Open 9:00-12:00 AM
+95 92051590

Category Archive : Autoimmune diseases

Erythema annulare centrifugum ဆေးဝါးကြောင့်ဖြစ်တဲ့ အနီကွင်းများ Erythema annulare centrifugum (EAC) ဆိုတာ ခုခံအားတုံ့ပြန်မှုကြောင့်ဖြစ်တဲ့ နာတာရှည်အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ အနီကွင်းတွေ တခုနဲ့တခု ချိတ်ဆက်ထားတဲ့ပုံစံ တွေ့ရတယ်။ အနီကွင်းတွေက ရောင်ရမ်းပြီး ကွင်းအတွင်းပိုင်းက အရောင်ဖျော့တယ်။ အနီကွင်း အတွင်းဖက် အနားသတ်လိုင်းတွေက အရေခွံလန်တတ်တယ်။ ပေါင်၊ တင်ပါး၊ လက်မောင်း စတဲ့နေရာတွေမှာ အဖြစ်များတယ်။  ဘာ့ကြောင့်ဖြစ်လဲ ဒီအနီကွင်းတွေဟာ ရောဂါ (သို့) ဆေးဝါးတစ်မျိုးမျိုးကို တုံ့ပြန်ရာက ဖြစ်လာတယ်။တနည်းအားဖြင့် ခုခံအားတုံ့ပြန်မှုကြောင့် ဖြစ်လာတယ်။ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး တုံ့ပြန်မှု ဖြစ်နိုင်တယ်။ finasteride, spironolatone, amitriptyline, piroxicam စတဲ့ဆေးဝါးတွေက ဖြစ်နိုင်တယ်။ ကင်ဆာရောဂါ၊ သွေးရောဂါ၊ လေးဖက်နာ၊ ဆီးချို အပါအဝင် မှိုပိုးစွဲတာတွေကြောင့်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ် […]

2 Nov, 2021 | No Comments

Lichen aureus

Lichen aureus ဆိုတာ ခြေထောက်မှာ အဖြစ်များတဲ့ သံချေးရောင် ယားနာကွက်တွေကို ခေါ်ပါတယ်။ pigmented purpuric dermatosis အမျိုးအစားထဲပါဝင်ပြီး လူငယ်တွေနဲ့ ကလေးတွေမှာ အဖြစ်များတယ်။ lichen purpuricus လို့လည်း ခေါ်ကြသေးတယ်။ သွေးနီဥပေါက်ထွက်လာရာက haemosiderin ဓာတ်တွေ အရေပြားအောက်လွှာ(superficial dermis)မှာ စုပုံအနည်ထိုင်ရာကနေ ဒီလိုသံချေးရောင်ကွက်တွေ ဖြစ်ပေါ်လာလေ့ရှိတယ်။ဖြစ်တဲ့နေရာကို လေ့လာကြည့်တဲ့အခါ lymphocytes နဲ့  histiocytes ခုခံအားဆဲလ်တွေ စုပုံနေတာ တွေ့ရတယ်။ အထူးသဖြင့် histiocytesဆဲလ်တွေ ပိုတွေ့ရတယ်။ ဘာ့ကြောင့်ဖြစ်လဲ သွေးကြောပျက်စီးမှု(endothelium damage)ကြောင့် ဖြစ်တယ်ယူဆကြတယ်။ များသောအားဖြင့် ဆေးဝါးတွေကြောင့် ဖြစ်တယ်။ interferon alpha နဲ့ ribavirin ဆေးဝါးတွေကြောင့် အဖြစ်များတယ်။ ဆိုးဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ကုသနည်း pimecrolimus 1% cream […]

Guttate psoriasis အစက်ပေါက် ကြေးခွံနာ အရေပြား