ကျောပြင်မှာထွက်တဲ့ ဝက်ခြံတွေကို ကျောဝက်ခြံ(bacne)ကို ခေါ်ပါတယ်။ back acne ကို အတိုကောက် bacne လို့ အလွယ်ခေါ်တယ်။ ကျောပြင်မှာဖြစ်တဲ့ ဘယ်ဝက်ခြံမဆို ချွေးပေါက်ပိတ်တဲ့ဝက်ခြံကအစ ရောင်ရမ်းနာဝက်ခြံအဆုံး အကုန်လုံး ကျောပြင်မှာတွေ့ရင် back acne အမျိုးအစားထဲ ထည့်လို့ရပါတယ်။ သို့သော် များသောအားဖြင့် comedones ဝက်ခြံအမျိုးအစားတွေကို ခေါ်ကြတာပါ။ ဘယ်သူတွေဖြစ်ကြလဲ ကျောဝက်ခြံ(bacne)ဟာ ယောကျာ်းလေးတွေမှာတွေ့ရပြီး အားကစားသမားတွေအဖြစ်များတယ်။ ချွေးထွက်လွယ်သူတွေ၊ချွေးပေါက်ကျယ်သူတွေ အဓိကဖြစ်တယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် ထွက်လာတဲ့ ချွေးစေးတွေက အရေပြားကို ပွတ်တိုက်မိပြီး နောက်ကျောဝက်ခြံဖြစ်စေနိုင်တယ်။ ဘော်ဒီလိုးရှင်းနဲ့ ခရင်မ်တွေ မကြာခဏလိမ်းရင်လည်း ဖြစ်တတ်တယ်။ စိတ်ဖိစီးမှုနဲ့လည်း ဆိုင်တတ်တယ်။ ဒီဝက်ခြံက အပူအစပ်၊ အဆီအဆိမ့်စားတာနဲ့ သက်ဆိုင်သလို ဟော်မုန်းအပြောင်းလဲကြောင့်လည်း ဖြစ်ပေါ်တတ်တယ်။ ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းကြောင့် ဖြစ်တတ်တယ်။ ပူအိုက်တဲ့နွေရာသီမှာ ပိုတွေ့ရတယ်။ […]
Pimples (အနီဖုဝက်ခြံ)ဆိုတာ မွှေးညင်းပေါက်ပိတ်ဆို့ရာက စတင်ရောင်ရမ်းလာတဲ့ ဝက်ခြံဖုလေးတွေကို ခေါ်ပါတယ်။ အဆီဖုထဲမှာ ဗက်တီးရီးယားပိုးဝင်တဲ့အခါ အဆီအိတ်တွေက စတင်ရောင်ရမ်းပြီး ရဲလာပါတယ်။ အဆီအိတ်ပိတ်ဆို့ပြီးနောက်ပိုင်း ဆက်လက်ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းအဆင့်ဝက်ခြံတွေကို pimples လို့ သုံးပါတယ်။ တနည်းအားဖြင့် pimples ဟာ papules နဲ့ pastules အဆင့်ဝက်ခြံတွေကို ယေဘုယျခေါ်တဲ့အသုံးအနှုန်းဖြစ်တယ်။ pimples ဘာ့ကြောင့် ဖြစ်လဲ အဆီအိတ်ပိတ်ဆို့တဲ့နေရာတွေမှာ စတင်ပိုးဝင်တဲ့အခါ pimples ဝက်ခြံအနီဖုတွေ ဖြစ်ပေါ်လာတယ်။ Propionibacterium acnes ဗက်တီးရီးယားပိုးဟာ pimples ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ဒီဗက်တီးရီးယားဟာ အရေပြားမှာ ပုံမှန်အတိုင်းရှိနေပြီး မွေးညင်းပိတ်ဆို့တဲ့အခါ ပွားလာပါတယ်။ P. Acnes ဗက်တီးရီးယားဟာ လေမရှိဘဲ ပွားများနိုင်တဲ့ပိုးမွှားဖြစ်လို့ အလုံပိတ်ဆဲလ်သေတွေထဲမှာ ပေါက်ဖွားနိုင်တယ်။ ကြာလာတဲ့အခါ ရောင်ရမ်းရာက ပြည်ဖုဝက်ခြံ အဖြစ် ပြောင်းလဲလာပါတယ်။ ကုသနည်း […]
