Open 9:00-12:00 AM
+95 92051590

Category Archive : Autoimmune diseases

နှင်းခူချပ်ပြင် နှင်းခူချပ်ပြင် (LSC)ကို neurodermatitis circumscripta လို့လည်း ခေါ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရီအေးဆစ်ကြေးခွံနာအရေပြားရောဂါသည်တွေမှာ တွေ့ရတယ်။ နောက်ပြီး နှင်းခူအမျိုးအစားဝင် atopic dermatitis နဲ့seborrheic dermatitis အရေပြားတွေမှာလည်း ဖြစ်ကြတယ်။ ဓာတ်မတဲ့ရာကနေလည်း ဖြစ်နိုင်သေးတယ်။ အစားအသောက်ကြောင့် ဖြစ်တာတော့ ရှားတယ်။ ဒီရောဂါက အလွန်အဖြစ်များပြီး အသက် (၄၀)ကျော်အရွယ်တွေ ပိုတွေ့ရတယ်။ နှင်းခူချပ်ပြင်ဟာထပ်ခါတစ်လဲလဲကုတ်ခြစ်ရာကတဆင့် အရေပြားအောက်လွှာမှာ amyloid ဓာတ်တွေ စုပုံရာက ဖြစ်စေတယ်။ ခြေ၊လက်စတဲ့နေရာတွေမှာ အတွေ့များတယ်။ နာတာရှည်ရောဂါဖြစ်ပြီး ကုတ်ခြစ်ရာက ပြန်ပြန်ဖြစ်ကြတယ်။ ဒီလိုနဲ့ ရောဂါက တဖြည်းဖြည်းပိုဆိုးလာပါတယ်။ ကုသနည်း ကုနည်းအမျိုးမျိုးရှိတယ်။ လိမ်းဆေးထဲမှာ topical steroid, calcineurine inhibitor, antibiotic ointment စသည်ဖြင့် ပေးရတယ်။ တချို့ သောက်ဆေးအဆင့်ထိ ပေးရတတ်တယ်။ အကြေးခွံလန် အသားအရည်ခြောက်သွေ့တာအတွက် အစိုဓာတ်ထိန်းဆေးတွေလည်း လိုအပ်ပါတယ်။ အရေးကြီးဆုံးအချက်က ယားတဲ့နေရာ ဆက်မကုတ်မနိုင်အောင် ဆေးစည်း၊အဝတ်စည်းတာမျိုး လုပ်ပြီး ကုသနိုင်မှ ပျောက်ကင်းတယ်။စနစ်တကျဆေးကုသနိုင်ရင် ၄-၆ ပတ်အတွင်း သက်သာပျောက်ကင်းနိုင်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

2 Nov, 2021 | No Comments

Lichen planus

Lichen planus (လိုင်ကန် ချပ်ပြားနာ) ဆိုတာ အရေပြားပေါ်မှာ ပန်းရောင် အဖုချပ်ပြင်တွေ နေရာကွက်ကြားဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်တယ်။ စမ်းကြည့်ရင် ခပ်မာမာအဖုလေးတွေ အကွက်လိုက် တွေ့ရတယ်။အရေပြားဆေးပညာသင်တော့ Lichen Planus ကို 6P ခြောက်လုံးတွဲအဖြစ် ကျက်မှတ်ရတယ်။ purple(ခရမ်းရောင်), Papule (အဖု), plaque (အချပ်လွှာ), planar (အပြားလိုက်), polygonal (လေးထောင့်ပုံ), Pruritis(ယားယံခြင်း)စတဲ့ ဝိသေသတွေ ရှိတယ်လို့ သင်ကြားခဲ့ရတယ်။ လက်တွေ့မှာတော့ အရေပြားပုံစံတွေ တစ်ခုနဲ့တစ်ခု မတူညီတာကြောင့် ဒီဘောင်အတွင်းရှိတဲ့ အရေပြားပုံစံတွေတွေ့ရင် Lichen Planus လို့ သိရှိနိုင်တယ်။  ဒီအရေပြားရောဂါဟာ လက်ကောက်ဝတ်၊တံတောင်ဆစ်နဲ့ ကျောအောက်ပိုင်းတွေ အဖြစ်များတယ်။ ခြေလက်တွေမှာဖြစ်ရင် တချို့ယားတတ်တယ်။  ပါးစပ်တွင်း သွားဖုံး၊ နှုတ်ခမ်း၊ လျှာစောင်း နဲ့ ပါးစောင် စတဲ့နေရာတွေမှာ ဇာပေါက်ပုံ […]

