Open 9:00-12:00 AM
+95 92051590

Tag Archive : dimple sign

Dermatofibroma (ဖိုင်ဘာမျှင်ကျိတ်)ဆိုတာ ကင်ဆာမဟုတ်တဲ့ မျက်နှာပြင်ညီညာတဲ့ မာမာခဲခဲ fibrous nodule အကျိတ်ကို ခေါ်ပါတယ်။ ဖိုင်ဘာမျှင်ကျိတ်ဟာ ပုံမှန်မဟုတ်ဘဲ တဟုန်ထိုး ပွားများလာတဲ့ fibroblasts ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်။ histiocytes ဆဲလ်တွေပါဝင်နေတာကြောင့် fibrous histiocytoma လည်းခေါ်တယ်။ ခြေထောက်တွေမှာ အဓိကတွေ့ရပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ အင်းဆက်ပိုးမွှားကိုက်ခံရတာ၊ ဆေးထိုးအပ်ထိမိတာ၊ ဆူးခြစ်မိတာစတဲ့ သာမန်ဒဏ်ရာတွေကနေ ဖိုင်ဘာမျှင်ကျိတ်ဖြစ်လာတတ်တယ်။ ခုခံအားကျဆင်းတဲ့ရောဂါတွေမှာ ဖိုင်ဘာမျှင်ကျိတ်တစ်လုံးမက တွေ့တတ်တယ်။ Dermatofibroma (ဖိုင်ဘာမျှင်ကျိတ်)တွေဟာ ပန်းရောင် (သို့)အညိုရောင် အသားမာဆန်ဆန်ရှိတယ်။ အရွယ်အစားအားဖြင့် ၁ စင်တီမီတာလောက်သာရှိတယ်။ အရေပြားအောက် အဆီလွှာအပေါ်မှာတည်ရှိတာကြောင့် လက်နဲ့စမ်းကြည့်ရင် ရွေ့လျားနိုင်တယ်။ လက်နဲ့ညှစ်ကြည့်ရင် အထဲချိုင့်ဝင်သွားတဲ့ dimple sign or pinch sign တွေနဲ့ စမ်းသပ်ကြည့်နိုင်တယ်။ များသောအားဖြင့် […]