Open 9:00-12:00 AM
+95 92051590

Category Archive : Autoimmune diseases

Autoimmune progesterone dermatitis ဓမ္မတာနှင့် ဓာတ်မတဲ့ခြင်း Autoimmune progesterone dermatitis ဆိုတာ ပရိုဂျက်စတီရုန်း ဟော်မုန်းကြောင့် ဓာတ်မတဲ့တာဖြစ်တယ်။ ဓမ္မတာဆင်းတဲ့အချိန်ပေါ်လိုက်ပြီး အနီကွက်တွေ ထွက်လာတတ်တယ်။ အများစုဟာ အသက်လေးဆယ်အောက်အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒီအနီကွက်တွေဟာ အပျိုဖြစ်ပြီးချိန်မှသာ စတင်ပေါ်ပေါက်လာတယ်။ progesterone ဟော်မုန်း အစားထိုးဆေးဝါးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမီးဖွားပြီးစ အချိန်တွေမှာ ရောဂါပိုဆိုးနိုင်တယ်။  ပရိုဂျက်စတီရုန်း ဟော်မုန်းဓာတ်မတဲ့တဲ့အခါ အမျိုးအစား (၁) ဓာတ်တုံ့ပြန်တာ (type 1 hypersensitivity) မျိုး ဖြစ်လေ့ရှိပါတယ်။ အရေပြားအခြေလွှာ (basal layer) ထိခိုက်ပြီး အနီကွက်တွေ ထလာတယ်။ mast cells နဲ့ Ig E လှုံ့ဆော်မှုကြောင့် ယားယံတဲ့ အနီကွက်တွေ ဖြစ်လာတယ်။ အမျိုးအစား […]

Prurigo nodularis သွေးယားကျိတ် Prurigo nodularis (သွေးယားကျိတ်)ဆိုတာ အလွန်ယားယံတဲ့ နာတာရှည်အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ အသွေးထဲအသားထဲက ယားယံတဲ့အကျိတ်တွေမို့ သွေးယားကျိတ်လို့ ခေါ်ပါတယ်။ သွေးဖြူဆဲလ်တွေမူမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ နေရာအနှံ့ယားယံနိုင်ပြီး လက်၊ခြေ၊ကျောပြင်၊ဗိုက်စတဲ့နေရာတွေမှာ အဓိကယားယံပါတယ်။ အထူးသဖြင့် လက်ဖျံ၊ လက်မောင်း၊ ခြေထောက် ဆန့်တန်းတဲ့ မျက်နှာပြင်နေရာတွေမှာ အဓိကဖြစ်တယ်။ တခြားယားနာနဲ့မတူတာက ခန္ဓာကိုယ်နှစ်ဖက်လုံးပြိုင်တူဖြစ်နိုင်ပါတယ်။  Prurigo nodularis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်လေးဆယ်ကျော်တွေမှာ ပိုတွေ့ရပါတယ်။ ဘာ့ကြောင့်ဖြစ်လာမှန်း သေချာမသိရပေမယ့် ခုခံအားသွေးဖြူဆဲလ်နဲ့ အာရုံခံနာ့ဖ်ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အဓိကဖြစ်ပွားတယ်။ အရေပြားထဲမှာ Mast cell နဲ့ neutrophil ဆဲလ်တွေများနေတတ်ပါတယ်။ တခါတရံ နောက်ကွယ်မှာ ကိုယ်တွင်းရောဂါတစ်ခုခုနဲ့ ဆက်စပ်နေတတ်တယ်။ နှင်းခူနာ (atopic dermatitis)၊ ခုခံအားဆဲလ်ရောဂါ (IgA […]

Erythrodermic psoriasis အသားနီ ကြေးခွံနာအရေပြားရောဂါ

9 Nov, 2021 | No Comments

Lupus pernio