Open 9:00-12:00 AM
+95 92051590

Category Archive : Papules

Sebaceous hyperplasia ဆိုတာ အရေပြားအောက်လွှာ အဆီပေါက်တွေကျယ်ရာက ဖြစ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ ဝက်ခြံအဆီဖုနဲ့ ကွဲပြားတာက အလယ်မှာရှိတဲ့မွေးညင်းပေါက်က ချိုင့်ဝင်နေပြီး ဘေးသားဒေက ဖောင်းတက်နေပါတယ်။ Dermoscope နဲ့ စစ်ဆေးကြည့်ရင် ဘေးမှာ သွေးကြောတွေ ထင်းနေတတ်တယ်။ နဖူးနဲ့ ပါးပြင်တွေ အဓိကတွေ့ရတယ်။ အရွယ်အစားအားဖြင့် ၃မီလီမီတာ အတွင်းမှာသာရှိတယ်။ သက်လတ်အရွယ် အမျိုးသားတွေမှာ အဖြစ်များတယ်။  အဆီအိတ်တွေဟာ မျက်နှာမှာ ဖြစ်ရင် ကြည့်ရဆိုးပေမယ့် လူကို ဒုက္ခမပေးတာကြောင့် မကုဘဲထားလို့ရပါတယ်။ လိုအပ်ရင် လေဆာပစ်ပြီး ဖျက်စီးပစ်နိုင်တယ်။ electrocautery မီးရှို့ဖျက်စီးနည်းလည်း သုံးနိုင်တယ်။ အဆီအိတ်တွေပွားလာရင် iaotretinoin သောက်ဆေးနဲ့ ကုလို့ရပါတယ်။ အမျိုးသမီးတွေမှာဖြစ်ရင် antiandrogen သောက်ဆေးတွေလည်း အသုံးဝင်တယ်။ မကုဘဲထားရင် ရေရှည်မှာပွားလာတတ်ပါတယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန်  အကယ်၍ […]

Sebaceous nevus (မွေးရာပါ အဆီလုံးမှဲ့)တွေဟာ ဦးရေပြားမှာတွေ့ရတဲ့ မွေးရာပါမှဲ့တွေဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေရဲ့ ၀.၃%မှာ တွေ့ရတယ်။ ကျား၊မ အရွယ်မရွေးဖြစ်နိုင်တယ်။ အဆီလုံးမှဲ့တွေဟာ အပေါ်ယံအရေပြားဆဲလ်၊ အဆီအိတ်၊ မွှေးညင်းပေါက်၊ ချွေးဂလင်းနဲ့ တွယ်ဆက်တစ်ရှူးတွေ စုရုံးဖွဲ့စည်းထားပါတယ်။ တနည်းအားဖြင့် အရေပြားအပေါ်ယံဆဲလ်အားလုံးပါဝင်နေပါတယ်။ အဆီလုံးမှဲ့ခြောက်တွေဟာ မွှေးညှင်းကျိတ်တစ်မျိုး ဖြစ်ပြီး epidermal nevus (အပေါ်ယံဆဲလ်မှဲ့) အမျိုးအစားထဲမှာပါဝင်ပါတယ်။ Nevus sebaceous လည်း ခေါ်ကြတယ်။ ဘာ့ကြောင့်ဖြစ်လဲ ကိုယ်ဝန်ဆောင် သန္ဓေသားဘဝမှာ ectoderm ဖြစ်တည်မှု ချို့ယွင်းချက်ကြောင့် ဒီလို အရေပြားအဆီလုံးမှဲ့တွေ ဖြစ်ပေါ်လာပါတယ်။ ဆဲလ်ကြီးထွားမှုဖြစ်စဉ် RAS/MAP kinase pathway မှာ ချို့ယွင်းချက်တစုံတရာက ဆဲလ်ကွဲပွားမှု ထိခိုက်ပြီး ပုံမှန်မဟုတ်တဲ့အဆီလုံးတွေ ဖြစ်ပေါ်လာပါတယ်။  မွေးကင်းစအရွယ် ကလေးဦးခေါင်းမှာ ခပ်ဝါဝါအကွက်အဖြစ် စတင်မြင်တွေ့ရတယ်။ […]

Guttate psoriasis အစက်ပေါက် ကြေးခွံနာ အရေပြား

ကလေးငယ် ဝက်ခြံ (infantile acne)ဆိုတာ အသက် (၁)နှစ်အောက် ကလေးငယ်တွေမှာ တွေ့ရတဲ့ ဝက်ခြံတွေကို ခေါ်ပါတယ်။ ယောကျာ်းလေးတွေမှာ အတွေ့များပြီး အသက်(၂)နှစ်အရွယ်ထိ ဖြစ်နေတတ်တယ်။ infantile acneဟာ ဆားဝက်ခြံ၊ အဆီဖုဝက်ခြံ၊ ရောင်ရမ်းနာဝက်ခြံစသည်ဖြင့် ပုံစံအမျိုးမျိုးဖြစ်နိုင်တယ်။ နဖူး၊ပါးပြင်၊မေးစေ့ စတဲ့နေရာတွေဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့နေရာတွေ ဖြစ်တယ်။ infantile acne တွေဟာ ကလေးငယ်မှာ testosterone ဟော်မုန်းယာယီ မြင့်တက်ခြင်းနဲ့ အဓိကသက်ဆိုင်တယ်။ ဟော်မုန်းကြောင့် အဆီဂလင်းထုတ်လုပ်မှုများပြီး ချွေးပေါက်ပိတ်ဆို့ရာက ဒီလိုဝက်ခြံတွေ စတင်ဖြစ်ပေါ်လာတယ်။ ငယ်စဉ်ကလေးငယ်ဘဝက infantile acne ဝက်ခြံထွက်တတ်သူဟာ အရွယ်ရောက်တဲ့အခါ ဝက်ခြံထွက်ဖို့ အခွင့်အလန်းပိုများပါတယ်။ ကံကောင်းတာက infantile acne(ကလေးငယ်ဝက်ခြံ)က အဖြစ်နည်းပြီး neonatal acne (မွေးကင်းစဝက်ခြံ)တွေကတော့ ပိုအတွေ့များတယ်။ infantile acne […]