Open 9:00-12:00 AM
+95 92051590

Category Archive : Skin growth

6 Nov, 2021 | No Comments

Mucocele

Mucocele ဆိုတာ အကျိချွဲအရည်အိတ်(mucus cyst)တစ်မျိုး ဖြစ်တယ်။ အောက်နှုတ်ခမ်းကို မတော်တဆကိုက်မိရာက အရည်အောင်းပြီး နှုတ်ခမ်းအရည်အိတ် (mucocele)ဖြစ်လာတယ်။ စမ်းကြည့်ရင် ခပ်လုံးလုံး၊ ခပ်ပျော့ပျော့အိတ်ကို အောက်နှုတ်ခမ်းထဲမှာ တွေ့ရတယ်။ နှုတ်ခမ်းအတွင်းသား၊ ပါးစပ်အောက်ခြေ၊ သွားဖုံး၊ ပါးစောင်၊လျှာ စတဲ့နေရာတွေလည်း ရံဖန်ရံခါတွေ့နိုင်တယ်။ mucocele အရည်အိတ်က ၁-၁၅ မီလီမီတာအတွင်း အရွယ်အမျိုးမျိုးဖြစ်နိုင်တယ်။ တချို့ ပဲစေ့ဆိုက်လောက်ရှိတယ်။ တခါတရံ ၃-၄လုံး တပြိုင်နက် ဖြစ်တတ်တယ်။ နှုတ်ခမ်းသားဖြစ်တဲ့နေရာပေါ်လိုက်ပြီး ခရမ်းရောင်၊ပန်းရောင်အိတ် မျိုးစုံဖြစ်နိုင်တယ်။ အမှန်တော့အကျိအချွဲထုတ်ပေးတဲ့ အတွင်းပိုင်း တံတွေးပြွန်(salivary ducts)တွေ ထိခိုက်မိရာက ပြွန်ပေါက်ထွက်ပြီး နှုတ်ခမ်းသားအောက် mucus အရည်တွေ ​အောင်းလာတာဖြစ်ပါတယ်။နှုတ်ခမ်းကိုက်တာ၊ စုပ်တာတွေက အဓိကဖြစ်စေတယ်။ ကုသနည်း superficial mucocele (အပေါ်ယံ နှုတ်ခမ်းအရည်အိတ်)ဟာ ၃-၆ပတ်အတွင်း သူ့ဘာသာပေါက်ပြီး အလိိုလိုသက်သာသွားနိုင်တယ်။ […]

Sebaceous hyperplasia ဆိုတာ အရေပြားအောက်လွှာ အဆီပေါက်တွေကျယ်ရာက ဖြစ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ ဝက်ခြံအဆီဖုနဲ့ ကွဲပြားတာက အလယ်မှာရှိတဲ့မွေးညင်းပေါက်က ချိုင့်ဝင်နေပြီး ဘေးသားဒေက ဖောင်းတက်နေပါတယ်။ Dermoscope နဲ့ စစ်ဆေးကြည့်ရင် ဘေးမှာ သွေးကြောတွေ ထင်းနေတတ်တယ်။ နဖူးနဲ့ ပါးပြင်တွေ အဓိကတွေ့ရတယ်။ အရွယ်အစားအားဖြင့် ၃မီလီမီတာ အတွင်းမှာသာရှိတယ်။ သက်လတ်အရွယ် အမျိုးသားတွေမှာ အဖြစ်များတယ်။  အဆီအိတ်တွေဟာ မျက်နှာမှာ ဖြစ်ရင် ကြည့်ရဆိုးပေမယ့် လူကို ဒုက္ခမပေးတာကြောင့် မကုဘဲထားလို့ရပါတယ်။ လိုအပ်ရင် လေဆာပစ်ပြီး ဖျက်စီးပစ်နိုင်တယ်။ electrocautery မီးရှို့ဖျက်စီးနည်းလည်း သုံးနိုင်တယ်။ အဆီအိတ်တွေပွားလာရင် iaotretinoin သောက်ဆေးနဲ့ ကုလို့ရပါတယ်။ အမျိုးသမီးတွေမှာဖြစ်ရင် antiandrogen သောက်ဆေးတွေလည်း အသုံးဝင်တယ်။ မကုဘဲထားရင် ရေရှည်မှာပွားလာတတ်ပါတယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန်  အကယ်၍ […]

