Open 9:00-12:00 AM
+95 92051590

Category Archive : Skin growth

29 Oct, 2021 | No Comments

Lipoma

Lipoma အဆီကျိတ် Lipoma ဆိုတာ အရေပြားအောက်မှာတွေ့ရတဲ့ အဆီကျိတ်ကို ခေါ်ပါတယ်။ ဒီအကျိတ်တွေဟာ ကင်ဆာကျိတ်မဟုတ်ဘဲ ရိုးရိုးသာမန်အကျိတ်တွေသာဖြစ်ပါတယ်။ အဆီကျိတ်အများစုဟာ အဆီလွှာထဲမှာ ဖြစ်ပေါ်လေ့ရှိပြီး လက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာသာ အတွေ့ရများတယ်။lipoma အဆီကျိတ်တွေဟာ အဆီရှိတဲ့ ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၄၀-၆၀အတွင်း လူကြီးတွေမှာ အဖြစ်များတယ်။ ကမ္ဘာ့လူဦးရေရဲ့ (၁)ရာခိုင်နှုန်းမှာ အဆီကျိတ်ရှိတာ တွေ့ရတယ်။ ဘာ့ကြောင့် အဆီကျိတ်ဖြစ်လဲ ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရသေးပါဘူး။ သီအိုရီတစ်ခုက အဆီလွှာမှာ ဒဏ်ဖြစ်ပြီး  cytokines ရောင်ရမ်းဓာတ်စုပုံရာကတဆင့် အဆီလွှာမှာ ဆဲလ်တွေကွဲပွားမှုကြောင့် အဆီကျိတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဟော်မုန်းနဲ့လည်း သက်ဆိုင်တတ်ပါတယ်။ ဒါ့ပြင် မျိုးဗီဇရှိတာ၊ လှုပ်ရှားမှုနည်းတာ၊ နောက်ခံရောဂါတစ်မျိုးမျိုးရှိတာ (ဥပမာ Gardner syndrome, adiposis dolorosa, familial multiple lipomatosis, Madelung […]

29 Oct, 2021 | No Comments

Skin Tags

ခန္ဓာကိုယ်မှာ တွေ့ရတဲ့ အသားပိုတွေကို skin tags ခေါ်ပါတယ်။ ဆေးပညာလို acrocordons, Papilloma, Soft fibroma လည်း ခေါ်ပါတယ်။ အသားပိုတွေဟာ လျော့တွဲနေတဲ့ ကိုလာဂျင်မျှင်တွေ၊ သွေးကြောငယ်တွေနဲ့ ဖွဲ့စည်းထားပြီး တွဲကျနေတဲ့အစိုင်ခဲပုံစံငယ်တစ်ခုဖြစ်ပါတယ်။ နားလည်လွယ်အောင် ဥပမာပေးရရင် အူကျွံကျနေတဲ့ သဘောမျိုး တွဲကျလာတာဖြစ်ပါတယ်။ အသားချင်းပွတ်တိုက်မိတဲ့နေရာတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ ဖိအားဒဏ်တွေနဲ့ ပွတ်တိုက်မှုလွန်ကဲရာက အရေပြားကျွံကျလာတာဖြစ်တယ်။ လည်ပင်း၊မျက်ခွံ၊ ဂျိုင်း၊ ပေါင်ခြံနဲ့ ရင်သားအောက်ပိုင်းတွေမှာ အဓိကတွေ့ရတယ်။ ဆွဲကြိုး၊လက်ကောက်၊အဝတ်အစားပွတ်တိုက်မိတဲ့နေရာတွေမှာ ပိုဖြစ်နိုင်တယ်။ အသားပိုအများစုဟာ အသားရောင်ရှိပြီး တခါတရဲ အမဲရောင် မှဲ့ဆန်ဆန် ဖုသီးလေးတွေလည်းဖြစ်တတ်တယ်။ များသောအားဖြင့် ဆန်စေ့အရွယ်အစားလောက်ပဲ ရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေများလာပြီး လူနှစ်ယောက်မှာ တစ်ယောက်နှုန်းတွေ့ရတယ်။ ကျား၊မ မရွေး ဖြစ်နိုင်ပြီး အဝလွန်တာ၊ ဆီးချိုနဲ့ မျိုးရိုးရှိတဲ့သူတွေ […]