Squamous cell carcinoma အပေါ်ယံဆဲလ် အရေပြားကင်ဆာ Squamous cell carcinoma (SCC) is the second most common form of skin cancer, occurred mainly on sun-exposed areas.
Basal cell carcinoma ထောက်တိုင်ဆဲလ် အရေပြားကင်ဆာ Basal cell carcinoma (BCC) is the most common types of skin cancer.
Melanoma ရောင်ခြယ်ဆဲလ် ကင်ဆာ
Seborrheic Keratosis (ဖယောင်းချပ် မှဲ့ခြောက်)ဆိုတာ အသက်အရွယ်ကြီးတဲ့လူတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတစ်မျိုး ဖြစ်ပါတယ်။ ဖယောင်းချပ်မှဲ့ခြောက်ကို မူမမှန်တဲ့ ကရာတင်ဆဲလ်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ အရေပြားအပေါ်ယံဆဲလ် မူမမှန်ဘဲ ကြီးထွားရာက ဖြစ်ပေါ်လာတယ်။ ကရာတင်မှဲ့ခြောက်ဟာ အရွယ်အစား ကြီးလာတဲ့အခါ အရေပြားဆဲလ်တွေဟာ တဖြည်းဖြည်းထူပြီး မာကျောလာတယ်။ နောက်ဆုံး အရေပြားအပေါ်ယံမှာ တွယ်ကပ်နေတဲ့ ဖယောင်းချပ်ကြီးတွေလို ဖြစ်လာတယ်။ ဖယောင်းချပ်မှဲ့ခြောက် (Seborrheic Keratosis)ဟာ အသက်(၆၀)တန်းအရွယ်တွေမှာ အဖြစ်များတယ်။ ငယ်ရွယ်သူတွေလည်း မျိုးရိုးရှိရင် ဖြစ်နိုင်တယ်။ FGFR3, PIK3CA, RAS, AKT1 and EGFR genes မျိုးဗီဇပြောင်းလဲမှုနဲ့ သက်ဆိုင်တာ တွေ့ရတယ်။ နေလောင်ခြင်းကြောင့် ပိုဖြစ်နိုင်တယ်။ နေလောင်မှဲ့ကွက် (solar lentigo)က ဖယောင်းချပ်မှဲ့ခြောက်အဖြစ်ပြောင်းလဲသွားနိုင်တယ်။ မကြာခဏပွတ်တိုက်မိခြင်းကြောင့်လည်း ဖြစ်နိုင်တယ်။ ဖယောင်းချပ် မှဲ့ခြောက် […]