Open 9:00-12:00 AM
+95 92051590

Category Archive : Porokeratosis

Pityriasis lichenoides et varioliformis acuta (PLEVA) ဆိုတာ အနီကွက်လေးတွေရုတ်တရက်ထလာပြီး အနာခြောက်လေးတွေအဖြစ် အသွင်ပြောင်းသွားတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Pityriasis lichenoides (အသားခြောက် လိုက်ကန်ဖု) အမျိုးအစားထဲမှာ ပါဝင်ပြီးရုတ်တရက်ဖြစ်တာကို pityriasis lichenoides et varioliformis acuta (PLEVA)ခေါ်ပြီး နာတာရှည်ဖြစ်တာကို pityriasis lichenoides chronica (PLC) ခေါ်ပါတယ်။ Mucha-Habermann disease လည်းခေါ်ပါတယ်။ ဒီရောဂါက ကလေးအရွယ်နဲ့ လူငယ်တွေမှာ ပိုအဖြစ်များတယ်။  ဖြစ်စမှာ ခန္ဓာကိုယ် အနီကွက်တွေ စဖြစ်လာတယ်။ ဒီပုံစံအနီကွက်တွေဟာ ဗိုက်၊ရင်ဘတ်၊ရင်ဘတ်၊လက်မောင်း၊ပေါင် စတဲ့နေရာတွေ အဖြစ်များတယ်။ ရက်အနည်းငယ်အတွင်း အနီကွက်က အနီဖု၊အရည်ကြည်ဖု၊ ပြည်ဖု အဖြစ်ပြောင်းလဲသွားပါတယ်။ သိပ်မကြာခင် အနာက ခြောက်ပြီး အနာဖတ်က မဲမဲတွေ ကပ်ကျန်နေတတ်တယ်။ […]