Open 9:00-12:00 AM
+95 92051590

Category Archive : Papules

Keratosis follicularis ဆိုတာ မွှေးညင်းပေါက်ပိတ်ဆို့ရာကဖြစ်တဲ့ ကြာဆူးဆန်ဆန် နီညိုရောင်အဖုလေးတွေဖြစ်ပါတယ်။ အရေပြားက စူထွက်နေတဲ့ ဝတ်ဆံလေးတွေကို keratosis ခေါ်ပါတယ်။ follicularis ဆိုတာ မွှေးညင်းပေါက် ပိတ်ဆို့ရာက ဖြစ်ရတာ။ စူထွက်တဲ့ အသားမာဖုပေါ်မှာ မဲညစ်ညစ် ဝါကျင့်ကျင့် keratin ဖယောင်းဖတ်တွေ ကပ်နေတာကို keratosis follicularis ခေါ်ပါတယ်။ နောက်ပိုင်းမှာ Darier disease လို့ပဲ သုံးနှုန်းကြတော့တယ်။ ATP2A2 gene မျိုးဗီဇပြောင်းလဲမှုနဲ့ အဓိကသက်ဆိုင်တယ်။ မိဘတစ်ဦးဦးဆီက အဆိုပါမျိုးဗီဇ အမွေဆက်ခံလို့ ဖြစ်ပါတယ်။ အရေပြားဆဲလ်တွေကြား ကော်လိုကပ်ပေးနိုင်တဲ့ desmosome ပုံစံပျက်သွားရာက keratinocyte ပွားများမှုကို မထိန်းချုပ်နိုင်တော့ဘူး။ ဒီဆဲလ်ပွားများမှုဟာ အရေပြားထိခိုက်တဲ့အခါ ပိုဖြစ်လာပါတယ်။ အဆီပြန်တဲ့နေရာတွေနဲ့ အရေပြားပွတ်တိုက်မှုများတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ အချိန်ကြာတာနဲ့အမျှ ကရာတင်တွေ ပိုများလာပြီး […]

အနီရောင် ဝက်ခြံပျောက် မျက်နှာသစ်ဆေး Clozac အနီရောင် မျက်နှာသစ်ဆေးသည် အဆီဖုဝက်ခြံ(whiteheads)နှင့်ဆားဝက်ခြံ(blackheads)ဝက်ခြံများအတွက်အထူးထုတ်လုပ်ထားသည့်မျက်နှာသစ်ဆေးတမျိူး ဖြစ်သည်။ အနီရောင် မျက်နှာသစ်ဆေးတွင် Salicylicacid, nicotinamide, tea tree oil, aloe Vera, allantoin, Vit B5(D-panthenol) နှင့် Vit E တို့ပါဝင်သည်။ Salicylic acid သည် အဆီတွင် ပျော်ဝင်စေပြီး အဆီဂလင်းကိုထိန်းချုပ်ပေးခြင်းကြောင့်ဆားဝက်ခြံ၊အဆီဖုဝက်ခြံများကိုသက်သာပျောက်ကင်းစေသည်။ Nicotinamideသည် အဆီဂလင်းကို ကျဥ်းစေသည့်အပြင် အဆီပြန်ခြင်းကိုထိန်းချုပ်ပေးသောကြောင့် မိတ်ကပ်၊ပိုးမွှား၊ဖုန်မှုန့်များကြောင့်ချွေးပေါက်ပိတ်ခြင်း၊ အဆီပြန်ခြင်းကို သက်သာ လျှော့ပါးသက်သာစေနိုင်သည်။ထို့ပြင် လက်ဖက်ဆီ(tea tree oil) ပါဝင်ခြင်းကြောင့်ရောင်ရမ်းနာဝက်ခြံများကိုပါ သက်သာစေသည်။ vitamin B5 (D-panthenol) သည်အသားလောင်ခြင်း၊ မျက်နှာရဲခြင်းကို သိသိသာသာ သက်သာစေသည်။အစိုဓာတ်ထိန်းပေးသည့် ရှားစောင်းလပ်ပပ်(Aloe Vera)နှင့် ဗီတာမင် အီး(vitamin E) […]

