Reed nevus (ရိဒ်မှဲ့)ဆိုတာ မွေးရာပါမှဲ့မဟုတ်ဘဲ အရွယ်ရောက်မှထွက်လာတဲ့ မှဲ့တစ်မျိုးဖြစ်ပါတယ်။ ဒီမှဲ့က သိသိသာသာ မည်းနေတာကြောင့် အမည်းရောင်မှဲ့ (melanocytic naevus)အမျိုးအစားထဲမှာ ပါတယ်။ အရေပြားအောက်လွှာ (dermis)မှာ တည်ရှိပြီး melanocytes တွေက ရှည်မျောမျောပုံစံ (spindle shape) ရှိလို့ spindle cell nevus လည်း ခေါ်ပါတယ်။ ၁၉၇၅ခုနှစ်မှာ အရေပြားဆရာဝန် Richard Reed ကတွေ့ရှိခဲ့တာကြောင့် Reed nevus လို့ ခေါ်ကြတာဖြစ်ပါတယ်။ Reed nevus ကို dermatoscope နဲ့ လေ့လာကြည့်ရင် ဘေးမျက်နှာပြင်က အမည်းရောင်အမျှင်တွေဖြာထွက်သလို တွေ့ရတယ်။ အမည်းရောင်မှဲ့က ကြယ်ပေါက်ကွဲတဲ့ပုံစံ starburst ရှိတယ်လို့ တင်စားတယ်။ melanoma နဲ့ ဆင်တူတယ်။ melanoma (ရောင်ခြယ်မှဲ့ကင်ဆာ) ကတော့ […]
Spitz nevus ဆိုတာ spindle cell nevus မှဲ့တစ်မျိုးဖြစ်ပြီး Reed nevus ထက် အရောင်ပိုဖျော့ပါတယ်။ ပန်းရောင်၊ အသားရောင်၊ အညိုရောင် စသည်ဖြင့် မှဲ့ဖုပုံစံ အမျိုးမျိုးဖြစိနိုင်တယ်။ အမဲရောင် Spitz nevus မှဲ့တွေဟာ melanoma (မှဲ့ကင်ဆာ)နဲ့ ခွဲခြားရခက်လို့ တခါတရံ ဖြတ်ထုတ်ရတတ်ပါတယ်။ အသားဖြူတဲ့ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များပြီး အသက်(၂၀)အတွင်း တွေ့ရပါတယ်။ Spitz nevus ဟာ melanocytes (အမဲရောင်ခြယ်ဆဲလ်)တွေနဲ့ တည်ဆောက်ထားလို့ melanocytic nevus (ရောင်ခြယ်မှဲ့)အမျိုးအစားမှာ ပါဝင်ပါတယ်။ ဒါပေမယ့် Spitz naevus ဟာ တက်ကြွလှုပ်ရှားမနေတဲ့ melanocytes တွေဖြစ်လို့ အမဲရောင်မဟုတ်ဘဲ ပန်းရောင်(သို့) အညိုရောင်မှဲ့ပုံစံ ရှိနေတတ်တယ်။ Spitz naevus တွေကို […]
Keratoacanthoma ဆိုတာ အရေပြားက ဖောင်းတက်နေတဲ့ ဖယောင်းကျိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီအကျိတ်တွေဟာ ခပ်မြန်မြန်ကြီးထွားလွယ်ပြီး အရေပြား ချပ်ပြားဆဲလ်လွှာကင်ဆာ(squamous cell carcinoma)နဲ့ ခွဲရခက်တယ်။ အများအားဖြင့် မွေးညင်းပေါက်ရဲ့ လည်ပင်းပိုင်း (infundibulum)ကနေ စတင်ဖြစ်ပေါ်လာတတ်တယ်။ acanthoma ဆိုတာ အသက်ကြီးရင့်သူတွေမှာဖြစ်တဲ့ နီညိုရောင်အကျိတ်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် အပေါ်ယံအရေပြားဆဲလ်(epidermis)လွှာမှာ တွေ့ရတဲ့ benign epithelial tumor တစ်မျိုး ဖြစ်ပါတယ်။ benign ဆိုတာ အသက်အန္တရာယ်မရှိတဲ့ အကျိတ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ အသက်(၆၀)ကျော်တန်း အမျိုးသားတွေမှာ အဓိကတွေ့ရတယ်။ နေရောင်ထိတွေ့မှုများသူတွေမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် အဖြစ်များတယ်။ ခုခံအားကျဆင်းတာ၊ ကင်ဆာဆေးသွင်းတာစတဲ့အခါ ဖြစ်နိုင်တယ်။ ထပ်တရာနာ (psoriasis)မှာ အသုံးပြုတဲ့ psoralen ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဓာတုပစ္စည်းတွေကြောင့်လည်းဖြစ်တတ်တယ်။ တခါတရံ tumour suppression […]
Fordyce angiokeratoma ဆိုတာ အမျိုးသားကပ်ပယ်အိတ်မှာ အဖြစ်များတဲ့ အသားပိုပုံစံ သွေးကြောလုံးလေးတွေ ဖြစ်တယ်။ ဒီ အသားပိုသွေးကြောလုံးလေးတွေကို ကျားမအင်္ဂါစပ်တွေမှာ အဓိကတွေ့ရတယ်။ မိန်းမကိုယ်အပေါက်ဝ (vulva)နေရာတွေမှာလည်း ဖြစ်တတ်တယ်။ အရေပြားအောက်လွှာ (papillary dermis)မှာ ဆံခြည်မျှင် သွေးကြောတွေ ထုံးပြီး အိတ်ပုံစံ အဖုလုံးလေးတွေ ဆက်တိုက် ဖြစ်လာပါတယ်။ အလုံးလေးတွေက ကြွက်နို့နဲ့ ဆင်တူတယ်။ ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရဘူး။ အသက်အရွယ်ကြီးရင့်မှုနဲ့ဆိုင်တယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်တယ်။ အသက်(၄၀)ကျော်အရွယ်တွေ အဖြစ်များတယ်။ ကိုယ်ဝန်ဆောင်နဲ့ တားဆေးသုံးသူတွေ ဖြစ်နိုင်ချေရှိတယ်။ အသက်ကြီးလာတာနဲ့ အမျှ fordyce angiokeratoma သွေးကြောလုံးလေးတွေလည်း ပိုများလာတတ်တယ်။ ကူးစက်ရောဂါမဟုတ်လို့ စိုးရိမ်ဖို့ မလိုပါဘူး။ ကုသနည်း ဆံခြည်မျှင်သွေးကြောလုံးလေးတွေ ဖြစ်လာရင် cryotherapy (အေးခဲစေခြင်း)၊ electrocautery (လျှပ်စစ်တို့ခြင်း)၊ shave excision […]