Dermatomyositis အရေပြားကြွက်သားရောင် အားနည်းရောဂါ
Peudopelade of Brocq ဆံပင်အကွက်လိုက် မျှင်းကျွတ်ခြင်း
Pityriasis rubra pilaris (ဆယ်လမွန် အရေပြားနာ) ဆိုတာ ပန်းရောင်၊ လိမ္မော်ရောင် အကွက်တွေ အရေပြားမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တံတောင်၊ ဒူးခေါင်း၊ ခြေကျင်းဝတ် စတဲ့နေရာတွေ ဖြစ်တယ်။ ထူးခြားချက်က ခြေဖဝါး၊ လက်ဖဝါးတွေ နီရဲပြီး ထူထူကြမ်းကြမ်းကြီးဖြစ်နေတာပါ။ lichen acuminatus လည်း ခေါ်ပါတယ်။ ပုံစံအမျိုးမျိုးဖြစ်နိုင်တယ်။ အရေပြားက ဆယ်လမွန်ရောင်ထနေပြီး အရေခွံကွာတယ်။ ယားယံတတ်တယ်။ မွှေးညင်းပေါက် ကရာတင်ဆဲလ် ပိတ်ဆို့မှုကြောင့် ကြာဆူးဆန်ဆန်အဖုလေးတွေ တွေ့ရတတ်တယ်။ ဒီရောဂါဟာ psoriasis (ထပ်တရာနာ)နဲ့ မှားတတ်ပါတယ်။ ဘာ့ကြောင့်ဖြစ်လဲ ဒီရောဂါ ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရဘူး။ တချို့မှာ မျိုးဗီဇ မွေးကတည်းက ပါလာလို့ဖြစ်တယ်။ မျိုးဗီဇပါလာရင် ငယ်ငယ်တည်းက စဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက် တစ်သက်လုံးဖြစ်နိုင်ပါတယ်။တချို့ရောဂါငုတ်တာလည်းရှိတတ်တယ်။ adult onset အသက်ကြီးမှ […]
Discoid lupus erythematosus ချပ်ပြားဝိုင်း ခုခံနာ အရေပြားရောဂါ Discoid lupus erythematosus ဆိုတာ နာတာရှည် အရေပြားရောဂါ(CCLE) တစ်မျိုးဖြစ်ပြီး ခုခံအားတိုက်စားနာ (lupus)အမျိုးအစားမှာပါဝင်ပါတယ်။ ချပ်ပြားပုံစံ အနီကွက်ဖြစ်ပြီး ခုခံအားတိုက်စားရာကဖြစ်တဲ့ အနာ (discoid lupus) တစ်မျိုး ဖြစ်ပါတယ်။ ခုခံအားစနစ်က အရေပြားကို တုံ့ပြန်ရာက အရေပြားအနီကွက်တွေ ဖြစ်ပေါ်လာပါတယ်။ မျက်နှာပါးပြင်ပေါ်မှာ အဖြစ်များပြီး အနာက စားထားသလို ရဲပြီး ခဲလာပါတယ်။ အရေပြားပါးတာ (skin atrophy) ချိုင့်တာ ရှိတတ်တယ်။ အရေခွံလန်တာ၊ ယားတာ၊ ပူစပ်ပူလောင် နာကျင်တာ ရှိနိုင်တယ်။ ဒီရောဂါဟာ HLA-DQA1 and DRB1 မျိုးဗီဇနဲ့ သက်ဆိုင်တတ်တယ်။ ခရမ်းလွန်ရောင်ခြည်၊ ဆေးဝါး၊ ဗိုင်းရပ်စ်စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ အများစုဟာ […]