အရေပြားအသားမာကွက် (morphea)ဆိုတာ ပုံမှန်အသားရောင်ထက် အရောင်ဖျော့နေတဲ့ အကွက်တွေ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာ အသားအရေက အမာရွတ်လို ပြောင်ချောနေတတ်တယ်။ ကိုလာဂျင် အလွန်အကျွံထုတ်ရာက အရေပြားအသားမျှင်တွေ ခဲပြီး မာကျောလာတာဖြစ်တယ်။ Scleroderma အမျိုးအစားထဲ အကျုံးဝင်တယ်။ ဗိုက်၊ ရင်ဘတ်၊ ကျောစတဲ့နေရာတွေမှာ အဖြစ်များတယ်။ မျက်နှာ၊လည်ပင်း၊ ခြေလက်တွေမှာ အတွေ့ရနည်းတယ်။ အရေပြားခဲပြီးကျုံ့တာက အတွင်းပိုင်းထိ လှိုက်စားသွားရင် အဆစ်လှုပ်ရှားမှုကို ကန့်သတ်နိုင်တယ်။ ခြေလက်စတာတွေ တင်းကျပ်နေမယ်။ Picture 1: Morphea ဖြစ်စမှာ အရေပြားအကွက်က တင်းပြီး ပန်းရောင် ခရမ်းရောင်ပြောင်းလဲနိုင်တယ်။ ကြာလာရင် ပုံမှန်အသားရောင်ထက်ဖျော့ပြီး မာခဲလာတယ်။ အရေပြားပုံစံပြောင်းလဲလာပြီး ပြောင်ချောလာတယ်။ တခါဖြစ်ရင် ဒီအကွက်တွေက နှစ်နဲ့ချီကြာမြင့်နိုင်တယ်။ တချို့ အရေပြားအသားမာကွက်တွေဟာ အချိန်ကြာလာရင် သက်သာနိုင်တယ်။ တခါပြန်လည်းဖြစ်နိုင်တယ်။ ကလေးငယ်ခေါင်း ဦးစောင်းမှာ […]
Post-inflammatory erythema ဝက်ခြံအမာရွတ် ရဲခြင်း
Post-inflammatory hyperpigmentation အမာရွတ်မဲကျန်ခြင်း
Hypertrophic scar ဖောင်းကြွအမာရွတ် Hypertrophic scar ဆိုတာ အရေပြားပေါ်တွင် အနာဖြစ်ပြီးနောက် အမာရွတ်က အမြစ်တွယ်ပြီး ဖောင်းကားလာတဲ့ အမာရွတ်ကျပ်ခဲ တစ်မျိုးဖြစ်ပါတယ်။ ဒီအမာရွတ်ပုံစံဟာ ပုံမှန်အမာရွတ်တို့ထက် ပိုမိုထူထဲလာပြီး သက်သာပျောက်ကင်းဖို့ ခက်ခဲပါတယ်။ ဒဏ်ရာရတဲ့နေရာဟာ ပုံမှန်ထက် ကိုလာဂျင်အမျှင်တွေ ပိုမိုပွားများရာက ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒဏ်ရာဖြစ်လွယ်သူ၊ အသားအရေယားယံတတ်သူတွေမှာ ပုံမှန်ထက်လွန်ကဲတဲ့ တုံ့ပြန်မှုဆကြာင့် ဒီလိုအမာရွတ်ကျပ်ခဲ (hypertrophic scar)တွေ ဖြစ်ပေါ်လေ့ရှိတယ်။ Hypertrophic scar ဖြစ်ပေါ်ရခြင်းအကြောင်းရင်းမှာ အရေပြားအတွင်း အနာကျက်နေစဉ် fibroblast ဆဲလ်များမှ ကိုလာဂျင် ဖိုက်ဘာအမျှင်တန်း(collagen fibre)နဲ့ extracellular matrix (ECM) တို့ အနာအခြေရင်းမှ ထွက်ရှိလာခြင်းကြောင့် ဖြစ်ပေါ်လာတယ်။ ရောင်ရမ်းခြင်းဟာ ကြာရှည်ဖြစ်ပေါ်နေတာကြောင့် ပုံမှန်ထက်ကိုလာဂျင်တွေက အနည်ထိုင်စုပုံလာပါတယ်။ အနာကျက်ပြီး အမာရွတ်က မာပြီးခဲနေရင် […]