Sebaceous nevus (မွေးရာပါ အဆီလုံးမှဲ့)တွေဟာ ဦးရေပြားမှာတွေ့ရတဲ့ မွေးရာပါမှဲ့တွေဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေရဲ့ ၀.၃%မှာ တွေ့ရတယ်။ ကျား၊မ အရွယ်မရွေးဖြစ်နိုင်တယ်။ အဆီလုံးမှဲ့တွေဟာ အပေါ်ယံအရေပြားဆဲလ်၊ အဆီအိတ်၊ မွှေးညင်းပေါက်၊ ချွေးဂလင်းနဲ့ တွယ်ဆက်တစ်ရှူးတွေ စုရုံးဖွဲ့စည်းထားပါတယ်။ တနည်းအားဖြင့် အရေပြားအပေါ်ယံဆဲလ်အားလုံးပါဝင်နေပါတယ်။ အဆီလုံးမှဲ့ခြောက်တွေဟာ မွှေးညှင်းကျိတ်တစ်မျိုး ဖြစ်ပြီး epidermal nevus (အပေါ်ယံဆဲလ်မှဲ့) အမျိုးအစားထဲမှာပါဝင်ပါတယ်။ Nevus sebaceous လည်း ခေါ်ကြတယ်။ ဘာ့ကြောင့်ဖြစ်လဲ ကိုယ်ဝန်ဆောင် သန္ဓေသားဘဝမှာ ectoderm ဖြစ်တည်မှု ချို့ယွင်းချက်ကြောင့် ဒီလို အရေပြားအဆီလုံးမှဲ့တွေ ဖြစ်ပေါ်လာပါတယ်။ ဆဲလ်ကြီးထွားမှုဖြစ်စဉ် RAS/MAP kinase pathway မှာ ချို့ယွင်းချက်တစုံတရာက ဆဲလ်ကွဲပွားမှု ထိခိုက်ပြီး ပုံမှန်မဟုတ်တဲ့အဆီလုံးတွေ ဖြစ်ပေါ်လာပါတယ်။  မွေးကင်းစအရွယ် ကလေးဦးခေါင်းမှာ ခပ်ဝါဝါအကွက်အဖြစ် စတင်မြင်တွေ့ရတယ်။ […]

4 Nov, 2021 | No Comments

Pilomatrixoma

Pilomatrixoma ဆိုတာ ဆံပင်အခြေ မွေးညင်းအိတ်ကဖြစ်ပေါ်လာတဲ့ အရေပြားကျိတ်တွေဖြစ်ပါတယ်။ calcifying epithelioma of Malherbe လို့လည်းခေါ်ပါတယ်။ calcifying ဆိုတာ ကယ်စီယမ်အနည်ကျပြီး မာခဲနေတဲ့ဆဲလ်တွေကိုဆိုလိုပါတယ်။ ဒီအကျိတ်တွေဟာ Hair matrix cells ကနေ ဖြစ်ပေါ်လာတယ်။ matrix cells ဆိုတာ အမွေးရှည်ခြင်းကို အဓိကဖြစ်ပေါ်စေတဲ့ ပင်မဆဲလ်တစ်မျိုး ဖြစ်ပါတယ်။  Pilomatrixoma ဟာ နေရာကွက်ကြား သန္ဓေပြောင်းလဲလာတဲ့ hair matrix cell တွေကြောင့်ဖြစ်ပေါ်လာတယ်လို့ ယူဆကြတယ်။ ခေါင်း၊ မျက်နှာနဲ့လည်ပင်းတွေမှာ အဓိကတွေ့ရတယ်။ အကျိတ်ထဲမှာ ကျောက်တည်သလို အဖြူရောင်အစိလေးတွေ ငေါ်ထွက်နေတာတွေ့ရတယ်။ အဖြူရောင်၊ အဝါရောင်၊ အသားရောင် စသည်ဖြင့် အရောင်အမျိုးမျိုးဖြစ်နိုင်တယ်။ အရွယ်အစားအားဖြင့် ၅-၁၀မီလီမီတာအတွင်းသာ ရှိပါတယ်။ ဖိကိုင်ကြည့်ရင် နာတတ်တယ်။ လူငယ်တွေမှာ အဖြစ်များပြီး […]