Papular acne ဆိုတာ ရောင်ရမ်းနီရဲနေတဲ့ ဝက်ခြံဖုလေးတွေကို ခေါ်ပါတယ်။ ပြည်ဖုဝက်ခြံ မဖြစ်ခင် စတင်ရောင်ရမ်းကာစ နီရဲနေတဲ့ ဝက်ခြံဖုတွေ ဖြစ်တယ်။ မွေးညင်းပေါက်မှာ အဆီ၊ အရေပြားဆဲလ်သေနဲ့ P. acnes ဗက်တီးရီးယားပိုးတွေ ပေါင်းစပ်မိတဲ့အခါ papular acne (နီရဲဝက်ခြံဖု)တွေ ဖြစ်လာတယ်။ ဒီဝက်ခြံကို zits လို့လည်း ခေါ်ပါတယ်။ ရက်ပိုင်းအတွင်း ပြည်ဖုဝက်ခြံ ပြောင်းလဲသွားနိုင်တယ်။ papular acne တွေကို ညှစ်တာဟာ ဝက်ခြံကို မသက်သာစေဘဲ ပိုဆိုးတဲ့ပြည်ဖုဝက်ခြံအဖြစ် အသွင်ပြောင်းလဲနိုင်တယ်။ Papular acne တွေက androgen (အမျိုးသားဟော်မုန်း) ရုတ်တရက်မြင့်တက်လာခြင်းကြောင့် ဖြစ်နိုင်တယ်။ အဆီပြန်တဲ့အသားအရေနဲ့ မိတ်ကပ်တွေကြောင့် ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှု၊ ဆား၊အချိုမှုန့် ၊ ခေါက်ဆွဲခြောက်ထုပ်တွေက ဒီလိုဝက်ခြံဖြစ်အောင် အားပေးတယ်။ ဟော်မုန်းဆေး၊ […]
Callus ဆိုတာ အသားမာတက်တာကို ခေါ်ပါတယ်။ ခြေထောက်တွေမှာ အဖြစ်များတယ်။ ထပ်ခါတလဲလဲ ပွတ်တိုက်ခြင်းကြောင့် အရေပြားက ထူထဲပြီး မာကျောလာပါတယ်။ အချိန်ကြာလာတဲ့အခါ အသားမာအဖြစ် ပြောင်းလဲလာပါတယ်။အရေပြားပေါ် ဖိအားသက်ရောက်တဲ့နေရာမှန်သမျှ ဖြစ်နိုင်တယ်။ အထူးသဖြင့် အရိုးနဲ့ပွတ်တိုက်မိတဲ့ ခြေဖဝါးအပိုင်းနေရာတွေက ဒဏ်ဖြစ်ပြီး အသားမာတက်လာနိုင်ပါတယ်။ ခြေဖဝါးအသားမာတက်ရင် plantar callus ခေါ်ပါတယ်။ ခုံးတဲ့ ခြေဖဝါးရှေ့ပိုင်းက အဖြစ်များဆုံးနေရာဖြစ်ပါတယ်။ လက်ဖဝါးတွေမှာ တွေ့ရတဲ့ အသားမာကို palmar callus ခေါ်ပါတယ်။ တယောသမားရဲ့ မေးစေ့မှာလည်း အသားမာ(callus) တည်နိုင်တယ်။ violinist’s chin ခေါ်ပါတယ်။ ဂစ်တာတီးသူတွေလည်း လက်အသားမာ ဖြစ်လေ့ရှိပါတယ်။ အသားမာ(callus)ရဲ့ လက္ခဏာရပ်တွေက ဆဲလ်သေ အထပ်ထပ်ပိတ်ဆို့ထားလို့ အရေပြားထူပြီးမာနေမယ်။ ဧရိယာကျယ်တယ်။ ဖိရင် နာကျင်မှု မရှိဘူး။ ထိတွေ့မှုအာရုံ […]