အသားဝင်း အဆီကင်း (၆)မျိုးစပ် မျက်နှာသစ်ဆေး မျက်နှာသစ်ဆေးတွင် အသားဖြူစေမည့် ပစ္စည်းနှစ်မျိုး၊ မျက်နှာဝင်းပစေမည့် ပစ္စည်းသုံးမျိုးနှင့် အဆီပြန်ခြင်းကိုကာကွယ်ပေးသည့် ပစ္စည်းနှစ်မျိုး အချိုးကျ ပါဝင် ပေါင်းစပ်ထားသည်။ ထို့ပြင် အဆီဖုဝက်ခြံများကိုလည်း သိသိသာသာ သက်သာပျောက်ကင်းစေနိုင်သည်။ (၁) အသားဖြူစေမယ့် ပစ္စည်း Kojic acid Liquorice (၂) မျက်နှာဝင်းစေမယ့် ပစ္စည်း Glycolic acid Lactic acid Vitamin C (၃) အဆီပြန်ခြင်းကင်းစေမယ့် ပစ္စည်း Salicylic acid Nicotinamide ပါဝင်ပစ္စည်းများ – SALICYLIC ACID, GLYCOLIC ACID, LACTIC ACID, VIT C, KOJIC ACID, LIQUORICE, NICOTINAMIDE, VIT E, D-PANTHENOL, EDTA, SAS အာနိသင်များ Salicylic acid – အဆီဂလင်းကို ထိန်းချုပ်ပေးပြီး မျက်နှာအဆီပြန်ခြင်းကင်းစေကာ ဝက်ခြံများကိုပျောက်ကင်းစေနိုင်သည်။ Glycolic acid – ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးခြင်းကြောင့် အရေပြားမညီညာမှုများကို သက်သာပျောက်ကင်းစေသည်။ Lactic acid […]

13 Nov, 2021 | No Comments

Syringoma

Syringoma မျက်ခွံချွေးအိတ်ဖုလေးများ Syringoma ဆိုတာ ချွေးဂလင်းကြီးထွားရာက ဖြစ်ပေါ်လာတဲ့  မျက်ခမ်းအောက်အဖုလေးတွေ ဖြစ်ပါတယ်။ ချွေးအိတ်ဖုလို့လည်း ခေါ်ပါတယ်။ ချွေးအိတ်ဖု (syringoma) ဟာ အရေပြားနဲ့ တိုက်ရိုက်ဆက်သွယ်ထားတဲ့ချွေးဂလင်း(eccrine sweat gland)တွေ ပိတ်ဆို့ရာက အဓိကဖြစ်လာပါတယ်။ အထူးသဖြင့် ချွေးဂလင်းအိတ်တွေရဲ့ အောက်ခြေမှာ ပိတ်ဆို့လေ့ရှိတယ်။ ချွေးထွက်များသူ၊ မိတ်ကပ်လိမ်းသူတွေဟာ ဒီလို ချွေးအိတ်ဖုတွေ ဖြစ်တတ်တယ်။ မျက်ခွံချွေးအိတ်ဖု(syringoma)ဟာ အရွယ်အစားအားဖြင့် ၁-၃ စင်တီမီတာလောက်သာ ရှိတယ်။ ပုံမှန်အားဖြင့် ယားယံတာ၊ ရောင်ရမ်းတာမရှိဘူး။ သို့သော် တချို့ချွေးထွက်ရင် ယားယံတတ်ပါတယ်။ များသောအားဖြင့် အောက်မျက်ခမ်းမှာတွေ့ရပြီး အုပ်စုလိုက်ဖြစ်တယ်။ မျက်ခွံ၊ ပါးပြင်နဲ့ လည်ပင်းနေရာတွေမှာဖြစ်ကြတယ်။ တခါတရံ ဂျိုင်း၊ပေါင်ခြံ၊ လိင်အင်္ဂါမှာလည်းဖြစ်နိုင်ပါတယ်။ အသားမဲသူတွေမှာ ဖြစ်ရင် အဝါရောင် (သို့) အသားရောင် အဖုလေးတွေအဖြစ် မြင်တွေ့ရတယ်။   […]