Open 9:00-12:00 AM
+95 92051590

Category Archive : Pimples

ဝက်ခြံပျောက်အောင် ကုနည်း ဝက်ခြံဟာ မြန်မာနိုင်ငံမှာ အဖြစ်များဆုံး အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။  ဝက်ခြံကို acne လို့ ခေါ်ကြတယ်။ လေ့လာမှုတွေအရ ဝက်ခြံပေါက်သူရဲ့ ၈၀ရာခိုင်နှုန်းက လူပျိုအရွယ်တွေ ဖြစ်ပါတယ်။ ယောကျာ်း၊ မိန်းမ မတူကြဘူး။ ယောကျာ်းတွေ အသက်ကြီးလာတာနဲ့ ပျောက်ဖို့ရာခိုင်နှုန်း ပိုများလာတယ်။ သို့သော် မိန်းကလေးတွေကတော့ ပြောင်းပြန်ပါ။ အပျိူဝင်စမပေါက်တတ်ရင် လူလတ်ပိုင်းဝင်လာတဲ့အခါ (အထူးသဖြင့် အသက် ၃၀ ကျော်) ပြန်တွေ့လာရတယ်။ ဒီကိစ္စက အချက်နှစ်ချက်လို့ ကောက်ချက်ချလို့ရတယ်။ ပထမအချက်က ဟော်မုန်းပြောင်းလဲမှု မမှန်တာ။ ဒုတိယတချက်က အလှအပပစ္စည်းတွေ အလွန်အကျွံသုံးစွဲတာ၊ ဒီလိုအချက်တွေကြောင့်ဖြစ်တယ်။ ဝက်ခြံဘာလို့ဖြစ်လဲ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်းက အဆီအိတ်ဂလင်း(sebaceous gland)တွေမှာ ပိတ်ဆို့မှုကြောင့် ဖြစ်တယ်။ လူ့ခန္ဓာကိုယ်ရဲ့ မွှေးညင်းပေါက်မှာ အဆီအိတ်တွေရှိတယ်။ အဆီအိတ်ကနေ အဆီ(sebum)တွေ ထုတ်ပေးနေတယ်။ အဆီအိတ်များသူတွေမှာ […]

အနီရောင် ဝက်ခြံပျောက် မျက်နှာသစ်ဆေး Clozac အနီရောင် မျက်နှာသစ်ဆေးသည် အဆီဖုဝက်ခြံ(whiteheads)နှင့်ဆားဝက်ခြံ(blackheads)ဝက်ခြံများအတွက်အထူးထုတ်လုပ်ထားသည့်မျက်နှာသစ်ဆေးတမျိူး ဖြစ်သည်။ အနီရောင် မျက်နှာသစ်ဆေးတွင် Salicylicacid, nicotinamide, tea tree oil, aloe Vera, allantoin, Vit B5(D-panthenol) နှင့် Vit E တို့ပါဝင်သည်။ Salicylic acid သည် အဆီတွင် ပျော်ဝင်စေပြီး အဆီဂလင်းကိုထိန်းချုပ်ပေးခြင်းကြောင့်ဆားဝက်ခြံ၊အဆီဖုဝက်ခြံများကိုသက်သာပျောက်ကင်းစေသည်။ Nicotinamideသည် အဆီဂလင်းကို ကျဥ်းစေသည့်အပြင် အဆီပြန်ခြင်းကိုထိန်းချုပ်ပေးသောကြောင့် မိတ်ကပ်၊ပိုးမွှား၊ဖုန်မှုန့်များကြောင့်ချွေးပေါက်ပိတ်ခြင်း၊ အဆီပြန်ခြင်းကို သက်သာ လျှော့ပါးသက်သာစေနိုင်သည်။ထို့ပြင် လက်ဖက်ဆီ(tea tree oil) ပါဝင်ခြင်းကြောင့်ရောင်ရမ်းနာဝက်ခြံများကိုပါ သက်သာစေသည်။ vitamin B5 (D-panthenol) သည်အသားလောင်ခြင်း၊ မျက်နှာရဲခြင်းကို သိသိသာသာ သက်သာစေသည်။အစိုဓာတ်ထိန်းပေးသည့် ရှားစောင်းလပ်ပပ်(Aloe Vera)နှင့် ဗီတာမင် အီး(vitamin E) […]

