက်ခြံကုတဲ့ ပိုးသတ်ဆေးတွေနဲ့ မသက်သာတာ များတယ်။ ဝက်ခြံကုသဖို့သာမက ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးဖို့လည်း လိုအပ်တယ်။  Acne fulminans ဟာ acne conglobata နဲ့ ဆင်တူတာကြောင့် မှားယွင်းတတ်ပါတယ်။ Acne fulminans က ဝက်ခြံပြည်ကျိတ်တွေ ခန္ဓာကိုယ်အနှံ့ ရုတ်တရက် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ Acne conglobata မှာတော့ ဆိုးရွားလာတဲ့ ဝက်ခြံအလုံးကျိတ်တွေ၊ ပြည်တည်နာတွေ အရေပြားမှာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လေ့ရှိပြီး နောက်ဆက်တွဲ အမာရွတ်ကို […]

13 Nov, 2021 | No Comments

Cystic acne

Cystic acne (ဝက်ခြံပြည်အိတ်)ဆိုတာ မွှေးညင်းအိတ်မှာ အဆီနဲ့ ဆဲလ်သေတွေစုပုံပြီး တဖြည်းဖြည်းပိုးဝင်ရောက်ရာက ပြည်အိတ်ဖြစ်ပေါ်လာတဲ့အဆင့်ကို ခေါ်ပါတယ်။ ဒီအမျိုးအစား ဝက်ခြံဖြစ်တဲ့အခါ အရေပြားအောက်လွှာ(dermis)ရောင်ရမ်းပြီး နာကျင်လာပါတယ်။ဒီဝက်ခြံပြည်အိတ်တွေက အဆိုးဆုံးဝက်ခြံအမျိုးအစားမှာ ပါဝင်ပြီး မကုဘဲထားရင် အမာရွတ်ကျန်တတ်တယ်။ သက်သာဖို့ အနည်းဆုံး ၂-၃ပတ်ကြာတတ်တယ်။ ဝက်ခြံပြည်အိတ်(cystic acne)ဟာ ဆယ်ကျော်သက် အရွယ်တွေ အဖြစ်များတယ်။ ဟော်မုန်းနဲ့ သက်ဆိုင်တတ်တယ်။ မျက်နှာအဆီပြန်သူ၊ အဆီအဆိမ့်အစားများသူတွေ အဖြစ်များတယ်။ မျိုးရိုးနဲ့လည်း ဆိုင်တတ်တယ်။ မျက်နှာ၊ကျော၊ရင်ဘတ်၊လည်ပင်း၊ တင်ပါး၊ ပခုံး စတဲ့နေရာတွေ အဓိကတွေ့ရတယ်။ ကုသနည်း ဗက်တီးရီးယားပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေးတွေပေးရတယ်။ ဆဲလ်သေပိတ်ဆို့မှုအတွက် adapalene, tretinoin, tazarotene စတဲ့လိမ်းဆေးတွေ သုံးသင့်တယ်။ Azelaic acid က ဗက်တီးရီးယားကိုသတ်နိုင်ပြီး ဆဲလ်သေကို ဖယ်ရှားပေးတယ်။ benzoyl peroxide […]