Open 9:00-12:00 AM
+95 92051590

Category Archive : Skin growth

2 Nov, 2021 | No Comments

Angiofibroma

Angiofibroma

ခြေချောင်းလေးတွေရဲ့ အပေါ်မျက်နှာပြင်မှာဖြစ်တဲ့ အသားမာကို corns ခေါ်ပါတယ်။ calvus လို့လည်း ခေါ်သေးတယ်။ ခပ်ဝိုင်းဝိုင်းပုံစံရှိတဲ့ အဝါရောင် အသားမာတစ်မျိုး ဖြစ်ပါတယ်။ အရေပြားပွတ်တိုက်ခံရဖန်များပြီး ဆဲလ်သေ keratin တွေစုပုံရာက corns အသားမာဖြစ်ပေါ်လာတယ်။ ဒီအသားမာဟာ ရိုးရိုးအသားမာ (callus)ထက် အရွယ်အစားပိုသေးတယ်။ ပိုပြီးလည်း နက်တယ်။ အလယ်ပိုင်းက မာကျောပြီး ဘေးဖက်အရေပြားက အနည်းငယ်ပျော့နေတယ်။ လက်နဲ့ဖိကြည့်ရင် နာတယ်။ keratin ဆဲလ်သေကြောင့် အရေပြားက မာခဲနေပါတယ်။ corns အသားမာကို ခြေချောင်းလေးတွေမှာ ပိုတွေ့ရတယ်။ အဆစ်များတဲ့ ခြေမ၊ ခြေသန်းနဲ့ ခြေသကြွယ် မျက်နှာပြင်အထက်ပိုင်းမှာ ဖြစ်ကြတယ်။ ဒီအဆစ်နေရာတွေဟာ ပွတ်တိုက်ခံရဆုံးနေရာတွေ ဖြစ်လို့ပါ။ ရှူးဖိနပ်စီးသူတွေရဲ့ခြေချောင်းတွေမှာ မကြာခဏ တွေ့မြင်ရတယ်။ corns အသားမာ အမျိုးအစား (၃)မျိုးရှိပါတယ်။ (၁) Hard […]

31 Oct, 2021 | No Comments

Callus

Callus ဆိုတာ အသားမာတက်တာကို ခေါ်ပါတယ်။ ခြေထောက်တွေမှာ အဖြစ်များတယ်။ ထပ်ခါတလဲလဲ ပွတ်တိုက်ခြင်းကြောင့် အရေပြားက ထူထဲပြီး မာကျောလာပါတယ်။ အချိန်ကြာလာတဲ့အခါ အသားမာအဖြစ် ပြောင်းလဲလာပါတယ်။အရေပြားပေါ် ဖိအားသက်ရောက်တဲ့နေရာမှန်သမျှ ဖြစ်နိုင်တယ်။ အထူးသဖြင့် အရိုးနဲ့ပွတ်တိုက်မိတဲ့ ခြေဖဝါးအပိုင်းနေရာတွေက ဒဏ်ဖြစ်ပြီး အသားမာတက်လာနိုင်ပါတယ်။   ခြေဖဝါးအသားမာတက်ရင် plantar callus ခေါ်ပါတယ်။ ခုံးတဲ့ ခြေဖဝါးရှေ့ပိုင်းက အဖြစ်များဆုံးနေရာဖြစ်ပါတယ်။ လက်ဖဝါးတွေမှာ တွေ့ရတဲ့ အသားမာကို palmar callus ခေါ်ပါတယ်။ တယောသမားရဲ့ မေးစေ့မှာလည်း အသားမာ(callus) တည်နိုင်တယ်။ violinist’s chin ခေါ်ပါတယ်။ ဂစ်တာတီးသူတွေလည်း လက်အသားမာ ဖြစ်လေ့ရှိပါတယ်။ အသားမာ(callus)ရဲ့ လက္ခဏာရပ်တွေက ဆဲလ်သေ အထပ်ထပ်ပိတ်ဆို့ထားလို့ အရေပြားထူပြီးမာနေမယ်။ ဧရိယာကျယ်တယ်။ ဖိရင် နာကျင်မှု မရှိဘူး။ ထိတွေ့မှုအာရုံ […]

Merkel cell carcinoma မာကယ်ဆဲလ် ကင်ဆာ