15 Nov, 2021 | No Comments

Pomade acne

Pomade acne (ခေါင်းလိမ်းဆီဝက်ခြံ)ဆိုတာ ဆံပင်ပုံသွင်းတဲ့ လိမ်းဆေးထုတ်ကုန်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဝက်ခြံအဆီဖုတွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဒီဝက်ခြံဖုတွေဟာ နဖူး၊ နားထင်နဲ့ နားသယ်စပ် စတဲ့နေရာတွေမှာ အဖြစ်များတယ်။ တခါတရံ hairline acne လည်း ခေါ်ကြတယ်။ ခေါင်းလိမ်းဆီနှင့် တခြားဂျယ်လ်တွေမှာ ပုံသွင်းလွယ်အောင် ဖယောင်းဆီ(waxy)နဲ့ ပျစ်ခဲ့တဲ့ အဆီရည်တွေထည့်သွင်းလေ့ရှိပါတယ်။ အဆိုပါအဆီတွေကြောင့် မွှေးညင်းပေါက်ပိတ်တတ်တယ်။ ခေါင်းလျှော်ရည်မှာပါတဲ့ အမြှုပ်ထွက်ဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ဆံပင်ထုတ်ကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေက ဆံပင်အတွက် အန္တရာယ်မရှိပေမယ့် အရေပြား မွှေးညင်းပေါက်ပိတ်ဆို့တဲ့အခါ ဝက်ခြံအဖုတွေ ထွက်လာတယ်။   သတိပြုသင့်သည့် ပါဝင်ပစ္စည်းများ ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည် နဲ့ pomade ထဲမှာ အောက်ပါပစ္စည်းတွေက ဖြစ်စေနိုင်လို့ သတိပြုသုံးစွဲသင့်ပါတယ်။ လက္ခဏာရပ်များ ဆံပင်လိမ်းဆေး၊ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ သုံးတဲ့နေရာတွေမှာ […]

15 Nov, 2021 | No Comments

Mask acne

Mask acne ဆိုတာ မျက်နှာဖုံး(face mask)အုပ်တဲ့နေရာတွေမှာ ဖြစ်တဲ့ ဝက်ခြံတွေကို ခေါ်ပါတယ်။ ကိုဗစ်ကာလတွေမှာ နေ့စဉ် face mask အသုံးပြုရာက မျက်နှာဖုံးနဲ့ ပွတ်တိုက်တဲ့နေရာတွေဟာ ထိခိုက်ပြီး မွှေးညင်းပေါက်ပိတ်ဆို့ကာ maskne (မျက်နှာဖုံးဝက်ခြံ)တွေ ပေါ်ပေါက်လာပါတယ်။ စိတ်ဖိစီးမှုနဲ့ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေကလည်း maskne ကို ပိုတိုးစေနိုင်တယ်။ maskne ဘာကြောင့် ထွက်လာသလဲ Face mask အသုံးပြုခြင်းအားဖြင့် ပူနွေးစိုစွတ်တဲ့လေဟာ မျက်နှာဖုံးများအောက်ဖက်မှာ ပိတ်မိနေပါတယ်။ ဒီအခြေအနေဟာ ဗက်တီးရီးယားပေါက်ဖွားဖို့ အကောင်းဆုံးအခြေအနေကို ဖန်တီးပေးတယ်။ ပွတ်တိုက်မှု၊ အရေပြားထိခိုက်မှုနဲ့ စိုထိုင်းစများလာခြင်းဟာ mask အတွင်းပိုင်း အရေပြားကို အလွယ်တကူ ပျက်စီးစေပြီး ဝက်ခြံတွေ ထွက်လာပါတယ်။ စိုထိုင်းစ မြင့်တက်လာခြင်းနဲ့အတူ dermatitis အရေပြားရောင်ရမ်းတာနဲ့ folliculitis မွှေးညင်းပေါက်ရောင်ရမ်းတာ […]