Open 9:00-12:00 AM
+95 92051590

Category Archive : Eczema

2 Nov, 2021 | No Comments

Discoid eczema

ကျပ်ပြားဝိုင်း အနီကွက်ကို discoid eczema ခေါ်ပါတယ်။ nummular eczema လည်း ခေါ်ကြတယ်။ နှင်းခူအမျိုးအစားဖြစ်လို့ အရေပြား ယားယံမယ်၊ နီရဲမယ်၊ ရောင်ရမ်းမယ်၊ အက်ကွဲမယ်၊ အဖတ်တွေ ကွာမယ်၊ ပြီးတော့ ပြန်ဖြစ်မယ်။ ဒီလို သံသရာလည်နေပါလိမ့်မယ်။ ရောဂါဖြစ်စမှာ သေးငယ်တဲ့ အနီစက်ပြောက်တွေ စတင်စုစည်းလာပြီး နောက်ဆုံး ကျပ်ပြားဝိုင်းပုံစံအနီကွက် ဖြစ်ပေါ်လာပါတယ်။ အသားဖြူသူတွေမှာ ပန်းရောင်အကွက်တွေအဖြစ် မြင်တွေ့ရပြီး အသားညိုသူမှာ အရောင်ရင့်တဲ့အကွက်တွေအဖြစ် တွေ့ရတယ်။ အနီကွက်ဖြစ်စမှာ အရည်ကြည်အောင်းလာပြီးအရည်တွေ စိမ့်ထွက်နေတတ်တယ်။ အကွက်က အလွန်ယားယံပြီး ညဖက်ပိုင်းတွေမှာ ပိုဆိုးတယ်။ ကြာလာရင် အရေပြား ခြောက်သွေ့ကွဲအက်ပြီး အဖတ်တွေ ကွာကျလာတယ်။ အနီကွက် အလယ်က အရောင်ဖျော့တတ်လို့ ပွေးကွက်နဲ့ မှားတတ်တယ်။   ကျပ်ပြားဝိုင်း နှင်းခူဟာ မျက်နှာနဲ့ […]

နှင်းခူချပ်ပြင် နှင်းခူချပ်ပြင် (LSC)ကို neurodermatitis circumscripta လို့လည်း ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရီအေးဆစ်ကြေးခွံနာအရေပြားရောဂါသည်တွေမှာ တွေ့ရတယ်။ နောက်ပြီး နှင်းခူအမျိုးအစားဝင် atopic dermatitis နဲ့seborrheic dermatitis အရေပြားတွေမှာလည်း ဖြစ်ကြတယ်။ ဓာတ်မတဲ့ရာကနေလည်း ဖြစ်နိုင်သေးတယ်။ အစားအသောက်ကြောင့် ဖြစ်တာတော့ ရှားတယ်။ ဒီရောဂါက အလွန်အဖြစ်များပြီး အသက် (၄၀)ကျော်အရွယ်တွေ ပိုတွေ့ရတယ်။ နှင်းခူချပ်ပြင်ဟာထပ်ခါတစ်လဲလဲကုတ်ခြစ်ရာကတဆင့် အရေပြားအောက်လွှာမှာ amyloid ဓာတ်တွေ စုပုံရာက ဖြစ်စေတယ်။ ခြေ၊လက်စတဲ့နေရာတွေမှာ အတွေ့များတယ်။ နာတာရှည်ရောဂါဖြစ်ပြီး ကုတ်ခြစ်ရာက ပြန်ပြန်ဖြစ်ကြတယ်။ ဒီလိုနဲ့ ရောဂါက တဖြည်းဖြည်းပိုဆိုးလာပါတယ်။ ကုသနည်း ကုနည်းအမျိုးမျိုးရှိတယ်။ လိမ်းဆေးထဲမှာ topical steroid, calcineurine inhibitor, antibiotic ointment စသည်ဖြင့် ပေးရတယ်။ တချို့ သောက်ဆေးအဆင့်ထိ ပေးရတတ်တယ်။ အကြေးခွံလန် အသားအရည်ခြောက်သွေ့တာအတွက် အစိုဓာတ်ထိန်းဆေးတွေလည်း လိုအပ်ပါတယ်။ အရေးကြီးဆုံးအချက်က ယားတဲ့နေရာ ဆက်မကုတ်မနိုင်အောင် ဆေးစည်း၊အဝတ်စည်းတာမျိုး လုပ်ပြီး ကုသနိုင်မှ ပျောက်ကင်းတယ်။စနစ်တကျဆေးကုသနိုင်ရင် ၄-၆ ပတ်အတွင်း သက်သာပျောက်ကင်းနိုင်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။