1 Nov, 2021 | No Comments

Morphea

အရေပြားအသားမာကွက် (morphea)ဆိုတာ ပုံမှန်အသားရောင်ထက် အရောင်ဖျော့နေတဲ့ အကွက်တွေ ဖြစ်ပါတယ်။ ဖြစ်တဲ့နေရာ အသားအရေက အမာရွတ်လို ပြောင်ချောနေတတ်တယ်။ ကိုလာဂျင် အလွန်အကျွံထုတ်ရာက အရေပြားအသားမျှင်တွေ ခဲပြီး မာကျောလာတာဖြစ်တယ်။ Scleroderma အမျိုးအစားထဲ အကျုံးဝင်တယ်။ ဗိုက်၊ ရင်ဘတ်၊ ကျောစတဲ့နေရာတွေမှာ အဖြစ်များတယ်။ မျက်နှာ၊လည်ပင်း၊ ခြေလက်တွေမှာ အတွေ့ရနည်းတယ်။ အရေပြားခဲပြီးကျုံ့တာက အတွင်းပိုင်းထိ လှိုက်စားသွားရင် အဆစ်လှုပ်ရှားမှုကို ကန့်သတ်နိုင်တယ်။ ခြေလက်စတာတွေ တင်းကျပ်နေမယ်။ Picture 1: Morphea ဖြစ်စမှာ အရေပြားအကွက်က တင်းပြီး ပန်းရောင် ခရမ်းရောင်ပြောင်းလဲနိုင်တယ်။ ကြာလာရင် ပုံမှန်အသားရောင်ထက်ဖျော့ပြီး မာခဲလာတယ်။ အရေပြားပုံစံပြောင်းလဲလာပြီး ပြောင်ချောလာတယ်။ တခါဖြစ်ရင် ဒီအကွက်တွေက နှစ်နဲ့ချီကြာမြင့်နိုင်တယ်။ တချို့ အရေပြားအသားမာကွက်တွေဟာ အချိန်ကြာလာရင် သက်သာနိုင်တယ်။ တခါပြန်လည်းဖြစ်နိုင်တယ်။ ကလေးငယ်ခေါင်း ဦးစောင်းမှာ […]

