Juvenile xanthogranuloma (JXG)ဆိုတာ ကိုလက်စတောပြည့်ဝတဲ့ histiocytes ဆဲလ်တွေ အလွန်အကျွံပွားများပြီး အရေပြားမှာ အဖုကျိတ်ပုံစံ ဖြစ်ပေါ်လာတဲ့ အနေထားတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာ၊လည်ပင်း၊ရင်ဘတ်၊ကျောပြင် စတဲ့နေရာတွေမှာ ပန်းရောင်၊ လိမ္မော်ရောင်၊ အသားရောင်အဖုကျိတ်ပုံစံ ဖြစ်ပေါ်လာတယ်။ ခပ်မာမာခဲခဲ အဖုပုံစံအဖြစ်များပြီး တခါတရံ အသားလုံးကျိတ်ပုံစံမျိုး ရှိတတ်တယ်။ အကျိတ်က ကြီးလာရင် မာပြီး အနာဖြစ်တတ်တယ်။ ဘာ့ကြောင့်ဖြစ်လဲသေချာမသိရပေမယ့် ထိခိုက်မိတာ၊ ဗိုင်းရပ်စ်ဝင်တာ၊ မျိိုးဗီဇရုတ်တရက်ပြောင်းလဲတာနဲ့ kinase ရောင်ရမ်းဓာတ် ရုတ်ခြည်းမြင့်တက်လာတာတွေကြောင့် ဖြစ်နိုင်တယ်။ လူဦးရေတစ်သန်းမှာ တစ်ယောက်သာဖြစ်နိုင်လို့ ရှားပါးရောဂါခေါ်ရမယ်။အများစုဟာ မွေးကင်းစတစ်နှစ်အရွယ်အတွင်း ဖြစ်တာ တွေ့ရတယ်။ လူကြီးဖြစ်တာရှားပေမယ့် အသက်(၃၀)အတွင်းဖြစ်နိုင်သေးတယ်။ ယောကျာ်းလေးတွေမှာပိုတွေ့ရတယ်။xanthogranuloma ကျိတ်တွေဟာ တခြားကျိတ်တွေနဲ့ ဆင်တူရိုးမားရှိတတ်လို့ အသားစယူစစ်ဆေးနိုင်ပါတယ်။ မျက်လုံးအိမ်မှာဖြစ်ရင် မျက်စိဆရာဝန်နဲ့ပါ စမ်းသပ်စစ်ဆေးနိုင်တယ်။ Juvenile xanthogranuloma အများစုဟာ အသက်(၅)နှစ်မတိုင်မှီ သူ့အလိုလိုပျောက်ကင်းသွားတတ်ပါတယ်။ လူကြီးတွေမှာဖြစ်လာတဲ့အခါ […]
Chalazion ခိုးလိုးခုလု မျက်ခွံကျိတ်
Basal cell carcinoma ထောက်တိုင်ဆဲလ် အရေပြားကင်ဆာ Basal cell carcinoma (BCC) is the most common types of skin cancer.
Pyogenic granuloma သွေးစုကျိတ်နာ သွေးစုကျိတ်နာ (Pyogenic granuloma) ဆိုတာ ဆံခြည်မျှင်သွေးကြောတွေ စုစည်းရာက ဖြစ်လာတဲ့ အနာကျိတ်တစ်မျိုး ဖြစ်ပါတယ်။ pyogenic ဆိုပေမယ့် ရောဂါပိုးမွှားကြောင့် မဟုတ်ဘဲ အရေပြားကဖြစ်လာတဲ့ စက်လုံးပုံစံ သွေးစုကျိတ် (capillary haemangioma)အနာတစ်မျိုးသာ ဖြစ်ပါတယ်။ သွေးစုကျိတ်တစ်မျိုးဖြစ်လို့ ချယ်ရီရောင်၊ ပန်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်ဖြစ်လဲ သေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ချေသီအိုရီတွေတော့ ရှိပါတယ်။ သာမန်အရေပြားထိခိုက်မိတာ၊ မကြာခဏပွတ်တိုက်မိရာကနေ သွေးစုကျိတ်တွေ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ ဖြစ်ရင်ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်။ ပိုးမွှားတွေထဲမှာ Staphylococcus aureus ပိုးမွှားတွေကြောင့် ဖြစ်နိုင်တယ်။ တခါတရံ သောက်ဆေးတွေနဲ့ သက်ဆိုင်တတ်တယ်။ HIV ဆေး၊ ကင်ဆာဆေး၊ retinoid သောက်ဆေး၊ ခုခံအားကျဆင်းစေတဲ့ဆေးဝါးတွေကနေ ဖြစ်တတ်တယ်။ သွေးစုကျိတ်နာဖြစ်စမှာ နာကျင်ကိုက်ခဲမှုမရှိတဲ့ […]