Nodular acne အဖုအပိန့် ဝက်ခြံ
အရေပြားဆေးပညာမှာ acne inversa ကို hidradenitis suppurativa (မွှေးညင်းကျိတ်)အဖြစ် သိကြပါတယ်။ နာတာရှည် ရောင်ရမ်းတဲ့ အဖုကျိတ်တစ်မျိုးဖြစ်ပြီး ဂျိုင်း၊ပေါင်ခြံစတဲ့နေရာမှာ အဖြစ်များတယ်။ မွေးညင်းပေါက်နဲ့ ချွေးအိတ်ပိတ်ရာကနေ အကျိတ်အခဲ စတင်ဖြစ်ပေါ်လာပါတယ်။ အဖုကျိတ်တွေဟာ ပိုးဝင်ပြီးနောက်ပိုင်း နာကျင်ကိုက်ခဲတတ်တယ်။ စမ်းသပ်ကြည့်ရင် မျက်နှာပြင်မညီညာတဲ့ အဖုအကျိတ်တွေ ဂျိုင်း၊နံကြားနေရာမှာ တွေ့ရတတ်တယ်။ ကြာလာတဲ့အခါ အတွင်းမှာအောင်းနေတဲ့ အဖုက ပြည်ကျိတ်အဖြစ်ပြောင်းလဲလာပါတယ်။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲ မွှေးညင်းကျိတ်ဟာ အသက် ၂၀-၄၀ ကြားအရွယ်တွေ အဖြစ်များတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆကျော်ဖြစ်နိုင်တယ်။ လူ၁၀၀မှာ တစ်ယောက်ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ပိတ်မှန်းသေချာမသိရသေးဘူး။ ဟော်မုန်း၊ မျိုးရိုး၊ အနေအထိုင်၊ အစားအသောက်၊ ရာသီဥတုပြောင်းလဲမှု စတာတွေနဲ့ ဆိုင်တယ်။ အဝလွန်သူတွေမှာ ပိုတွေ့ရတယ်။ ဆီးချိုကြောင့်လည်း ပိုဆိုးတတ်တယ်။ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်တဲ့ […]
Erythema nodosum အဆီလွှာရောင်ရမ်းကျိတ် Erythema nodosum ဆိုတာ အရေပြားအောက်ဖက် အဆီလွှာရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိတ်ကို ခေါ်ပါတယ်။ ဒီအကျိတ်တွေကို ညို့သကျီးမှာ အများဆုံးတွေ့ရတယ်။အကျိတ်ရှိတဲ့ အပေါ်ယံအရေပြား ရောင်ရမ်းပြီး ရဲနေတတ်တယ်။ သေချာစမ်းကြည့်မှ ခပ်မာမာအကျိတ်ကို တွေ့ရတယ်။ ဖိကြည့်ကိုင်ကြည့်ရင် နာတတ်တယ်။ ဒီအကျိတ်တွေဟာ အမျိုးသမီးတွေမှာ အဓိကဖြစ်တာ တွေ့ရတယ်။ အမျိုးသားတွေထက် ၆ဆလောက် ပိုဖြစ်တာ တွေ့ရတယ်။ နောက်ခံအကြောင်းရင်း အဆီလွှာရောင်ရမ်းကျိတ် (Erythema nodosum)ဖြစ်စေတဲ့အကြောင်းရင်းတွေများစွာရှိတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုး၊ ကပ်ပါးပိုး၊ ခုခံအားမူမမှန်တဲ့ရောဂါ၊ ဆေးဝါး၊ ကင်ဆာ စသည်ဖြင့် မျိုးစုံဖြစ်နိုင်တယ်။ သုံးပုံတစ်ပုံက ဘာ့ကြောင့်ဖြစ်မှန်း ပြောရခက်တယ်။ ကိုယ်ဝန်ဆောင်လည်း ဖြစ်တတ်တယ်။ ပင်နယ်စလင်ဆေးမတဲ့ရင်လည်း ဖြစ်နိုင်တယ်။ တားဆေးတွေလည်း ဖြစ်တတ်တယ်။ ကြောင်ကုတ်ပြီး ဖြစ်တဲ့လူနာမျိုးလည်း ကြုံခဲ့ဖူးတယ်။Bartonella […]
Merkel cell carcinoma မာကယ်ဆဲလ် ကင်ဆာ