ဆံပင်အကွက်လိုက် ကျွတ်ခြင်း ဆံပင်အကွက်လိုက်ကျွတ်ခြင်း(alopecia areata) က အဖြစ်များတယ်။ ရိုးရိုးဆံပင်ကျွတ်တာ နဲ့မတူပါဘဲ ခုခံအားချင်းပြန်တိုက်လို့ဖြစ်တယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ခုခံအား သွေးဖြူဥဆဲလ်တွေရှိပါတယ်။ သွေးဖြူဥဆဲလ် T cell က ဦးရေပြားမှာရှိတဲ့ ဆံသားအမြစ်ကို သွားတိုက်ခိုက်လို့ ဖြစ်ပါတယ်။ ဆံသားအမြစ်က ရှုံ့သွားပြီး ဆံပင်ထုတ်လုပ်မှု လျှော့နည်းသွားတယ်။ ဘာ့ကြောင့် တိုက်ခိုက်ခံရလဲဆိုတာ ပြောရခက်တယ်။ တချို့က မျိုးရိုးကြောင့်လို့ ဆိုတယ်။ မျိုးရိုးထဲမှာ ရှိရင်၅ယောက် တစ်ယောက် (၂၀%) ဒီရောဂါဖြစ်နိုင်ချေရှိတယ်။ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ခရုသင်း၊သိုင်းရွိုက်၊ ခုခံအားလေးဖက်နာ၊ အဆစ်မြစ်လေးဖက်နာ၊ အူလမ်းကြောင်းနာရောဂါ(ulcerative colitis) ကြောင့်ဖြစ်နိုင်ကြတယ်။ စိတ်ဖိစီးမှု အလွန်အကျွံ များခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။  လက္ခဏာရပ်များ alopecia areata ရဲ့ အဓိကလက္ခဏာက ဆံပင်အကွက်လိုက်ဖြစ်တာပါ။ စစချင်း အကြွေစေ့ အရွယ်အစားလောက်ရှိတဲ့ အကွက်မျိူး စဖြစ်လာတယ်။ သီအိုရီအရ အမွှေးထွက်တဲ့နေရာတိုင်းမှာ ဒီလိုဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့နေရာတွေက ဆံပင်၊မျက်ခုံး၊မျက်တောင်၊မုတ်ဆိတ်မွှေး ထွက်တဲ့နေရာတွေ ပိုအဖြစ်များတယ်။ ဒီရောဂါကအကြောင်းခံမယ်မယ်ရရမရှိဘဲ ရုတ်တရက်ကြီး ဖြစ်လာတာများတယ်။ တချို့လူနာတွေဟာ ဆံပင်မကျွတ်ခင်ဦးရေပြား ယားတာ၊ပူစပ်ပူလောင် နေတာမျိုး အရင်ဖြစ်နိုင်ပါတယ်။ ဆံသားအမြစ်ရောင်တဲ့ရောဂါဖြစ်လို့ အရောင်ကျတဲ့အခါ သူ့အလိုလို ဆံပင်ပြန်ပေါက်လာနိုင်ပါတယ်။ Alopecia areata ဟာ ခြေသည်း၊လက်သည်းတွေကိုလည်း အရင်ဆုံး ထိခိုက်နိုင်ပါတယ်။ လက်သည်း၊ခြေသည်းမှာ အဖြူကွက်၊အစင်းကြောင်းပေါ်လာနိုင်တယ်။ ပြီးရင် ကျွတ်ဆတ်၊ခြောက်သွေ့၊ကြမ်းတမ်းလာတတ်တယ်။ ဆံသားပုံစံလည်း ပြောင်းလဲနိုင်ပါတယ်။ ဆံပင်ကတိုပြီး အခြေက သိမ်ဝင်နေရင် ဒီရောဂါဖြစ်ဖို့ များတယ်။Exclamation mark hairs လို့ ခေါ်ပါတယ်။ မပေါက်ခင်ကတည်းက ဆံပင်ကွဲအက်တာ၊ပျက်ဆီးတာမျိုးဖြစ်နိုင်တယ်။ တချို့ဆံပင်ဖြူတွေ ထွက်လာတာလည်း ရှိပါတယ်။ ဒီရောဂါက တခြားရောဂါနဲ့ ခွဲခြားဖို့ လွယ်ကူပါတယ်။ ပုံစံက ကြည့်ရုံနဲ့ သိသာတယ်။ လိုအပ်ရင် နောက်ခံအကြောင်းရင်းကို ရှာဖွေဖို့ သွေးစစ်တာ၊ အသားစယူတာမျိိုး ရှိတတ်ပါတယ်။ ကုသနည်း အသုံးများဆုံးဆေးက စတီးရွိုက်ထိုးဆေး၊ လိမ်းဆေးပေးတာဖြစ်ပါတယ်။တခါတရံ ဆံပင်သန်ဆေး (5% minoxidil) လိုမျိုးဆေးတွေလည်းပေးနိုင်တယ်။ သ်ု့သော် ဒီဆေးက တမျိုးတည်းသုံးတာထက် steroid လိမ်းဆေးတွေ နဲ့ဆိုပိုအာနိသင်ကောင်းတယ်။ minoxidil ပေးပြီး နာရီဝက်နေရင် စတီးရွိုက်လိမ်းနိုင်တယ်။ စတီးရွိုက်လိမ်းဆေးထဲမှာ clobetasol 0.05% lotion ပေးတာများတယ်။ ကျတော့် အတွေ့အကြုံအရ ဦးရေပြား မှာ စတီးရွိုက်ပေးတဲ့အခါ clobetasol (ointment or cream)၊ fluocinonide cream တွေကိုရွေးရတယ်။ မသက်သာရင်ထိုးဆေးပေးရတယ်။ alopecia areata မှာ စတီးရွိုက်က အဓိကဖြစ်တယ်။  ဦးရေပြားထဲဆေးထိုးတဲ့အခါ 