Pyogenic granuloma သွေးစုကျိတ်နာ သွေးစုကျိတ်နာ (Pyogenic granuloma) ဆိုတာ ဆံခြည်မျှင်သွေးကြောတွေ စုစည်းရာက ဖြစ်လာတဲ့ အနာကျိတ်တစ်မျိုး ဖြစ်ပါတယ်။ pyogenic ဆိုပေမယ့် ရောဂါပိုးမွှားကြောင့် မဟုတ်ဘဲ အရေပြားကဖြစ်လာတဲ့ စက်လုံးပုံစံ သွေးစုကျိတ် (capillary haemangioma)အနာတစ်မျိုးသာ ဖြစ်ပါတယ်။ သွေးစုကျိတ်တစ်မျိုးဖြစ်လို့ ချယ်ရီရောင်၊ ပန်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်ဖြစ်လဲ သေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ချေသီအိုရီတွေတော့ ရှိပါတယ်။ သာမန်အရေပြားထိခိုက်မိတာ၊ မကြာခဏပွတ်တိုက်မိရာကနေ သွေးစုကျိတ်တွေ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းတဝိုက်မှာ ဖြစ်ရင်ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်။ ပိုးမွှားတွေထဲမှာ Staphylococcus aureus ပိုးမွှားတွေကြောင့် ဖြစ်နိုင်တယ်။ တခါတရံ သောက်ဆေးတွေနဲ့ သက်ဆိုင်တတ်တယ်။ HIV ဆေး၊ ကင်ဆာဆေး၊ retinoid သောက်ဆေး၊ ခုခံအားကျဆင်းစေတဲ့ဆေးဝါးတွေကနေ ဖြစ်တတ်တယ်။ သွေးစုကျိတ်နာဖြစ်စမှာ နာကျင်ကိုက်ခဲမှုမရှိတဲ့ […]
မှဲ့ကို ဆေးပညာလို melanocytic naevus ခေါ်ပါတယ်။ တကယ်တော့ မှဲ့တွေဟာ အမည်းရောင်ခြယ်ဆဲလ် (melanocytes)တွေ စုစည်းလာရာကနေ ဖြစ်ပေါ်လာတယ်။ အညိုရောင် (သို့) အမည်းရောင်မှဲ့ မှန်သမျှ pigmented naevus ခေါ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ (၁)ရာခိုင်နှုန်းဟာ မွေးကတည်းက မှဲ့ပါလာကြပါတယ်။ မွေးကင်းစမှ အသက်(၁၀)နှစ်အတွင်း ပေါ်ပေါက်လာတဲ့မှဲ့အများစုဟာ ပြန်မပျောက်တော့ဘဲ ဘဝတစ်လျှောက်လုံး ဖြစ်တတ်ပါတယ်။ အလားတူ အသက်ကြီးမှထွက်တဲ့ မှဲ့တွေဟာ သူ့ဘာသာပြန်ပျောက်နိုင်ပါတယ်။ မှဲ့အများစုဟာ မျိုးရိုး၊ ဟော်မုန်းနဲ့ ခုခံအားအပြောင်းအလဲတို့ကြောင့် ဖြစ်နိုင်ပါတယ်။ RAS genes မျိုးဗီဇ ပြောင်းလဲမှုဟာ မွေးရာပါမှဲ့ကို ဖြစ်ပေါ်စေတယ်။ ခုခံအားကျဆင်းစေတဲ့ ကုထုံးတွေဟာ မှဲ့ထွက်လာအောင် လှုံ့ဆော်ပေးနိုင်တယ်။ တခါတရံ BRAF inhibitor (dabrafenib) ဆေးဝါးတွေကြောင့်လည်း မှဲ့ထွက်လာတတ်တယ်။ ယေဘုယျအားဖြင့် အသားဖြူသူတွေဟာ […]
Dermatofibroma (ဖိုင်ဘာမျှင်ကျိတ်)ဆိုတာ ကင်ဆာမဟုတ်တဲ့ မျက်နှာပြင်ညီညာတဲ့ မာမာခဲခဲ fibrous nodule အကျိတ်ကို ခေါ်ပါတယ်။ ဖိုင်ဘာမျှင်ကျိတ်ဟာ ပုံမှန်မဟုတ်ဘဲ တဟုန်ထိုး ပွားများလာတဲ့ fibroblasts ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတယ်။ histiocytes ဆဲလ်တွေပါဝင်နေတာကြောင့် fibrous histiocytoma လည်းခေါ်တယ်။ ခြေထောက်တွေမှာ အဓိကတွေ့ရပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ အင်းဆက်ပိုးမွှားကိုက်ခံရတာ၊ ဆေးထိုးအပ်ထိမိတာ၊ ဆူးခြစ်မိတာစတဲ့ သာမန်ဒဏ်ရာတွေကနေ ဖိုင်ဘာမျှင်ကျိတ်ဖြစ်လာတတ်တယ်။ ခုခံအားကျဆင်းတဲ့ရောဂါတွေမှာ ဖိုင်ဘာမျှင်ကျိတ်တစ်လုံးမက တွေ့တတ်တယ်။ Dermatofibroma (ဖိုင်ဘာမျှင်ကျိတ်)တွေဟာ ပန်းရောင် (သို့)အညိုရောင် အသားမာဆန်ဆန်ရှိတယ်။ အရွယ်အစားအားဖြင့် ၁ စင်တီမီတာလောက်သာရှိတယ်။ အရေပြားအောက် အဆီလွှာအပေါ်မှာတည်ရှိတာကြောင့် လက်နဲ့စမ်းကြည့်ရင် ရွေ့လျားနိုင်တယ်။ လက်နဲ့ညှစ်ကြည့်ရင် အထဲချိုင့်ဝင်သွားတဲ့ dimple sign or pinch sign တွေနဲ့ စမ်းသပ်ကြည့်နိုင်တယ်။ များသောအားဖြင့် […]
Abnormal collection of small blood vessels in the skin or internal organs.