Pityriasis lichenoides et varioliformis acuta (PLEVA) ဆိုတာ အနီကွက်လေးတွေရုတ်တရက်ထလာပြီး အနာခြောက်လေးတွေအဖြစ် အသွင်ပြောင်းသွားတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Pityriasis lichenoides (အသားခြောက် လိုက်ကန်ဖု) အမျိုးအစားထဲမှာ ပါဝင်ပြီးရုတ်တရက်ဖြစ်တာကို pityriasis lichenoides et varioliformis acuta (PLEVA)ခေါ်ပြီး နာတာရှည်ဖြစ်တာကို pityriasis lichenoides chronica (PLC) ခေါ်ပါတယ်။ Mucha-Habermann disease လည်းခေါ်ပါတယ်။ ဒီရောဂါက ကလေးအရွယ်နဲ့ လူငယ်တွေမှာ ပိုအဖြစ်များတယ်။ ဖြစ်စမှာ ခန္ဓာကိုယ် အနီကွက်တွေ စဖြစ်လာတယ်။ ဒီပုံစံအနီကွက်တွေဟာ ဗိုက်၊ရင်ဘတ်၊ရင်ဘတ်၊လက်မောင်း၊ပေါင် စတဲ့နေရာတွေ အဖြစ်များတယ်။ ရက်အနည်းငယ်အတွင်း အနီကွက်က အနီဖု၊အရည်ကြည်ဖု၊ ပြည်ဖု အဖြစ်ပြောင်းလဲသွားပါတယ်။ သိပ်မကြာခင် အနာက ခြောက်ပြီး အနာဖတ်က မဲမဲတွေ ကပ်ကျန်နေတတ်တယ်။ […]
ဆေးမတည့်ခြင်း A drug rash, sometimes called a drug eruption, is a reaction your skin can have to certain drugs. Causes Almost any drug can cause a rash. But antibiotics (especially penicillins and sulfa drugs), NSAIDs, chemotherapy agents and anti-seizure drugs are common drugs to cause a rash. The most common antibiotics causing drug eruptions include […]
ဆေးကြောင့်ဖြစ်တဲ့ အရေပြားအမဲကွက်များ Fixed Drug Eruption (FDE) ဆိုတာ ဆေးဝါးတစ်မျိုးမျိုး (သို့) ဓာတ်ပစ္စည်းတစ်မျိုးမျိုးကြောင့် အရေပြားဓာတ်မတဲ့ရာက ဖြစ်ပေါ်လာတဲ့ အနီကွက်၊ အမဲကွက်၊ အရည်ကြည်ဖုထတဲ့ အကွက်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဆေးခန်းရောက်လာတဲ့အခါမျိုးမှာ အမဲကွက် ပုံစံတွေအနေနဲ့ တွေ့ရတတ်တယ်။ FDE (ဆေးဝါးအမဲကွက်)တွေကို အသားမဲတဲ့သူတွေမှာ အဓိက တွေ့ရတယ်။ မြန်မာလူမျိုးတွေ မကြာခဏတွေ့ရတယ်။ စဖြစ်ခါစမှာ အနီရင့်ရောင်အကွက်မဲအဖြစ်တွေ့ရတယ်။ အမဲကွက်ရဲ့ အလယ်မှာ အရည်ကြည်ဖုရှိတတ်တယ်။ FDE အမဲကွက်ဟာ အဆင့် (၄) ဓာတ်မတဲ့ခြင်း (type IV hypersensitivity reaction) ကြောင့် အဓိကဖြစ်တယ်။ ဆေးတွေကြောင့် အရေပြားခုခံအားဆဲလ် (T cells) တွေက ဓာတ်တုံ့ပြန်မှုဖြစ်စေပြီး အရေပြားမှာ တိုက်ခိုက်ရာက အကွက်တွေ ဖြစ်လာတယ်။ […]