30G needle အပ် နဲ့ triamcinolone 5mg/ml ကို 0.1ml နှုန်းနဲ့ထိုးပေးရတယ်။ထိုးဆေးသုံးတဲ့အခါ ဦးခေါင်း ဧရိယာရဲ့ ထက်ဝက် မကျော်မှ ထိုးရတယ်။ တခါထိုးပြီး ၃-၉ လလောက်ထ်ိကြာကြာခံနိုင်တယ်။ ပြီးရင် ပြန်ကျွတ်နိုင်တယ်။ တခါလာထိုးရင် စုစုပေါင်း 3ml ထက် မပိုသင့်ပါ။ စတီးရွိုက်ထိုးရင် တလသို့ တလခွဲတကြိမ် ထိုးပေးရတယ်။  အဲဒါမှမရရင် anthralin cream 1%(dithranol like substance) ကို တရက် တကြိမ်လိမ်းပေးရတယ်။ ဆေးလိမ်းပြီး တစ်နာရီနေရင် ရေပြန်ဆေးချရတယ်။အချိန်ကြာလိမ်းထားရင် ယားတာ၊ အရေပြားညိုတာဖြစ်တတ်တယ်။ စစချင်း(၁၅)မိနစ်ပေးပါ။ ခံနိုင်မှ နာရီဝက်ထားပါ။ နောက်ပိုင်း ၁နာရီထားပြီး ရေပြန်ဆေးချပါ။ နှစ်လအတွင်းထူးခြားမှုရှိတယ်။ အာနိသင်က အရေပြား ဆဲလ်ပွားများမှုက်ု လျှော့ချပေးတာဖြစ်ပါတယ်။ မသက်သာရင်diphencyprone လိမ်းဆေးသုံးနိုင်တယ်။ မကောင်းတာတခုက ခရုသင်းဖြစ်စေတယ်ဆိုတဲ့ သီအိုရီတွေလညး် ရှိပါတယ်။ အဲဒါမှ မရရင် cyclosporin သောက်ဆေး၊လိမ်းဆေးပေးရတယ်။ cyclosporin 5% လိမ်းဆေး တစ်ရက် နှစ်ကြိမ်-လေးကြိမ် ၂ လတိတိပေးကြတယ်။ မထူးခြားရင် သောက်ဆေး 5-10mg/kg/day နှုန်းနဲ့ပေးတယ်။ ဆေးဖြတ်ပြီးသုံးလကြာတဲ့အခါ ပြန်ဖြစ်တတ်တယ်။ တခါတရံ methotrexate သောက်ဆေး တွေပေးရတယ်။ တစ်ပတိနှစ်ကြိမ်နှုန်းနဲ့ ပေးရတယ်။ ဒီဆေးကလည်း ဆေးဖြတ်ပြီး ၃-၆လ နေတဲ့အခါ ထက်ဝက်မှာ ပြန်ဖြစ်နိုင်တယ်။ သောက်ဆေးထဲမှာ dapsone 50mg တရက်နှစ်ကြိမ် ၆လကြာပေးတဲ့အခါ ၅၄% က ပြန်ကောင်းလာတယ်။ ဘေးထွက်ဆိုးကျိုး (အထူးသဖြင့် အားယုတ်တာ)က လူတိုင်းမှာဖြစ်တဲ့အတွက် ရပ်လိုက်ရတာများတယ်။ ဒီရောဂါမှာ သွေးတွင်း vit D နည်းတတ်လို့ vit D အားဖြည့်ဆေးပေးရတယ်။ ဦးရေပြား အမြစ် hair follicle ပြန်ရှင်သန်လာတယ်။ အရောင်ကျစေတဲ့ ဘိုင်အိုဖလေဘိုးနွိုက်ဖြစ်တဲ့ quercetin ပေးနိုင်တယ်။ ပန်းသီး၊စပျစ်သီး၊ လိမ္မော်သီး၊စပျစ်သီးစတာထဲမှာ quercetin ပါလေ့ရှိတယ်။  ရောဂါဖြစ်သူရဲ့ ထက်ဝက်ခန့်ဟာ တစ်နှစ်အတွင်း လုံးဝပြန်ကောင်းနိုင်ပါတယ်။ အိမ်သုံးနည်း ဆေးရုံဆေးခန်းနဲ့ဝေးတဲ့သူတွေအတွက် သုတေသနလုပ်မထားတဲ့ အိမ်သုံးနည်းလည်းဖော်ပြပါရစေ။ ကြက်သွန်နီ၊ဖြူက်ု ရောကျိတ်ပြီး အရည်စစ်ယူပါ။ ပြီးရင် အအေးခံထားတဲ့ လက်ဖက်စိမ်းရည်နဲ့ ရောပါ။ ပျားရည်၊သံလွင်ဆီ၊ အုန်းရည်အနှစ် ရောထည့်ပြီး ဆံပင်အကွက်လိုက်ကျွတ်တဲ့ နေရာတွေက်ု လိမ်းပြီး နာရီဝက်ထားပါ။ ပြီးရင် ရေပြန်ဆေးချပါ။ aromatherapy ခေါ်တဲ့ ရနံ့အဆီ လိမ်းနည်းတွေလည်းရှိပါတယ်။ ရနံ့အဆီ (cedarwood, lavender, thyme, rosemary oils ) လိမ်းပေးခြင်းဟာလည်း ကောင်းတယ်။လူနာတချို့မှာ ထူးခြားလာတာ တွေ့ရတယ်။  သတိပြုရမှာက ဒီရောဂါဖြစ်သူရဲ့ ၃၀% နှုန်းဟာ နဂိုအခြေနေထက် ပိုပိုဆိုးလာတတ်ပါတယ်။ တခါတရံ ပေါက်လိုက်၊ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတတ်တယ်။ ကံဆိုးတဲ့ ၁၀ ရာခိုင်နှုန်းကတော့ တခေါင်းလုံးဆံပင်ကျွတ်တဲ့အဆင့် (alopecia totalis)ထိ ရောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆံပင်အကွက်လိုက် ကျွတ်ရင် မပေါ့ဆဘဲစနစ်တကျ ကုသသင့်ပါတယ်။ […]