ကလေးငယ် ဝက်ခြံ (infantile acne)ဆိုတာ အသက် (၁)နှစ်အောက် ကလေးငယ်တွေမှာ တွေ့ရတဲ့ ဝက်ခြံတွေကို ခေါ်ပါတယ်။ ယောကျာ်းလေးတွေမှာ အတွေ့များပြီး အသက်(၂)နှစ်အရွယ်ထိ ဖြစ်နေတတ်တယ်။ infantile acneဟာ ဆားဝက်ခြံ၊ အဆီဖုဝက်ခြံ၊ ရောင်ရမ်းနာဝက်ခြံစသည်ဖြင့် ပုံစံအမျိုးမျိုးဖြစ်နိုင်တယ်။ နဖူး၊ပါးပြင်၊မေးစေ့ စတဲ့နေရာတွေဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့နေရာတွေ ဖြစ်တယ်။ infantile acne တွေဟာ ကလေးငယ်မှာ testosterone ဟော်မုန်းယာယီ မြင့်တက်ခြင်းနဲ့ အဓိကသက်ဆိုင်တယ်။ ဟော်မုန်းကြောင့် အဆီဂလင်းထုတ်လုပ်မှုများပြီး ချွေးပေါက်ပိတ်ဆို့ရာက ဒီလိုဝက်ခြံတွေ စတင်ဖြစ်ပေါ်လာတယ်။ ငယ်စဉ်ကလေးငယ်ဘဝက infantile acne ဝက်ခြံထွက်တတ်သူဟာ အရွယ်ရောက်တဲ့အခါ ဝက်ခြံထွက်ဖို့ အခွင့်အလန်းပိုများပါတယ်။ ကံကောင်းတာက infantile acne(ကလေးငယ်ဝက်ခြံ)က အဖြစ်နည်းပြီး neonatal acne (မွေးကင်းစဝက်ခြံ)တွေကတော့ ပိုအတွေ့များတယ်။ infantile acne […]
မွေးကင်းစ ဝက်ခြံ(neonatal acne)ဆိုတာ မွေးကင်းစကလေးငယ်တွေရဲ့ မျက်နှာမှာ ဖြစ်ပေါ်လာတဲ့ ရဲနေတဲ့ ဝက်ခြံလေးတွေကို ခေါ်တယ်။ များသောအားဖြင့် pimples ပုံစံ ဝက်ခြံတွေ ပါး၊နဖူး၊မေးစေ့ စတဲ့နေရာမှာ ဖြစ်တယ်။ မွေးဖွားပြီး အသက် ၂ ပတ်အရွယ်ကနေ ၁ လအတွင်းဖြစ်လေ့ရှိတယ်။ မွေးကင်းစဝက်ခြံအများစုဟာ ရက်သတ္တပတ်အနည်းငယ်ပဲ ကြာတတ်ပြီး သူ့ဘာသာ ပြန်လည်ပျောက်ကင်းနိုင်တယ်။ Neonatal acne ကို acne neonatorum လည်း ခေါ်ကြတယ်။ မွေးဖွားပြီးစ ကလေးငယ်ရဲ့ ၅ပုံတစ်ပုံမှာ ပုံမှန်အတိုင်း တွေ့ရတတ်ပါတယ်။ မွေးဖွားပြီးနောက် ကလေးငယ်ရဲ့သွေးကြောမှာ ဆက်လက်လည်ပတ်နေဆဲ မိခင်ဟော်မုန်းက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ယူဆကြတယ်။ ဒီဟော်မုန်းကြောင့် အဆီထွက်တာများလာပြီး မွှေးညင်းပါက်၊ ချွေးပေါက်ထဲမှာ အဆီပိတ်ဆို့လာရာက ဝက်ခြံအနီအစက်လေးတွေ ပေါ်ပေါက်လာတယ်။ မိခင်နို့နဲ့လည်း သက်ဆိုင်တတ်တယ်။ […]